What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဗီယက်နမ် မှ အထည်တင်ပို့မှုများကို ခေတ္တ ဆိုင်းငံ့ထားသော အမေရိကန်နှင့် EU

ဗီယက်နမ် မှ အထည်တင်ပို့မှုများကို ခေတ္တ ဆိုင်းငံ့ထားသော အမေရိကန်နှင့် EU Google

အမေရိကန်နှင့်ဥရောပသမဂ္ဂ တို့သည် ဗီယက်နမ်နိုင်ငံမှ အထည်အလိပ်တင်ပို့မှုကို သုံးပတ်မှလေးပတ်ကာလအထိ

ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ဗီယက်နမ်အထည်ထုတ်လုပ်သူများအသင်းအား အကြောင်းကြားစာပေးပို့ခဲ့ပါတယ်။

ဟိုချီမင်းမြို့မှ အထည်အလိပ်တင်ပို့မှု၏ ထက်ဝက်ခန့်သည် အမေရိကန်ပြည်ထောင်စုသို့တင်ပို့ပြီး ဥရောပသမဂ္ဂသို့

တင်ပို့မှုမှာ နှစ်စဉ်ပို့ကုန်၏ ၁၅ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်းခန့်ရှိသည်။

ယခုကဲ့သို့ အထည်အလိပ်တင်ပို့မှုကိုခေတ္တဆိုင်းငံ့လိုက်ခြင်းကြောင့် ဗီယက်နမ်အထည်အလိပ်လုပ်ငန်း သုံးပုံနှစ်ပုံနီးပါးသည်

ဈေးကွက်ကြပ်တည်းမှုများနှင့် ရင်ဆိုင်နေရတယ်လို့ HCM City Association of Garment Textile Embroidery and Knitting

အသင်းဥက္ကဌ Phim Xuan Hongပြောကြားခဲ့ပါတယ်။

လက်ရှိပြည်တွင်းမှ တင်ပို့ရန်အတွက် ထုတ်လုပ်ထားသော အထည် ၄၀ ရာခိုင်နှုန်းခန့်ကိုဈေးလျှော့ကာရောင်းချခြင်း

ရောင်းမထွက်သည့်အခါ နောက္ဆုံးအဆင့်အနေဖြင့် စွန့်ပစ် ဖျက်စီးခြင်းများကိုပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

အမေရိကန်နှင့် အီးယူ ဆိပ်ကမ်းများတွင်ရောက်ရှိပြီး ဈေးကွက်သို့ဝင်ရန် အသင့်ဖြစ်နေသော အထည်များကိုလည်း

ကွန်တိန်နာအမြောက်အမြားဖြင့် သိုလှောင်ရမှာဖြစ်တဲ့အတွက် ဗီယက်နမ်အထည်အလိပ်လုပ်ငန်းရှင်များအနေနဲ့ ကုန်ကျစရိတ်များပိုမျာ

လာနိုင်သည်ဟု ဗီယက်နမ်မီဒီယာများကဖော်ပြခဲ့သည်။

 

အထည်ချုပ်လုပ်ငန်းရှင်များ၏ ပြဿနာမှာ အမှာစာများအတွက် မတင်ပို့နိုင်ခြင်းမဟုတ်ဘဲ အလုပ်သမားများကို မည်သို့ကာကွယ်ပေးရမည်ဆိုသည့်

အချက် ဖြစ်ပါသည်။

အထည်အလိပ်လုပ်ငန်းရှင်များက အစိုးရအား စီးပွားရေးလှုံဆော်မှုအစီအစဉ်များကို အတည်ပြုပေးရန်၊ အလုပ်သမားများအား ဆက်လက်ကူညီနိုင်ရန်

အတွက် အလုပ်လက်မဲ့ အာမခံရန်ပုံငွေနှင့် လူမှုဖူလှုံရေးရန်ပုံငွေများကို ထည့်သွင်းစဉ်းစားပေးရန် အကြံပြုခဲ့ကြပါသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဘဏ်များမှ ယခုလိုအခြေအနေတွင် အတိုးနှုန်းများ လျှော့ချပေးခြင်း ၊ ကုန်သွယ်မှုနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ

 

ပုံမှန်ပြန်မဖြစ်မချင်း အလုပ်သမားများအား လုပ်ခလစာများ ပေးချေရန်အတွက်  အတိုးမဲ့ချေးငွေများ ထုတ်ချေးပေးခြင်း စသည်တို့ကို ပြုလုပ်ပေးရန်

 

လုပ်ငန်းရှင်များမှ အစိုးရအားတောင်းဆိုခဲ့ကြသည်။

 

ဆိုးဆေးဆိုင် ၈၆ ဆိုင်ကိုရှာရန်နှိပ်ပါ။

COVID

<<< Zawgyi ျဖင့္ဖတ္ရန္ >>>

အေမရိကန္ႏွင့္ဥေရာပသမဂၢ တို႔သည္ ဗီယက္နမ္ႏိုင္ငံမွ အထည္အလိပ္တင္ပို႔မႈကို သုံးပတ္မွေလးပတ္ကာလအထိ ေခတၱဆိုင္းငံ့ထားမည္ျဖစ္ေၾကာင္း ဗီယက္နမ္အထည္ထုတ္လုပ္သူမ်ားအသင္းအား အေၾကာင္းၾကားစာေပးပို႔ခဲ့ပါတယ္။

ဟိုခ်ီမင္းၿမိဳ႕မွ အထည္အလိပ္တင္ပို႔မႈ၏ ထက္ဝက္ခန္႔သည္ အေမရိကန္ျပည္ေထာင္စုသို႔တင္ပို႔ၿပီး ဥေရာပသမဂၢသို႔ တင္ပို႔မႈမွာ ႏွစ္စဥ္ပို႔ကုန္၏ ၁၅ ရာခိုင္ႏႈန္းမွ ၁၈ ရာခိုင္ႏႈန္းခန္႔ရွိသည္။

ယခုကဲ့သို႔ အထည္အလိပ္တင္ပို႔မႈကိုေခတၱဆိုင္းငံ့လိုက္ျခင္းေၾကာင့္ ဗီယက္နမ္အထည္အလိပ္လုပ္ငန္း သုံးပုံႏွစ္ပုံနီးပါးသည္ ေစ်းကြက္ၾကပ္တည္းမႈမ်ားႏွင့္ ရင္ဆိုင္ေနရတယ္လို႔ HCM City Association of Garment Textile Embroidery and Knitting

အသင္းဥကၠဌ Phim Xuan Hongေျပာၾကားခဲ့ပါတယ္။

လက္ရွိျပည္တြင္းမွ တင္ပို႔ရန္အတြက္ ထုတ္လုပ္ထားေသာ  အသင့္ျဖစ္ေနေသာအထည္ ၄၀ ရာခိုင္ႏႈန္းခန္႔ကိုေစ်းေလွ်ာ့ကာေရာင္းခ်ျခင္း ေရာင္းမထြက္သည့္အခါ ေနာက္ဆုံးအဆင့္အေနျဖင့္ စြန္႔ပစ္ ဖ်က္စီးျခင္းမ်ားကိုျပဳလုပ္သြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

အေမရိကန္ႏွင့္ အီးယူ ဆိပ္ကမ္းမ်ားတြင္ေရာက္ရွိၿပီး ေစ်းကြက္သို႔ဝင္ရန္ အသင့္ျဖစ္ေနေသာ အထည္မ်ားကိုလည္း ကြန္တိန္နာအေျမာက္အျမားျဖင့္ သိုေလွာင္ရမွာျဖစ္တဲ့အတြက္ဗီယက္နမ္အထည္အလိပ္လုပ္ငန္းရွင္မ်ားအေနနဲ႔ ကုန္က်စရိတ္မ်ားပိုမ်ားလာႏိုင္သည္

ဟု ဗီယက္နမ္မီဒီယာမ်ားကေဖာ္ျပခဲ့သည္။

အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ား၏ ျပႆနာမွာ အမွာစာမ်ားအတြက္ မတင္ပို႔ႏိုင္ျခင္းမဟုတ္ဘဲ အလုပ္သမားမ်ားကို မည္သို႔ကာကြယ္ေပးရမည္ဆိုသည့္ အခ်က္ ျဖစ္ပါသည္။

အထည္အလိပ္လုပ္ငန္းရွင္မ်ားက အစိုးရအား စီးပြားေရးလႈံေဆာ္မႈအစီအစဥ္မ်ားကို အတည္ျပဳေပးရန္၊ အလုပ္သမားမ်ားအား ဆက္လက္ကူညီႏိုင္ရန္အတြက္အလုပ္လက္မဲ့ အာမခံရန္ပုံေငြႏွင့္ လူမႈဖူလႈံေရးရန္ပုံေငြမ်ားကို

ထည့္သြင္းစဥ္းစားေပးရန္ အႀကံျပဳခဲ့ၾကပါသည္။

ဘ႑ာေရးဝန္ႀကီးဌာနႏွင့္ ဘဏ္မ်ားမွ ယခုလိုအေျခအေနတြင္ အတိုးႏႈန္းမ်ား ေလွ်ာ့ခ်ေပးျခင္း ၊ ကုန္သြယ္မႈႏွင့္ ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ား ပုံမွန္ျပန္မျဖစ္မခ်င္း

 

အလုပ္သမားမ်ားအား လုပ္ခလစာမ်ား ေပးေခ်ရန္အတြက္  အတိုးမဲ့ေခ်းေငြမ်ား ထုတ္ေခ်းေပးျခင္း စသည္တို႔ကို ျပဳလုပ္ေပးရန္ လုပ္ငန္းရွင္မ်ားမွ အစိုးရအားေတာင္းဆိုခဲ့ၾကသည္။

textile picture

ဆုိးေဆးဆုိင္ ၈၆ ဆုိင္ကုိရွာရန္ႏွိပ္ပါ။

Myanmar Textile and Garment Directory

Read 1039 times
Rate this item
(1 Vote)
Tagged under