What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အထည်ချုပ်စက်ရုံများ ကုန်ထုတ်စွမ်းအားမြင့်တက်လာစေရန် Industrial Engineering အွန်လိုင်းသင်တန်း ဖွင့်လှစ်မည်

အထည်ချုပ်စက်ရုံ လုပ်ငန်းကဏ္ဍအတွင်း ထိရောက်သော ကုန်ထုတ်စွမ်းအားများ အကျိုးရှိစွာဖြစ်ထွန်းလာစေရန် ပထမဆုံးသော Industrial Engineering အွန်လိုင်းသင်တန်းကို အောင်မြင်မှုသင်တန်းကျောင်းမှ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

IE အင်ဂျင်နီယာများအနေဖြင့် အဆိုပါသင်တန်းတွင် လေ့ကျင့်သင်ကြားခြင်းဖြင့် ထိရောက်သော ကုန်ထုတ်စွမ်းအား၊ လုပ်ငန်းပိုင်းဆိုင်ရာ ခက်ခဲကြန့်ကြာမှုများ ဖယ်ရှားခြင်းဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်များ လျော့ကျပေးနိုင်ခြင်းနှင့် ထုတ်ကုန်များအချိန်မီ ပြီးစီးဆောင်ရွက်နိုင်ခြင်း စသည့် အကျိုးရလဒ်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားရခြင်းဖြစ်ကြောင်း သိရပါတယ်။

 

" မြန်မာနိုင်ငံရှိအထည်ချုပ်စက်ရုံတွေကို သုံးနှစ်ကျော်ကြာ လေ့လာပြီးနောက်မှာ စက်ရုံလုပ်ငန်းရှင်တွေအနေနဲ့ IE လုပ်ငန်းပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ရှိနေသေးတာ တွေ့ရသလို နောက် အောင်မြင်မှုသင်တန်းကနေ လေ့ကျင့်သင်ကြားရင်း အသုံးပြုမှုပိုင်းတွေ အားနည်းနေတာ တွေ့ရပါတယ်။ မြန်မာရဲ့အဓိက စိန်ခေါ်မှုတစ်ခုက ကျွမ်းကျင်တဲ့ IE တွ သင်ကြားခြင်းမရှိတဲ့အတွက် စက်ရုံအတွင်း ရှုပ်ထွေးသောအရာတွေကို စီမံခန့်ခွဲမှုပိုင်းမှာ အားနည်းနေသေးတာတွေ ဖြစ်ပေါ်လျက် ရှိပါတယ်။ အခုလို မသိရှိတဲ့အတွက် ထုတ်ကုန်ပိုင်းမှာ အကျိုး သက်ရောက်မှုများစွာ ဖြစ်ပွားပြီးတော့ ပြဿနာတစ်ရပ်ဖြစ်လာရင် ဘယ်လိုဖြေရှင်း ဆောင်ရွက်ရမလဲဆိုတာ နားလည်တတ်ကျွမ်းဖို့ လိုအပ်နေပါသေးတယ်။ အထည်ချုပ်စက်ရုံများအနေနဲ့ ထုတ်လုပ်မှုပိုင်းမှာ များစွာထိခိုက်မှုကြုံတွေ့ခဲ့ရသော နှစ်တစ်နှစ်ဖြစ်သွားခဲ့သည့် အတွက် လုပ်ငန်းပိုင်းတွေ ပြန်လည်ဦးမော့နိုင်စေဖို့ ပထမအဆင့် ခြေလှမ်းအနေနဲ့ ယခု IE အတန်းဟာ စက်ရုံတွေကို များစွာ မဟာဗျူဟာ နည်းစနစ်ကျကျ အရွေ့တစ်ခုအနေနဲ့ အထောက်အကူပြုနိုင်မယ့်အချိန်တစ်ခုလည်း ဖြစ်ပါတယ်” လို့အောင်မြင်မှု သင်တန်းကျောင်းမှ Program Director ဖြစ်သူ မစ္စ Suz Tym က ပြောပါတယ်။

Image may contain: 1 person

 

အလုပ်သမားများ၊ စက်ပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများ ကိုင်တွယ်အသုံးပြုခြင်း၊ လုပ်ငန်းခွင်ဆိုင်ရာ ဗဟုသုတသတင်းအချက်အလက် နှင့် စွမ်းအင်တို့ကို ထိရောက်စွာ အဓိကထား သင်ကြားမည်ဖြစ်ပြီး 6 S အကြောင်းအရာများ (Sort, Set in Order, Shine, Standardize, Sustain and Safety)၊ ပြောဆိုဆက်ဆံမှုပိုင်း၊ ပြသနာများဖြေရှင်း ဆောင်ရွက်ပုံ၊ ဦးဆောင်မှုပိုင်း၊ ထုတ်ကုန်တိုင်းတာ တွက်ချက်မှု၊ ထုတ်ကုန်လိုင်းများ စီမံခန့်ခွဲမှုနှင့် အရည်အသွေးပိုင်းဆိုင်ရာ စွမ်းဆောင်မှုများ စသည်တို့ သင်ကြားသွားမည်ဖြစ်ကြောင်းသိရပါတယ်။

 

အစိုးရ၏ Stay Home ညွှန်ကြားချက်အရ အောင်မြင်မှုသင်တန်းကျောင်းအား လတ်တလောတွင် ယာယီ ခေတ္တရပ်နားထားသည့်အချိန်  တွင် အွန်လိုင်းသင်ကြားမှုအစီအစဉ်ကို အကောင်အထည်ရန် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အသေးစိတ်သိရှိလိုပါက  အောင်မြင်မှု - Aung Myin Hmu Facebook စာမျက်နှာသို့ ဝင်ရောက် ဖတ်ရှု့နိုင်တယ်လို့ သိရပါတယ်။

 

#MyanmarLabourNews

Read 742 times
Rate this item
(0 votes)