What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အာဆီယံ ၂၀၁၈ ခန္႔မွန္းခ်က္

zaw+uni

အာဆီယံ စီးပြားေရး ၂၀၁၈ ခုႏွစ္အေျခ အေနကုိ ဆန္းစစ္ၿပီး ႀကိဳတင္ခန္႔မွန္းၾကတာမွာ အေကာင္းေမွ်ာ္ထားၾကတာ မ်ားပါတယ္။ အာရွ ဟာ က်ားအျဖစ္ ဆက္လက္ သြက္လက္ေတာင့္ တင္းေနဦးမယ္။ FocusEconomics မွ ခန္႔မွန္း တာမွာ ေဒသတြင္း ဂ်ီဒီပီဟာ ၂၀၁၃ ခုႏွစ္ ေနာက္ပုိင္း အျမန္ဆန္ဆုံး ႀကီးထြားမႈ ရရွိမယ္။


တစ္ႏုိင္ငံခ်င္းအရ ၾကည့္ရင္ ျမန္မာႏုိင္ငံ စီးပြားေရးဟာ ပုဂၢလိကက႑ရဲ႕ စြမ္းေဆာင္ ရည္ေၾကာင့္ လာမယ့္ႏွစ္မွာ ႀကီးထြားမႈ အျမန္ ဆန္ဆုံး ျဖစ္မယ္။ ၇.၄% ႀကီးထြားမယ္လုိ႔ ခန္႔ မွန္းထားတယ္။ ဒုတိယေနရာမွာ ကေမ႓ာဒီယား ႏုိင္ငံ ရွိေနတယ္။ ႀကီးထြားႏႈန္း ေႏွးေကြးမယ့္ ႏုိင္ငံက ဘ႐ူႏုိင္းႏုိင္ငံ ျဖစ္ပါတယ္။ ၁.၅% မွ်သာ ရွိမယ္လုိ႔ ခန္႔မွန္းထားပါတယ္။ စင္ကာပူ ဟာ ရင့္က်က္ၿပီး စီးပြားေရးျဖစ္တာမုိ႔ ၂.၆% မွ်သာ တုိးႏုိင္မယ္လုိ႔ ေမွ်ာ္မွန္းထားပါတယ္။ ထုိင္းႏုိင္ငံက ၃.၅%၊ မေလးရွားက ၄.၉%နဲ႔ အင္ဒုိနီးရွားက ၅.၃% အသီးသီး တုိးမယ္လုိ႔ ေမွ်ာ္မွန္းထားပါတယ္။
ျမန္မာႏုိင္ငံဟာ စီးပြားေရးအေၾကာင္း သတင္းေကာင္းေတြ ထြက္ေပၚေနေပမဲ့ စီးပြား ေရးလုပ္ကုိင္ဖုိ႔ ယုံၾကည္စိတ္ခ်ရတဲ့၀န္းက်င္လုိ႔ ယူဆထားျခင္းေတြ အနည္းဆုံးသုိ႔ ေလ်ာ့က် ေနတယ္။ အလုပ္အကုိင္ တုိးခ်ဲ႕ ခန္႔ထားႏုိင္ျခင္း လည္း ေလ်ာ့က်ေနတယ္။
ရခုိင္ျပည္နယ္ အေရးအခင္းေၾကာင့္ နာ မည္ေကာင္း မရတဲ့အျဖစ္ရဲ႕ သက္ေရာက္မႈဟာ စီးပြားေရးထဲမွာ အက်ဳိးရလဒ္ မျဖစ္ေပၚေသး ဘူး။ ကမ႓ာဘဏ္က ဘတ္ဂ်က္ရန္ပုံေငြ အေမရိ ကန္ေဒၚလာ သန္း ၂၀၀ ကုိ ဆုိင္းငံ့ထား လုိက္တာကုိ ႀကံဳရတယ္။
ျမန္မာႏုိ္င္ငံကုိ ဘယ္အတုိင္းအတာအထိ ဖိအားေပးၿပီး ကန္႔သတ္ပိတ္ပင္မႈေတြ ျပဳလာ ၾကမလဲဆုိတာကုိ ရင္းႏွီးျမႇဳပ္ႏွံသူေတြ အသာ ေစာင့္ၾကည့္ၾကတဲ့ အေျခအေနကုိ ေရာက္ရွိ သြားႏုိင္ပါတယ္။
ကမၻာဘဏ္က အာရွအေရွ႕ဖ်ားနဲ႔ ပစိ ဖိတ္ကုိ ခန္႔မွန္းတာမွာ တ႐ုတ္ျပည္ဟာ ၂၀၁၇ ခုႏွစ္ ဘ႑ာေရးႏွစ္မွာ ႀကီးထြားႏႈန္း ၆.၄% ရ မွာျဖစ္ၿပီး ၂၀၁၈ ခုႏွစ္မွာ ၆.၂% ရမယ္။
ၿပီးခဲ့တဲ့ ဧၿပီလ ဘ႑ာေရးႏွစ္အစမွာ ခန္႔ မွန္းတာထက္ ပုိတုိးေပးလုိက္တာ ျဖစ္ပါတယ္။ အဲဒီတုန္းက ၂၀၁၇ ခုႏွစ္အတြက္ ၆.၂% နဲ႔ ၂၀၁၈ ခုႏွစ္အတြက္ ၆.၁% တုိ႔ ျဖစ္ပါတယ္။
ေဒသတြင္းမွာ စုိးရိမ္စရာအျဖစ္ ပထ၀ီႏုိင္ ငံေရး တင္းမာမႈမ်ားနဲ႔ အမ်ဳိးသားစီးပြား ကာ ကြယ္မႈ မ်ားလာမည့္အေရးတုိ႔ ျဖစ္ပါတယ္။ ပထ၀ီႏုိင္ငံေရး ျပႆနာက ေျမာက္ကုိရီးယားရဲ႕ လက္နက္စမ္းသပ္မႈမ်ားနဲ႔ အေမရိကန္ သမၼတ ရဲ႕ ေျမာက္ကုိရီးယားအေပၚ အေရးယူတုံ႔ျပန္ပုံ တုိ႔အေပၚ မူတည္ေနပါတယ္။
အမ်ဳိးသားစီးပြား ကာကြယ္မႈေတြကေတာ့ မိမိႏုိင္ငံတြင္ ျပဳလုပ္သည္ဆုိတဲ့ ေၾကြးေၾကာ္သံ အရ ျပည္တြင္းထုတ္လုပ္မႈမ်ားကုိ အားေပးၿပီး ျပည္တြင္းလုပ္ငန္းမ်ားကုိ ကာကြယ္ေပးတာ ျဖစ္လုိ႔ ကမ႓ာ့ကုန္သြယ္ေရးကုိ ေႏွးေစခဲ့ပါတယ္။
ကမ႓ာ့ဘဏ္က အေရွ႕ေတာင္အာရွမွ ႏုိင္ငံအခ်ဳိ႕ရဲ႕ ႀကီးထြားႏႈန္းကုိ ေလွ်ာ့ခ်ၿပီး ျပင္ ဆင္ခန္႔မွန္းခဲ့ပါတယ္။ ျမန္မာႏုိင္ငံကုိ ၂၀၁၇ ခုႏွစ္နဲ႔ ၂၀၁၈ ခုႏွစ္ ႏွစ္ခုစလုံးအတြက္ ၀.၅% စီ ေလွ်ာ့ခ်ခန္႔မွန္းပါတယ္။ ၂၀၁၇ ခုႏွစ္ကုိ ၆.၄ ရာခုိင္ႏႈန္းနဲ႔ ၂၀၁၈ ခုႏွစ္ကုိ ၆.၇ ရာခုိင္ႏႈန္း ရွိ မယ္လုိ႔ ခန္႔မွန္းထားပါတယ္။ အစုိးရရဲ႕ စီးပြား ေရး ဘယ္လုိ ကုိင္တြယ္လုပ္ကုိင္ေပးသြားမလဲ ဆုိတာ ရွင္းရွင္းလင္းလင္း မသိရတဲ့အတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈေတြအတြက္ ေစာင့္ၾကည့္ၾကရဦး မွာမုိ႔ ေႏွးေကြးေနမယ္လုိ႔ ဆုိပါတယ္။ ရခုိင္ျပည္ နယ္အေရးအေပၚ ႏုိင္ငံတကာမွ ဘယ္လုိအေရး ယူတုံ႔ျပန္ၾကမလဲဆုိတာကုိလည္း ေစာင့္ၾကည့္ ၾကရဦးမွာ ျဖစ္တယ္။
အင္ဒုိနီးရွားႏုိင္ငံရဲ႕ ဂ်ီဒီပီ ႀကီးထြားႏႈန္းကုိ FocusEconomics က ၂၀၁၈ ခုႏွစ္မွာ ၅.၃% ရရွိမယ္လုိ႔ ခန္႔မွန္းထားပါတယ္။ ျပႆနာ ျဖစ္ လာႏုိင္တာက ၂၀၁၉ ခုႏွစ္မွာ က်င္းပမယ့္ ေရြးေကာက္အပြဲ အႀကိဳႏွစ္အျဖစ္ ၂၀၁၈ ခုႏွစ္ မွာ ႏုိင္ငံေရးဆူညံသံမ်ား ထြက္ေပၚလာမွာ ျဖစ္ပါတယ္။ တုိင္းျပည္စီးပြားေရးထက္ႏုိင္ငံေရး ကုိ ပုိအေလးျပဳၾကမွာ ျဖစ္လုိ႔ စီးပြားေရး ေႏွးက် သြားႏုိင္ပါတယ္။
ကေမၻာဒီယားႏုိင္ငံဟာ အထည္ခ်ဳပ္နဲ႔ ဖိနပ္ခ်ဳပ္ လုပ္ငန္းနယ္ပယ္ရဲ႕ ျပည္ပတင္ပုိ႔မႈ ခုိင္မာေနေပမဲ့ အထည္ခ်ဳပ္စက္႐ုံေတြမွာအလုပ္ သမေတြ နစ္နာမႈ ရွိေနတဲ့အေပၚ ျပည္ပ လုပ္ငန္းႀကီးေတြ လက္တြန္႔မယ့္အေရး ရွိေန တယ္။ ခရီးသြားလုပ္ငန္း တုိးတက္ခုိင္မာလာ ေနတယ္။ လာမယ့္ႏွစ္မွာ ေရြးေကာက္ပြဲ ရွိေန တာမုိ႔ ႏုိင္ငံေရးနဲ႔ လူမႈေရး မတည္မၿငိမ္ ျဖစ္လာ ႏုိင္စရာ ရွိေနတယ္။ ဒါေပမဲ့ လက္ရွိအရွိန္အဟုန္ အရ ၂၀၁၈ ခုႏွစ္မွာ ၆.၈% ႀကီးထြားမယ္လုိ႔ FocusEconomics က ခန္႔မွန္းထားတယ္။
ထုိင္းႏုိင္ငံ စစ္အစုိးရက ေရြးေကာက္ပြဲကုိ ၂၀၁၈ ခုႏွစ္ ႏုိ၀င္ဘာလမွ က်င္းပေပးမယ္လုိ႔ ေၾကညာထားတယ္။ စားသုံးသူတုိ႔ တစ္ဦးခ်င္း ၀ယ္ယူသုံးစြဲမႈ ျပန္လည္အားေကာင္းလာေပမဲ့ အိမ္ေထာင္စုအရၾကည့္ရင္ အေၾကြး၀ယ္ယူထား တာေတြ ျမင့္မားေနတာမုိ႔ အရွိန္တက္ဖုိ႔ လုိဦး မယ္လုိ႔ ခန္႔မွန္းထားၾကတယ္။ ၂၀၁၈ ခုႏွစ္မွာ စီးပြားေရး ၃.၅% ႀကီးထြားမယ္လုိ႔ Focus Economics က ခန္႔မွန္းထားပါတယ္။
လာအုိႏုိင္ငံဟာ အေျခခံ အေဆာက္အဦ မွာ အစုိးရမွ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ျပဳေပးေနၿပီး ကုန္သြယ္ဖက္ ႏုိင္ငံမ်ားထံမွာ ၀ယ္လုိအား ျမင့္ တက္ေနတာကုိ ရထားတဲ့အတြက္ ခုိင္မာတဲ့ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကုိ ရရွိေနတယ္။ ၂၀၁၈ ခုႏွစ္မွာ တုိင္းျပည္စီးပြားေရး ၇.၂% ႀကီးထြား မယ္လုိ႔ FocusEconomics က ခန္႔မွန္းထားပါ တယ္။ အစုိးရ ဘ႑ာေရး လုိေငြျပျခင္းကုိ အခြန္ေကာက္ခံပုံ ျပဳျပင္ေျပာင္းလဲျခင္းနဲ႔ ေခတ္ နဲ႔အညီ ျဖစ္ေစေရးတုိ႔ျဖင့္ ေဆာင္ရြက္ကာ လုိေငြျပေနတဲ့ပမာဏ ေလ်ာ့နည္းေအာင္ ေဆာင္ရြက္သြားမယ္လုိ႔ ဆုိပါတယ္။
ဗီယက္နမ္ႏုိင္ငံဟာ ျပည္ပတင္ပုိ႔မႈ ခုန္ တက္သြားခဲ့ၿပီး ကုန္သြယ္ေရးပုိေငြ ပုိမ်ားေစခဲ့ ပါတယ္။ လက္လီအေရာင္းကလည္း ဂဏန္းႏွစ္ လုံး ႏႈန္းထားျဖင့္ ျမင့္တက္ေနတယ္။ ပုဂၢလိက က႑မွာ အေၾကြးစနစ္ျဖင့္ ၀ယ္ယူျခင္းကုိ အား ေပးတဲ့အတြက္ တစ္ဦးခ်င္း ၀ယ္လုိအား ျမင့္ တက္လာေနပါတယ္။ ျပည္ပတုိက္႐ုိက္ရင္းႏွီး ျမႇဳပ္ႏွံမႈမ်ားလည္း ပုိမုိစီး၀င္ေနၿပီး တစ္ႏွစ္ထက္ တစ္ႏွစ္ ၁၀ ရာခုိင္ႏႈန္း၀န္းက်င္ တုိးေနပါတယ္။ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ျပည္ပတင္ပုိ႔မႈ တုိးျမႇုင့္ ေပးျခင္းျဖင့္ ႏွစ္စဥ္ႀကီးထြားႏႈန္းကုိ ၆.၅%မွ ၆.၇% အထိ ရရွိေအာင္ လုပ္ေဆာင္ဖုိ႔ အစီ အစဥ္ကုိ ခ်မွတ္ထားပါတယ္။ ေငြေဖာင္းပြမႈႏႈန္း ကုိ ၄%မွာ ထိန္းထားဖုိ႔ ရည္မွန္းထားပါတယ္။ မက္ခ႐ုိစီးပြား တည္ၿငိမ္မႈကုိ ထိန္းသိမ္းေပးဖုိ႔ကုိ လည္း လုပ္ေဆာင္ေပးလ်က္ ရွိပါတယ္။
ဘဏ္လုပ္ငန္းက႑မွာ ေၾကြးဆုံးေခ်းေငြ မ်ား ရွိလာျခင္း၊ ပုဂၢလိကက႑တြင္ ေခ်းေငြမ်ား ရယူမႈ ျမင့္တက္လာျခင္းတုိ႔ကုိ ေရတုိျပႆနာ မ်ားအျဖစ္ ရင္ဆုိင္ေျဖရွင္းေနတယ္။ Focus Economics ရဲ႕ ခန္႔မွန္းခ်က္က ၂၀၁၈ ခုႏွစ္မွာ စီးပြားေရး ၆.၄% ရရွိမယ္လုိ႔ ဆုိပါတယ္။

 

myanmar economy data

 

အာဆီယံ ၂၀၁၈ ခန့်မှန်းချက်
================
အာဆီယံ စီးပွားရေး ၂၀၁၈ ခုနှစ်အခြေ အနေကို ဆန်းစစ်ပြီး ကြိုတင်ခန့်မှန်းကြတာမှာ အကောင်းမျှော်ထားကြတာ များပါတယ်။ အာရှ ဟာ ကျားအဖြစ် ဆက်လက် သွက်လက်တောင့် တင်းနေဦးမယ်။်သခကျခြသညသာငချ မှ ခန့်မှန်း တာမှာ ဒေသတွင်း ဂျီဒီပီဟာ ၂၀၁၃ ခုနှစ် နောက်ပိုင်း အမြန်ဆန်ဆုံး ကြီးထွားမှု ရရှိမယ်။
တစ်နိုင်ငံချင်းအရ ကြည့်ရင် မြန်မာနိုင်ငံ စီးပွားရေးဟာ ပုဂ္ဂလိကကဏ္ဍရဲ့ စွမ်းဆောင် ရည်ကြောင့် လာမယ့်နှစ်မှာ ကြီးထွားမှု အမြန် ဆန်ဆုံး ဖြစ်မယ်။ ၇.၄% ကြီးထွားမယ်လို့ ခန့် မှန်းထားတယ်။ ဒုတိယနေရာမှာ ကမ္ဘောဒီယား နိုင်ငံ ရှိနေတယ်။ ကြီးထွားနှုန်း နှေးကွေးမယ့် နိုင်ငံက ဘရူနိုင်းနိုင်ငံ ဖြစ်ပါတယ်။ ၁.၅% မျှသာ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ စင်ကာပူ ဟာ ရင့်ကျက်ပြီး စီးပွားရေးဖြစ်တာမို့ ၂.၆% မျှသာ တိုးနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ ထိုင်းနိုင်ငံက ၃.၅%၊ မလေးရှားက ၄.၉%နဲ့ အင်ဒိုနီးရှားက ၅.၃% အသီးသီး တိုးမယ်လို့ မျှော်မှန်းထားပါတယ်။
မြန်မာနိုင်ငံဟာ စီးပွားရေးအကြောင်း သတင်းကောင်းတွေ ထွက်ပေါ်နေပေမဲ့ စီးပွား ရေးလုပ်ကိုင်ဖို့ ယုံကြည်စိတ်ချရတဲ့ဝန်းကျင်လို့ ယူဆထားခြင်းတွေ အနည်းဆုံးသို့ လျော့ကျ နေတယ်။ အလုပ်အကိုင် တိုးချဲ့ ခန့်ထားနိုင်ခြင်း လည်း လျော့ကျနေတယ်။
ရခိုင်ပြည်နယ် အရေးအခင်းကြောင့် နာ မည်ကောင်း မရတဲ့အဖြစ်ရဲ့ သက်ရောက်မှုဟာ စီးပွားရေးထဲမှာ အကျိုးရလဒ် မဖြစ်ပေါ်သေး ဘူး။ ကမ္ဘာဘဏ်က ဘတ်ဂျက်ရန်ပုံငွေ အမေရိ ကန်ဒေါ်လာ သန်း ၂၀၀ ကို ဆိုင်းငံ့ထား လိုက်တာကို ကြုံရတယ်။
မြန်မာနို်င်ငံကို ဘယ်အတိုင်းအတာအထိ ဖိအားပေးပြီး ကန့်သတ်ပိတ်ပင်မှုတွေ ပြုလာ ကြမလဲဆိုတာကို ရင်းနှီးမြှုပ်နှံသူတွေ အသာ စောင့်ကြည့်ကြတဲ့ အခြေအနေကို ရောက်ရှိ သွားနိုင်ပါတယ်။
ကမ္ဘာဘဏ်က အာရှအရှေ့ဖျားနဲ့ ပစိ ဖိတ်ကို ခန့်မှန်းတာမှာ တရုတ်ပြည်ဟာ ၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ ကြီးထွားနှုန်း ၆.၄% ရ မှာဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ၆.၂% ရမယ်။
ပြီးခဲ့တဲ့ ဧပြီလ ဘဏ္ဍာရေးနှစ်အစမှာ ခန့် မှန်းတာထက် ပိုတိုးပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီတုန်းက ၂၀၁၇ ခုနှစ်အတွက် ၆.၂% နဲ့ ၂၀၁၈ ခုနှစ်အတွက် ၆.၁% တို့ ဖြစ်ပါတယ်။
ဒေသတွင်းမှာ စိုးရိမ်စရာအဖြစ် ပထဝီနိုင် ငံရေး တင်းမာမှုများနဲ့ အမျိုးသားစီးပွား ကာ ကွယ်မှု များလာမည့်အရေးတို့ ဖြစ်ပါတယ်။ ပထဝီနိုင်ငံရေး ပြဿနာက မြောက်ကိုရီးယားရဲ့ လက်နက်စမ်းသပ်မှုများနဲ့ အမေရိကန် သမ္မတ ရဲ့ မြောက်ကိုရီးယားအပေါ် အရေးယူတုံ့ပြန်ပုံ တို့အပေါ် မူတည်နေပါတယ်။
အမျိုးသားစီးပွား ကာကွယ်မှုတွေကတော့ မိမိနိုင်ငံတွင် ပြုလုပ်သည်ဆိုတဲ့ ကြွေးကြော်သံ အရ ပြည်တွင်းထုတ်လုပ်မှုများကို အားပေးပြီး ပြည်တွင်းလုပ်ငန်းများကို ကာကွယ်ပေးတာ ဖြစ်လို့ ကမ္ဘာ့ကုန်သွယ်ရေးကို နှေးစေခဲ့ပါတယ်။
ကမ္ဘာ့ဘဏ်က အရှေ့တောင်အာရှမှ နိုင်ငံအချို့ရဲ့ ကြီးထွားနှုန်းကို လျှော့ချပြီး ပြင် ဆင်ခန့်မှန်းခဲ့ပါတယ်။ မြန်မာနိုင်ငံကို ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ် နှစ်ခုစလုံးအတွက် ဝ.၅% စီ လျှော့ချခန့်မှန်းပါတယ်။ ၂၀၁၇ ခုနှစ်ကို ၆.၄ ရာခိုင်နှုန်းနဲ့ ၂၀၁၈ ခုနှစ်ကို ၆.၇ ရာခိုင်နှုန်း ရှိ မယ်လို့ ခန့်မှန်းထားပါတယ်။ အစိုးရရဲ့ စီးပွား ရေး ဘယ်လို ကိုင်တွယ်လုပ်ကိုင်ပေးသွားမလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုတွေအတွက် စောင့်ကြည့်ကြရဦး မှာမို့ နှေးကွေးနေမယ်လို့ ဆိုပါတယ်။ ရခိုင်ပြည် နယ်အရေးအပေါ် နိုင်ငံတကာမှ ဘယ်လိုအရေး ယူတုံ့ပြန်ကြမလဲဆိုတာကိုလည်း စောင့်ကြည့် ကြရဦးမှာ ဖြစ်တယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ ဂျီဒီပီ ကြီးထွားနှုန်းကို်သခကျခြသညသာငချ က ၂၀၁၈ ခုနှစ်မှာ ၅.၃% ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ပြဿနာ ဖြစ် လာနိုင်တာက ၂၀၁၉ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်အပွဲ အကြိုနှစ်အဖြစ် ၂၀၁၈ ခုနှစ် မှာ နိုင်ငံရေးဆူညံသံများ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ တိုင်းပြည်စီးပွားရေးထက်နိုင်ငံရေး ကို ပိုအလေးပြုကြမှာ ဖြစ်လို့ စီးပွားရေး နှေးကျ သွားနိုင်ပါတယ်။
ကမ္ဘောဒီယားနိုင်ငံဟာ အထည်ချုပ်နဲ့ ဖိနပ်ချုပ် လုပ်ငန်းနယ်ပယ်ရဲ့ ပြည်ပတင်ပို့မှု ခိုင်မာနေပေမဲ့ အထည်ချုပ်စက်ရုံတွေမှာအလုပ် သမတွေ နစ်နာမှု ရှိနေတဲ့အပေါ် ပြည်ပ လုပ်ငန်းကြီးတွေ လက်တွန့်မယ့်အရေး ရှိနေ တယ်။ ခရီးသွားလုပ်ငန်း တိုးတက်ခိုင်မာလာ နေတယ်။ လာမယ့်နှစ်မှာ ရွေးကောက်ပွဲ ရှိနေ တာမို့ နိုင်ငံရေးနဲ့ လူမှုရေး မတည်မငြိမ် ဖြစ်လာ နိုင်စရာ ရှိနေတယ်။ ဒါပေမဲ့ လက်ရှိအရှိန်အဟုန် အရ ၂၀၁၈ ခုနှစ်မှာ ၆.၈% ကြီးထွားမယ်လို့်Focus Economics က ခန့်မှန်းထားတယ်။
ထိုင်းနိုင်ငံ စစ်အစိုးရက ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ ကျင်းပပေးမယ်လို့ ကြေညာထားတယ်။ စားသုံးသူတို့ တစ်ဦးချင်း ဝယ်ယူသုံးစွဲမှု ပြန်လည်အားကောင်းလာပေမဲ့ အိမ်ထောင်စုအရကြည့်ရင် အကြွေးဝယ်ယူထား တာတွေ မြင့်မားနေတာမို့ အရှိန်တက်ဖို့ လိုဦး မယ်လို့ ခန့်မှန်းထားကြတယ်။ ၂၀၁၈ ခုနှစ်မှာ စီးပွားရေး ၃.၅% ကြီးထွားမယ်လို့် Focus Economics က ခန့်မှန်းထားပါတယ်။
လာအိုနိုင်ငံဟာ အခြေခံ အဆောက်အဦ မှာ အစိုးရမှ ရင်းနှီးမြှုပ်နှံမှုများ ပြုပေးနပြေီး ကုန်သွယ်ဖက် နိုင်ငံများထံမှာ ဝယ်လိုအား မြင့် တက်နေတာကို ရထားတဲ့အတွက် ခိုင်မာတဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ရရှိနေတယ်။ ၂၀၁၈ ခုနှစ်မှာ တိုင်းပြည်စီးပွားရေး ၇.၂% ကြီးထွား မယ်လို့်သခကျခြသညသာငချ က ခန့်မှန်းထားပါ တယ်။ အစိုးရ ဘဏ္ဍာရေး လိုငွပြခြေင်းကို အခွန်ကောက်ခံပုံ ပြုပြင်ပြောင်းလဲခြင်းနဲ့ ခေတ် နဲ့အညီ ဖြစ်စေရေးတို့ဖြင့် ဆောင်ရွက်ကာ လိုငွပြေနေတဲ့ပမာဏ လျော့နည်းအောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဗီယက်နမ်နိုင်ငံဟာ ပြည်ပတင်ပို့မှု ခုန် တက်သွားခဲ့ပြီး ကုန်သွယ်ရေးပိုငွေ ပိုများစေခဲ့ ပါတယ်။ လက်လီအရောင်းကလည်း ဂဏန်းနှစ် လုံး နှုန်းထားဖြင့် မြင့်တက်နေတယ်။ ပုဂ္ဂလိက ကဏ္ဍမှာ အကြွေးစနစ်ဖြင့် ဝယ်ယူခြင်းကို အား ပေးတဲ့အတွက် တစ်ဦးချင်း ဝယ်လိုအား မြင့် တက်လာနေပါတယ်။ ပြည်ပတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုများလည်း ပိုမိုစီးဝင်နပြေီး တစ်နှစ်ထက် တစ်နှစ် ၁၀ ရာခိုင်နှုန်းဝန်းကျင် တိုးနေပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှုနဲ့ ပြည်ပတင်ပို့မှု တိုးမြှုင့် ပေးခြင်းဖြင့် နှစ်စဉ်ကြီးထွားနှုန်းကို ၆.၅%မှ ၆.၇% အထိ ရရှိအောင် လုပ်ဆောင်ဖို့ အစီ အစဉ်ကို ချမှတ်ထားပါတယ်။ ငွေဖောင်းပွမှုနှုန်း ကို ၄%မှာ ထိန်းထားဖို့ ရည်မှန်းထားပါတယ်။ မက်ခရိုစီးပွား တည်ငြိမ်မှုကို ထိန်းသိမ်းပေးဖို့ကို လည်း လုပ်ဆောင်ပေးလျက် ရှိပါတယ်။
ဘဏ်လုပ်ငန်းကဏ္ဍမှာ ကြွေးဆုံးချေးငွေ များ ရှိလာခြင်း၊ ပုဂ္ဂလိကကဏ္ဍတွင် ချေးငွေများ ရယူမှု မြင့်တက်လာခြင်းတို့ကို ရေတိုပြဿနာ များအဖြစ် ရင်ဆိုင်ဖြေရှင်းနေတယ်Focus Economics ရဲ့ ခန့်မှန်းချက်က ၂၀၁၈ ခုနှစ်မှာ စီးပွားရေး ၆.၄% ရရှိမယ်လို့ ဆိုပါတယ်။

Read 1076 times
Rate this item
(0 votes)