What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အစိုးရက ပြဌာန်းထားတဲ့ အလုပ်သမား ဥပဒေပါ ခွင့်ရက်များကို အလုပ်သမားများသိရှိမှု အားနည်းနေ

အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ပြဌာန်းထားတဲ့ အလုပ်သမား ဥပဒေပါခံစားခွင့်တွေကို အလုပ်သမားတွေ အနေနဲ့ သိရှိမှု အားနည်းနေတာကြောင့် အခွင့်အရေးတွေ ဆုံးရှုံးနေရတယ် လို့ Charming အထည်ချုပ်စက်ရုံ အခြေခံအလုပ်သမားသမဂ္ဂ အတွင်းရေးမှူး ဒေါ်ဇင်မာမျိုးက ‌ပြောပါတယ်။

 

စက်ရုံ၊ အလုပ်ရုံတွေက အလုပ်သမားတွေအနေနဲ့ ဥပဒေပါ ခွင့်ခံစားခွင့်တွေကို သိရှိမှုအားနည်းတာ ကြောင့် အလုပ်ရှင်တွေဘက်က ခွင့်ရက်တွေကို အပြည့်အဝမပေးတာနဲ့ ခွင့်ရယူရမယ့်ပုံစံတွေကို သိရှိမှု အားနည်းမှုကြောင့် အငြင်းပွားမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

 

“အလုပ်သမားတွေ အနေနဲ့လည်း အစိုးရက သတ်မှတ်ခံစားခွင့် ပြုထားတဲ့ ခွင့်ရက်တွေကို သိရှိဖို့ လို တယ်။ အခုဆို အလုပ်သမား အဖွဲ့အစည်းတွေကလည်း သင်တန်းတွေ ပေးနေတယ်။ ဒီသင်တန်းတွေ ကလည်း ကိုယ်တွေအတွက် ပြဌာန်းထားတဲ့ ဥပဒေပါ ရပိုင်ခွင့်တွေကို သိရှိနိုင်ပါတယ်။ အခုကျ အလုပ် သမားတွေဘက်ကလည်း ခွင့်ရယူရတဲ့ပုံစံတွေကို မသိတော့ အလုပ်ထဲ စကားများရတာတွေ၊ ခံစားခွင့် ဆုံးရှုံးရတာတွေ ရှိတယ်”လို့ Charming အထည်ချုပ်စက်ရုံအခြေခံအလုပ်သမားသမဂ္ဂ အတွင်းရေး မှူး ဒေါ်ဇင်မာမျိုးက ‌ပြောပါတယ်။

 

အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အနေနဲ့ အလုပ်သမားတစ်ဦးကို ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့်၊ ဆေးခွင့်အစရှိသည့် ခွင့်ရက်များကို ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ် ရက် ဥပဒေအရ ခံစားနိုင်တယ်လို့ ပြဌာန်းထားပါတယ်။

 

“တနင်္ဂနွေ ပုံမှန်ပိတ်တာတော့ သိတယ်။ ကျန်တဲ့နေ့တွေတော့ သိပ်မသိဘူး၊ သင်္ကြန်တို့၊ သီတင်းကျွတ် တို့ ပိတ်ရက်တွေသိတယ်၊ အခုဆို စနေ၊ တနင်္ဂနွေခံရင် ထပ်တိုးပိတ်ပေးတယ်ဆိုတာ ကြားပေမယ့် သေချာမသိဘူး”လို့ အထည်ချုပ် အလုပ်သမား မသန္တာက ပြောပါတယ်။

 

ဝန်ကြီးဌာနက ပြဌာန်းထားတဲ့ ဥပဒေတွေကို အလုပ်သမားတွေ အနေနဲ့ သိရှိမှု အားနည်းတာကြောင့် အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက အသိပညာပေးတာတွေ လုပ်ဆောင် နေပါတယ်။ ဒီလိုလုပ်ဆောင်နေပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လွှမ်းခြုံနိုင်ဖို့ လိုအပ်ချက်တွေရှိနေ တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

 

#CharmingUnion
#MyanmarLabourNews

Read 865 times
Rate this item
(0 votes)