What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကမ္ဘာလုံးဆိုင်ရာ ချည်မျှင်နှင့်အထည်အလိပ်ကုန်သွယ်မှုသည် ကျဆင်းနိုင်

ကမ္ဘာလုံးဆိုင်ရာ ချည်မျှင်နှင့်အထည်အလိပ်ကုန်သွယ်မှုသည် ကျဆင်းနိုင် Fibre2Fashion

ကမ္ဘာလုံးဆိုင်ရာ ချည်မျှင်နှင့်အထည်အလိပ် တင်ပို့မှု(export)သည် ၂၀၁၉ ခုနှစ်တွင် ၀.၆၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဒေါ်လာ ၆၅၀၂.၃၈သန်းအထိ ကျဆင်းခဲ့တယ်လို့ သိရပါတယ်။

 

သို့သော် ၂၀၁၇ခုနှစ်က ၆၅၄၅.၆၄သန်းအထိ ကျဆင်းခဲ့တာပဲဖြစ်ပါတယ်။

 

စုစုပေါင်းတင်ပို့မှုက ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ ၁၁.၂၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ဒေါ်လာ ၆၂၈၂.၆၆ သန်းထိ ကျဆင်းသွားလိမ့်မည်လို့ မျှော်မှန်းထားကြပါတယ်။

 

တစ်ကမ္ဘာလုံးဆိုင်ရာ ချည်မျှင်နှင့်အထည်အလိပ် တင်သွင်းမှု(import)သည် ၂၀၁၇ ခုနှစ်တုန်းက ဒေါ်လာ ၆၇၄၄.၉၆ သန်းအထိ ကျဆင်းခဲ့သော်လည်း ၂၀၁၉ ခုနှစ်မှာတော့ ၈.၁၅ ရာခိုင်နှုန်းသာကျဆင်းခဲ့ပြီး ၆၁၉၄.၉၄သန်း ကျဆင်းမှုရှိခဲ့ပါတယ်။

 

စုစုပေါင်းတင်သွင်းမှုက ၂၀၁၈ခုနှစ်ထက် ၂၀၁၉ ခုနှစ်မှာ ၁၂.၁၅ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၅၈၇၃.၂ သန်းအထိ ကျဆင်းသွားနိုင်တယ်လို့ မျှော်လင့်ရကြောင်း Fibre2Fashion ရဲ့ market analysis tool TexProရဲ့ အစီရင်ခံစာအရ သိရပါတယ်။



တရုတ် (ဒေါ်လာ ၂၁၉၄.၁၂ သန်း)၊ အီတလီ (ဒေါ်လာ ၇၄၈.၆၃ သန်း)၊ အိန္ဒိယ (ဒေါ်လာ ၇၄၃.၆၃ သန်း)နှင့် ထိုင်ဝမ် (ဒေါ်လာ ၄၇၃.၃၇ သန်း)အသီးသီးက ၂၀၁၉ ခုနှစ် ကမ္ဘာတစ်ဝှမ်းလုံးရှိ ချည်မျှင်နှင့်အထည်အလိပ် တင်ပို့မှုရဲ့ ၆၃.၉၇ ရာခိုင်နှုန်းရှိပါတယ်။ ၎င်းနောက်တွင် အမေရိကန် (ဒေါ်လာ ၂၇၄.၈၃ သန်း)၊ စပိန် (ဒေါ်လာ ၁၈၃.၅၁ သန်း) နှင့်ထိုင်း (ဒေါ်လာ ၁၆၅.၁၄ သန်း) တို့ဖြစ်ကြပါတယ်။



၂၀၁၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အဓိကတင်ပို့သည့်နိုင်ငံများ အနက် ပို့ကုန်တန်ဖိုးအရ တိုးတက်မှုနှုန်းကို မြင်တွေ့ရတဲ့ နိုင်ငံတွေကတော့ တရုတ် (၆၃.၄၄ ရာခိုင်နှုန်း)၊ အီတလီ (၅၈.၁၄ ရာခိုင်နှုန်း)နှင့် ထိုင်ဝမ် (၅.၃၇ ရာခိုင်နှုန်း) တို့ဖြစ်ကြတယ်လို့ သိရပါတယ်။



တူရကီ (ဒေါ်လာ ၆၄၇.၆၀ သန်း)၊ ဗီယက်နမ် (ဒေါ်လာ ၄၆၀.၃၃ သန်း)၊ ဘရာဇီး (ဒေါ်လာ ၄၅၉.၀၄ သန်း) နှင့်အီတလီ (ဒေါ်လာ ၃၉၆.၄၃ သန်း) တို့သည် ၂၀၁၁ ခုနှစ်မှာ သွင်းကုန်စုစုပေါင်းရဲ့ ၃၁.၆၉ ရာခိုင်နှုန်းဖြင့် ကမ္ဘာပေါ်ရှိ ချည်မျှင်တွေကို အဓိကတင်သွင်းသူများအဖြစ် ရပ်တည်နေပါတယ်။ ၎င်းနောက်တွင် ဗြိတိန် (ဒေါ်လာ ၃၀၆.၆၂ သန်း)၊ တောင်ကိုရီးယား (ဒေါ်လာ ၂၅၆.၁၇ သန်း) နှင့်အမေရိကန် (အမေရိကန်ဒေါ်လာ ၂၃၀.၇၀ သန်း) တို့အသီးသီး ရပ်တည်နေခဲ့ပါတယ်။



၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အဓိကတင်သွင်းသည့် နိုင်ငံများအနက် သွင်းကုန်တန်ဖိုးအရ သိသာစွာတိုးတက်မှုနှုန်းရှိတဲ့ နိုင်ငံတွေမှာ ဗီယက်နမ် (၉၁.၂၂ ရာခိုင်နှုန်း)၊ အီတလီ (၈၇.၈၅ ရာခိုင်နှုန်း) နှင့်ဘရာဇီး (၃၈.၃၀ ရာခိုင်နှုန်း) စတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

 

By Myanmar Textile & Garment Guide

Ref: Fibre2Fashion

 

tauk-myay-co-ltd-l5040.png

Read 943 times
Rate this item
(0 votes)