What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ထားဝယ်ရိုးရာ လုံချည်ရက်ကန်းစက်ရုံ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ရွှေဂူတောင်ကျေးရွာတွင် တည်ဆောက်ထားသည့်

ထားဝယ်ရိုးရာ လုံချည် ရက်ကန်းစက်ရုံ ရှိပြီဖြစ်ကြောင်း ထားဝယ်ရိုးရာ ရက်လုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ၏ ပြောကြားချက်အရ သိရပါတယ်။

၁၉၅၆ ခုနှစ် မတိုင်မီက ပျောက်ကွယ်ခဲ့သော ရှေးထားဝယ်ရိုးရာလုံချည် (မူလ ဒီဇိုင်း) ကို ၂၀၁၄ ခုနှစ်တွင် တနင်္သာရီတိုင်း ဒေသကြီး အစိုးရ၏ လမ်းညွန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မနလေးတိုင်းဒေသကြီးတို့ရှိ စက်ရက်ကန်းနှင့် ထားဝယ်သူ/သားများ အစဉ်အဆက် ရက်လုပ်လာသည့် လက်ရက်ကန်းတို့ကို လေ့လာပြီးနောက် ယင်းစက်ရုံကို တည်ဆောက်ခြင်းဖြစ်သည်ဟု သိရပါတယ်။  

လက်ရှိ အချိန်တွင် ရက်ကန်းစက် ၃ လုံးဖြင့် တစ်နေ့လျှင် ရိုးရာလုံချည် ၁၀ ထည်ကို ရက်လုပ်လျက်ရှိကာ လုပ်ငန်းတိုးချဲ့နိုင်ရေးအတွက် ရက်ကန်းစက် ၁၀လုံး ကို ထပ်မံ အမှာယူထားကြောင်းလည်း သိရပါတယ်။

ရက်ကန်းလုံချည်များကိုလည်း "ရှေးထားဝယ်လုံချည် စစ်စစ်ကိုပဲ ရက်လုပ်သွားမယ်" ဟုလည်း ပြောကြားခဲ့ကြောင်း သိရပါတယ်။

ရက်ကန်းစက်ရုံမှ အမျိုးသား၊ အမျိုးသမီးဝတ် ရှေးထားဝယ်ရိုးရာ လုံချည်ကို ဒီဇိုင်းတစ်မျိုးတည်းဖြင့် ကာလာအရောင်အသွေးစုံ ချည်ထည်နှင့် ပိုးထည်လုံချည်များကို ရက်လုပ်မည်ဖြစ်ကြောင်းလည်း သိရပါတယ်။

ရွှေဥသြတံဆိပ်ဖြင့် ဈေးကွက်အတွင်းသို့ လက်လီ၊ လက္ကား ဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်းလည်း သိရပါတယ်။

လက်ရှိအချိန်တွင် ထားဝယ်မြို့၊ ၀ဲကျွန်းရပ်ကွက်တွင် ရက်လုပ်လျက်ရှိသော ရိုးရာလုံချည်များမှာ ထွက်နှုန်းနည်းဈေးကွက် လိုအပ်ချက်အရ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့မှ ရက်လုပ်သော ဒီဇိုင်းအမျိုးစုံရှိသည့် ထားဝယ်ရိုးရာ လုံချည်များကို ထားဝယ်ရိုးရာ ၀တ်စုံအရောင်းဆိုင်များက မှာယူတင်သွင်း၍ ထားဝယ်ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရပါတယ်။

ထားဝယ်မြို့၊ ၀ဲကျွန်းရပ်ကွက်တွင် လက်ရက်ကန်းစင် ၄စင် ရှိပြီး လက်ရက်ကန်း လုပ်ကိုင်သူ ၅ဦး၊ ၆ဦး ခန့်သာ ကျန်ရှိပြီး ရွှေဂူတောင်ကျေးရွာရှိ  စက်ရက်ကန်းစက်ရုံတွင် ထားဝယ်ရိုးရာလုံချည်များကို  ရက်လုပ်နိုင်ရန် မျိုးဆက်သစ်လူငယ်များကို လေ့ကျင်သင်ကြားပေးလျက်ရှိသည်ဟု ကော်မတီ၏ ပြောကြားချက်အရ သိရပါတယ်။

ထားဝယ်ဈေးကွက်အတွင်း ထားဝယ်ရိုးရာ အမျိုးသားချည်ထည် တစ်ထည်လျှင် ကျပ် ၉၀၀၀၊ အမျိုးသမီးလုံချည်တစ်ထည်လျှင် ကျပ် ၁၂၀၀၀၊ ကျပ် ၁၅၀၀၀စသဖြင့် ချည်ထည်အပေါ် မူတည်၍ ဈေးနှုန်းအမျိုးမျိုးသတ်မှတ်ကာ ရောင်းချလျက်ရှိပြီး ပိုးထည်တစ်ထည်ကိုမူ ကျပ် ၄၀၀၀၀ ကျော်အထိ ရောင်းချလျက်ရှိကြောင်း သိရပါတယ်။

Source: Dawei News

Read 2180 times
Rate this item
(1 Vote)