FIEDMC ဥက္ကဌ Mian Kashif ၏ ပြောကြားချက်အရ Faisalabad စက်မှုဇုံဖွံ့ဖြိုးတိုးတက်မှုနှင့် စီမံခန့်ခွဲမှုကုမ္ပဏီ
(FIEDMC) ၏ အထူးစီးပွားရေးဇုန် Allama Iqbal Industrial City သည်ဂျာမနီ နှင့် အီတလီ မှ ရင်းနှီးမြှုပ်နှံသူများနှင့်
ထုတ်လုပ်သူများ အလွန်စိတ်ဝင်စားလျက်ရှိကြောင်းတွေ့ရသည်။
ပါကစ္စတန် မီဒီယာများ၏ ထုတ်ပြန်မှုအရ ဂျာမနီမှ ရင်းနှီမြှုပ်နှံသူများနှင့် ထုတ်လုပ်သူများအဖွဲ့သည် စီးပွားရေးအခွင့်အလမ်းများကို
ရှာဖွေရန် ပါကစ္စတန်သို့မကြာမီလာရောက်မည်ဖြစ်ပြီး FIEDMC က ၎င်းတို့နှင့် လိုအပ်သော အကူညီများကို
ပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။
ဂျာမနီ အထည်အလိပ်လုပ်ငန်းမှ တာဝန် ရှိသူများသည် ပါကစ္စတန်ထုတ်လုပ်သူများအား သင်တန်းများပို့ချပေးခြင်း ၊
စက်ပစ္စည်းများထောက်ပံ့ပေးခြင်းတို့ဖြင့် ထုတ်ကုန်များ၏ အရည်အသွေးတိုးတက်စေရန် နှင့် စီးပွားရေးကုန်ကျစရိတ် ကို
လျော့ချရန်တို့အတွက် အကူအညီများပေးသွားမယ်လို့ သိရပါတယ်။
ပါကစ္စတန် နိုင်ငံမှာ ဂျာမနီနိုင်ငံသို့ အထည်အလိပ်တင်ပို့မှုနှုန်းကလည်း ပြီးခဲ့သည် နှစ်နှင့် နှိုင်းယှဉ်လျှင်
ယခုနှစ် အစောပိုင်းကာလအတွင်း ၁၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။
အထည်ဆိုင် ၁၈၂၁ ဆိုင်ကိုရှာရန်နှိပ်ပါ။
<<< Zawgyi ဖြင့်ဖတ်ရန် >>>
Myanmar Textile and Garment Directory