What's new

×

Warning

JUser: :_load: Unable to load user with ID: 845


GSP အခွင့်အရေးရုပ်သိမ်းခံရမည်ဆိုပါက မြန်မာ့အထည်ချုပ်လုပ်ငန်းများအတွက် အခက်အခဲဖြစ်လာနိုင်

GSP အခွင့်အရေးရုပ်သိမ်းခံရမည်ဆိုပါက မြန်မာ့အထည်ချုပ်လုပ်ငန်းများအတွက် အခက်အခဲဖြစ်လာနိုင် google

        ကုန်သွယ်မှု အထူးအခွင့် အရေး (GSP) မရုပ်သိမ်းစေရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် အ လုပ်သမားသမဂ္ဂ အဖွဲ့များ ပူး ပေါင်းကာ ဥရောပသမဂ္ဂအဖွဲ့ (အီးယူ)သို့ လက်မှတ်ထိုးတောင်းဆိုမည်ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော် မင်းဝင်းက ပြောသည်။

        GSP အခွင့်အရေး ကာ ကွယ်ရန် ကုန်သည်စက်မှုအသင်း ချုပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ဆွေးနွေးပွဲတစ်ခုကို ဒီဇင်ဘာ ၁၇ ရက်က ပြုလုပ်ခဲ့ သည်။ အလုပ်ရှင်နှင့် အလုပ် သမားများအကြား ပဋိပက္ခအချို့ ရှိနေသော်လည်း GSP အခွင့်အ ရေး ကာကွယ်ရေး ဆောင်ရွက် ရန် လက်ရှိဆွေးနွေးပွဲကို ပူးပေါင်း ကျင်းပခြင်း ဖြစ်သည်ဟု ကုန်သည်၊ စက်မှုအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင် လေးက ပြောသည်။

‘‘ဒီနေ့ ကျင်းပရတဲ့ အခမ်း အနား ရည်ရွယ်ချက်ကတော့ ဆွေးနွေးပွဲကို တက်ရောက်ပါဝင် သူတွေ GSP ပြန်လည်မရုပ်သိမ်း ရေးကို ဝိုင်းဝန်းပြီး ထောက်ခံသွား ဖို့ပါ’’

ဟု ဦးဇော်မင်းဝင်းက ပြော သည်။

        GSP အခွင့်အရေး ကာ ကွယ်ရန် အလုပ်ရှင်များသာမက အလုပ်သမားကိုယ်စားလှယ်များ ကလည်း တက်ညီ၊ လက်ညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ် နေပြီဟု ဦးဇော်မင်းဝင်းက ပြော ကြားသည်။

        GSP အခွင့်အရေး ရုပ်သိမ်း ခံရမည်ဆိုပါက ၂၀၁၃ နောက် ပိုင်း တိုးတက်လာသည့် မြန်မာ့ အထည်ချုပ်လုပ်ငန်းများအတွက် အခက်အခဲဖြစ်လာပြီး လေးသိန်း ကျော်သော အလုပ်သမားများ အ လုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးနိုင်သည်ဟု မြန်မာနိုင်ငံလုံးဆိုင် ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်က ပြော သည်။

        မြန်မာနိုင်ငံတွင် အထည် ချုပ် လုပ်ငန်းကဏ္ဍမှ ၂၀၁၇ တွင် ကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ ပြည်ပသို့ တင်ပို့ထားပြီးယခုနှစ်တွင်လည်း ပြည်ပတင်ပို့မှု ၃ ဒသမ ၃ ဘီလီယံရှိမည်ဟု ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအ သင်း အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းက ပြောသည်။

        ယခုနှစ် အထည်ချုပ်ကဏ္ဍ ဖွံ့ဖြိုးမှုအခြေအနေသည် ပြီးခဲ့ သည့်နှစ်ထက် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအ ကြားရှိနေသည်။အထည်ချုပ် ကဏ္ဍ၏ ၅၀ ရာခိုင်နှုန်းကျော်သော ချုပ်ထည်ပြည်ပ တင်ပို့မှုက အီးယူဈေးကွက်သို့ တင်ပို့နေကြောင်း ၎င်းက ပြော ကြားသည်။

        လက်ရှိ ချည်မျှင်နှင့် အထည်ချုပ်လုပ်ငန်းကဏ္ဍရှိ လုပ်သား ဦးရေသည် မြန်မာနိုင်ငံ လူဦးရေ စုစုပေါင်း၏ ၂ ရာခိုင်နှုန်းခန့်ရှိ သည်။ လူဦးရေ ၅၄ သန်းခန့်ရှိ သော မြန်မာနိုင်ငံတွင် လုပ်သား၁ ဒသမ ၁ သန်းက ချည်မျှင်နှင့် အ ထည်ချုပ်ကဏ္ဍတွင် လုပ်ကိုင်နေသည်။ ထို့အပြင် လုပ်သားအများ စုသည် အဆင့်မြင့်ပညာရေးကို လက်လှမ်းမမီသော အမျိုးသမီး များ ဖြစ်နေသည်ဟု မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှုအ လုပ်သမားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင်က ပြောသည်။

        GSP အခွင့်အရေးသည် လုပ်ငန်းခွင်  ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် အလုပ်သမားများ အလုပ်ရရှိမှုနှင့်  သက်ဆိုင်နေ ကြောင်း ၎င်းက ဆိုသည်။ GSP အခွင့်အရေးကာကွယ်ရေးသည် အလုပ်သမား အဖွဲ့အစည်းများအတွက်လည်း အရေးပါသည်ဟု ဆိုသည်။

Source:7day Daily

Read 1090 times
Rate this item
(0 votes)
Tagged under