What's new

×

Warning

JUser: :_load: Unable to load user with ID: 845


EU မှ ချုပ်ပြီးအထည်များကို ဝယ်ယူမှု ရပ်ဆိုင်းလိုက်ခြင်းကြောင့် အထည်ချုပ်လုပ်သားအင်အား လျှော့ရချရတော့မည့် မြန်မာ့ အထည်ချုပ်ကဏ္ဍ

EU မှ ချုပ်ပြီးအထည်များကို ဝယ်ယူမှု ရပ်ဆိုင်းလိုက်ခြင်းကြောင့် အထည်ချုပ်လုပ်သားအင်အား လျှော့ရချရတော့မည့် မြန်မာ့ အထည်ချုပ်ကဏ္ဍ Google

COVID-19 ကြောင့် မြန်မာနိုင်ငံက ချုပ်ပြီးအထည်များ ဝယ်ယူမည့်အစီအစဉ်ကို ဥရောပသမဂ္ဂ ( EU ) အဖွဲ့ဝင်နိုင်ငံများက

 

ဆိုင်းငံ့ထားကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် ၏ ပြောကြားချက်အရ သိရပါတယ်။

 

ပြည်တွင်းရှိ အထည်ချုပ်စက်ရုံများအနေဖြင့် COVID-19 ရောဂါပျံ့ပွားမှုကြောင့် ကုန်ကြမ်းပြတ်လပ်မှုအခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပါတယ်။

 

အဆိုပါအခက်အခဲများကိုဖြေရှင်းရန်အတွက် လိုအပ်သောကုန်ကြမ်းများကို တရုတ်နိုင်ငံမှ လေကြောင်းဖြင့် အရေးပေါ်ကုန်ကြမ်းမျာ

 

တင်သွင်းခြင်း ၊ နယ်စပ်ကုန်သွယ်ရေးမှ ကုန်ကြမ်းများတင်သွင်းခြင်းတို့ကိုဆောင်ရွက်ခဲ့ပါတယ်။

 

သို့သော် ဥရောပသမဂ္ဂ အဖွဲ့ ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံမှ ချုပ်ပြီးအထည်များကို ဝယ်ယူမှုရပ်ဆိုင်းတော့ မည်ဟု

 

မတ်လ ၂၀ ရက်နေ့က တရားဝင်ကြေညာခဲ့ပြီးနောက်မှာတော့ ပြည်တွင်းအထည်ချုပ်လုပ်ငန်းများအနေဖြင့် အခက်အခဲများနှင့်

 

ထပ်မံရင်ဆိုင်လာရပါတယ်။


ထိုကဲ့သို့ အခက်အခဲပြဿနာများကိုဖြေရှင်းရန်အတွက် လက်ရှိ အထည်ချုပ်လုပ်သားများထဲမှ ၂၅ ရာခိုင်နှုန်း ၊ လူဦးရေ တစ်သိန်းနှစ်သောင်း ခွဲ

 

အထိလျှော့ချသွားရတော့မှာဖြစ်ပြီး အစိုးရ ၊ လုပ်ငန်းရှင် နှင့် အလုပ်သမား သုံးပွင့်ဆိုင်ညှိနှိုင်း၍ လက်ရှိပြဿနာများကိုဖြေရှင်းသွားရမှာဖြစ်ကြောင်း

 

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်စိုးကပြောကြားခဲ့ပါတယ်။

 

အခွန်သက်သာခွင့် (GSP) အခွင့်ရေးကြောင့် မြန်မာနိုင်ငံမှ အထည်ချုပ် ပို့ကုန်များ၏ ၆၅ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းသည် EU ဈေးကွက်ကို

 

အဓိကထားတင်ပို့နေရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးမြင့်စိုးကပြောကြားခဲ့ပါတယ်။

 

ချုပ်ခဝင်ငွေရရှိမှသာ ဝန်ထမ်းလစာ အပါအဝင် စရိတ်များကို ရှင်းလင်းနိုင်မည်ဖြစ်ပြီး ယခုကဲ့သို့အထည်တင်သွင်းမှုကို ဆိုင်းငံ့ထားခြင်းကြောင့်

 

အထည်ချုပ်စက်ရုံပိုင်ရှင်များအပါအဝင် လက်ခစား (CMP)လုပ်ငန်းများ ရုန်းကန်ရနိုင်သည် ဟုအထည်ချုပ်လုပ်ငန်ရှင်များအသင်း

 

အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားခဲ့ပါတယ်။

 

အထည်ပန်းထိုးစက်လုပ်ငန်း ၂၆၄ ခုကိုရှာရန်နှိပ်ပါ။

COVID

<<< Zawgyi ျဖင့္ဖတ္ရန္ >>>

COVID-19 ေၾကာင့္ ျမန္မာနိုင္ငံက ခ်ဳပ္ျပီးအထည္မ်ား ဝယ္ယူမည့္အစီအစဥ္ကို ဥေရာပသမဂၢ ( EU ) အဖြဲ႔ဝင္နိုင္ငံမ်ားက ဆိုင္းငံ့ထားေၾကာင္း ျမန္မာနိုင္ငံအထည္ခ်ဳပ္လုပ္ငန္းရွင္မ်ား အသင္း အတြင္းေရးမွဴး ေဒၚခိုင္ခိုင္ႏြယ္ ၏ ေျပာၾကားခ်က္အရ သိရပါတယ္။

 

ျပည္တြင္းရွိ အထည္ခ်ဳပ္စက္ရံုမ်ားအေနျဖင့္ COVID-19 ေရာဂါပ်ံ႕ပြားမႈေၾကာင့္ ကုန္ၾကမ္းျပတ္လပ္မႈအခက္အခဲမ်ားနွင့္ ရင္ဆုိင္ခဲ့ရပါတယ္။

 

အဆိုပါအခက္အခဲမ်ားကိုေျဖရွင္းရန္အတြက္ လိုအပ္ေသာကုန္ၾကမ္းမ်ားကို တရုတ္နိုင္ငံမွ ေလေၾကာင္းျဖင့္ အေရးေပၚကုန္ၾကမ္းမ်ား တင္သြင္းျခင္း ၊ နယ္စပ္ကုန္သြယ္ေရးမွ ကုန္ၾကမ္းမ်ားတင္သြင္းျခင္းတို႔ကိုေဆာင္ရြက္ခဲ့ပါတယ္။

 

သို႔ေသာ္ ဥေရာပသမဂၢ အဖြဲ႔ ဝင္နိုင္ငံမ်ားအေနျဖင့္ ျမန္မာနိုင္ငံမွ ခ်ဳပ္ျပီးအထည္မ်ားကို ဝယ္ယူမႈရပ္ဆိုင္းေတာ့ မည္ဟု မတ္လ ၂၀ ရက္ေန႔က တရားဝင္ေၾကညာခဲ့ျပီးေနာက္မွာေတာ့ ျပည္တြင္းအထည္ခ်ဳပ္လုပ္ငန္းမ်ားအေနျဖင့္ အခက္အခဲမ်ားနွင့္ ထပ္မံရင္ဆိုင္လာရပါတယ္။


ထိုကဲ့သို႔ အခက္အခဲျပႆနာမ်ားကိုေျဖရွင္းရန္အတြက္ လက္ရွိ အထည္ခ်ဳပ္လုပ္သားမ်ားထဲမွ ၂၅ ရာခိုင္နႈန္း ၊ လူဦးေရ တစ္သိန္းနွစ္ေသာင္း ခြဲ အထိေလွ်ာ့ခ်သြားရေတာ့မွာျဖစ္ျပီး အစိုးရ ၊ လုပ္ငန္းရွင္ နွင့္ အလုပ္သမား သံုးပြင့္ဆိုင္္ညွိနႈိုင္း၍ လက္ရွိျပႆနာမ်ားကို

 

 ေျဖရွင္းသြားရမွာျဖစ္ေၾကာင္း ျမန္မာနိုင္ငံအထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္း ဥကၠဌ ဦးျမင့္စိုးကေျပာၾကားခဲ့ပါတယ္။

အခြန္သက္သာခြင့္ (GSP) အခြင့္ေရးေၾကာင့္ ျမန္မာနိုင္ငံမွ အထည္ခ်ဳပ္ ပို႔ကုန္မ်ား၏ ၆၅ ရာခိုင္နႈန္းမွ ၇၀ ရာခိုင္နႈန္းသည္ EU ေစ်းကြက္ကို အဓိကထားတင္ပို႔ေနရျခင္းျဖစ္ေၾကာင္း ျမန္မာနိုင္ငံအထည္ခ်ဳပ္လုပ္ငန္းရွင္မ်ား အသင္း ဥကၠဌ ဦးျမင့္စိုးကေျပာၾကားခဲ့ပါတယ္။

ခ်ဳပ္ခဝင္ေငြရရွိမွသာ ဝန္ထမ္းလစာ အပါအဝင္ စရိတ္မ်ားကို ရွင္းလင္းနိုင္မည္ျဖစ္ျပီး ယခုကဲ့သို႔အထည္တင္သြင္းမႈကို ဆိုင္းငံ့ထားျခင္းေၾကာင့္ အထည္ခ်ဳပ္စက္ရံုပိုင္ရွင္မ်ားအပါအဝင္ လက္ခစား (CMP)လုပ္ငန္းမ်ား ရုန္းကန္ရနိုင္သည္ ဟု

အထည္ခ်ဳပ္လုပ္ငန္ရွင္မ်ားအသင္းအတြင္းေရးမွဴး ေဒၚခိုင္ခိုင္ႏြယ္က ေျပာၾကားခဲ့ပါတယ္။

  

textile picture

 

အထည္ပန္းထုိးစက္လုပ္ငန္း ၂၆၄ ခုကုိရွာရန္ႏွိပ္ပါ။

 

Myanmar Textile and Garment Directory

 
Read 2051 times
Rate this item
(0 votes)