What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မြန်မာ့ အထည်ချုပ်လုပ်ငန်းများအတွက် ကုန်ကြမ်းအခက်ခဲများရှိနေ

မြန်မာ့ အထည်ချုပ်လုပ်ငန်းများအတွက် ကုန်ကြမ်းအခက်ခဲများရှိနေ Google

တရုတ်နိုင်ငံမှ အထည်ချုပ်လုပ်ငန်းနှင့်ပတ်သက်သည့် ကုန်ကြမ်းထုတ်လုပ်မှုကို ခေတ္တ ရပ်ဆိုင်းထားသဖြင့်

 

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ပြည်တွင်းရှိ အထည်ချုပ်လုပ်ငန်းများမှာကုန်ကြမ်း အခက်အခဲ များနှင့် ရင်ဆိုင်နေရပါတယ်။

 

ထို ကုန်ကြမ်းအခက်အခဲများကို သက်ဆိုင်ရာသို့တင်ပြရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

 

လတ်တလော ပြည်တွင်းရှိ အထည်ချုပ် စက်ရုံတစ်ချို့မှာ မတ်လအထိ လုပ်ငန်းလည်ပတ်ရန် ကုန်ကြမ်းများကျန်ရှိသည့်အတွက်

 

စက်ရုံများ၏ ပုံမှန်အလုပ်ချိန်အတွင်း၌သာ ထုတ်လုပ်လျက်ရှိသည်။

 

ပြည်တွင်းရှိအထည်ချုပ်လုပ်ငန်း အများစုမှာ လက်ခစားစနစ် (CMP)ဖြင့် ထုတ်လုပ်နေခြင်းဖြစ်၍ ကုန်ကြမ်းရှားပါးမှုများ

 

ဆက်လက်ဖြစ်ပေါ်နေပါက လုပ်ငန်းငယ်များရပ်ဆိုင်းသွားနိုင်လို့သိရပါတယ်။


ဒါပြင့် လာမည့်လအတွင်း လုပ်သားအင်အား ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ဖွယ်ရှိကြောင်း


အထည်ချုပ်လုပ်ငန်း ကျွမ်းကျင်သူများအသင်း က ခန့်မှန်းထားကြပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီးတွင် အထည်အလိပ်လုပ်ငန်းပေါင်း ၅၀၀ ကျော်ရှိသည့် အနက် ၃၀၀ ခန့်မှာ တရုတ်နိုင်ငံမှ

 

ကုန်ကြမ်းများကို အားထားလုပ်ကိုင်နေရသည့် စက်ရုံများဖြစ်ပြီး လုပ်သားဦးရေ ခုနှစ်သိန်းခန့်ရှိကြောင်းသိရသည်။

 

Source : MYAWADY

 

အထည်ပန်းထိုးစက်လုပ်ငန်း ၂၆၄ ခုကိုရှာရန်နှိပ်ပါ။

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>












Source : MYAWADY

 


 

Myanmar Textile and Garment Directory

Read 1474 times
Rate this item
(0 votes)
Tagged under

Related items