What's new

×

Warning

JUser: :_load: Unable to load user with ID: 845


COVID -19 ရောဂါတိုက်ဖျက်ရေးတွင်ကမ္ဘာ့ နာမည်ကြီး ဖက်ရှင် ဇိမ်ခံပစ္စည်း ကုမ္ပဏီကြီးများနှင့် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများ၏ အထည်အလိပ်ကဏ္ဌ အသီးသီးတို့ အတူလက်တွဲဆောင်ရွက်

COVID -19 ရောဂါတိုက်ဖျက်ရေးတွင်ကမ္ဘာ့ နာမည်ကြီး ဖက်ရှင် ဇိမ်ခံပစ္စည်း ကုမ္ပဏီကြီးများနှင့် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများ၏ အထည်အလိပ်ကဏ္ဌ အသီးသီးတို့ အတူလက်တွဲဆောင်ရွက် google

လက်ရှိ ကမ္ဘာတစ်ဝှမ်းဖြစ်ပွားနေသောCOVID -19 ကူးစက်ရောဂါ ရိုက်ခတ်မှုကြောင့်ကမ္ဘာပေါ် ရှိ နိုင်ငံအသီးသီးတို့၏

 

အထည်အလိပ်ကဏ္ဌများသာမက ဖက်ရှင်အမှတ်တံဆိပ်ကုမ္ပဏီများပါ အခက်အခဲများနှင့်ရင်ဆိုင်နေရပါတယ်။

ကမ္ဘာ့ဖက်ရှင်ဈေးကွက် ရှိ နာမည်ကြီးအမှတ်တံဆိပ် အရောင်းဆိုင်များပိတ်သိမ်းခြင်း ၊ အဝတ်အထည်လက်လီလက်ကား အရောင်းဆိုင်များပိတ်သိမ်းခြင်း ၊ နိုင်ငံအသီးသီး မှာရှိကြတဲ့


အထည်အလိပ်ထုတ်လုပ်သည့် စက်ရုံများကုန်ကြမ်းများ ပြတ်လပ်ခြင်း ၊ စက်ရုံမိားမလည်ပတ်နိုင်တော့၍ ပိတ်သိမ်းခြင်း စသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး

ကမ္ဘာ့ဖက်ရှင်ဈေးကွက်နှင့် အထည်အလိပ်ကဏ္ဌတို့မှာ တစ်နေ့ထက်တစ်နေ့ ပိုမို ဆုတ်ယုတ်လာတာကိုလည်းတွေ့ရပါတယ်။

သို့သော် ယခုကဲ့သို့ စီးပွားရေးအကြပ်အတည်းများနှင့်ကြုံတွေ့နေရသော်လည်း ကမ္ဘာ့ နာမည်ကြီး ဖက်ရှင် ဇိမ်ခံပစ္စည်း ကုမ္ပဏီကြီးများနှင့် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများ၏

အထည်အလိပ်ကဏ္ဌ အသီးသီးတို့သည် COVID -19 ရောဂါတိုက်ဖျက်ရေးအတွက် အတူပူး‌ပေါင်းလက်တွဲဆောင်ရွက်ခဲ့ကြပါတယ်။

နိုင်ငံတိုင်းရှိအထည်အလိပ်ကဏ္ဌ အသီးသီးမှ ထုတ်လုပ်သူများသည် အဝတ်အထည်ထုတ်လုပ်မှုများကို ရပ်ဆိုင်းထားပြီ တိုင်းပြည်ရှိ ကျန်းမာရေးဝန်ထမ်းများလိုအပ်လျက်ရှိသော


PPE ကာကွယ်ရေးဝတ်ဆုံများ ၊ Mask များနှင့် ကာကွယ်ပစ္စည်းများကို အစိုးရအဖွဲ့များနှင့် အားစိုက်ထုတ်လုပ်လျက်ရှိပါတယ်။

တစ်ဖက်တွင်လည်း ကမ္ဘာနာမည်ကြီးဖက်ရှင် ဇိမ်ခံပစ္စည်း အမှတ်တံဆိပ်ကုမ္ပဏီ များဖြစ်ကြသည့် Capri Holdings သည် ဒေါ်လာ (၃)သန်းကျော်၊ နယူးယောက်ဖက်ရှင်အမှတ်တံဆိပ် တစ်ခုဖြစ်သည့်


Michael Kors သည်ဒေါ်လာတစ်သန်းကျော် ၊လန်ဒန်နိုင်ငံ ထုတ်Jimmy Choo သည် ဒေါ်လာ (၅) သိန်းကျော် ၊ Milan နိုင်ငံထုတ် ဖက်ရှင်အမှတ်တံဆိပ် တစ်ခုဖြစ်သည့်

Versace ဒေါ်လာ (၅) သိန်းကျော် စသည့်ဖြင့် COVID -19 ကုသရေးနှင့်ကာကွယ်ရေးအတွက်လိုအပ်သည့်လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန် ရန်ပုံငွေများအသီးသီး လှူဒါန်းခဲ့ကြပါတယ်။

 

Myanmar Textile & Garment Directory

textile picture

<<<Zawgyi>>>

 

လက္ရွိ ကမာၻတစ္ဝွမ္းျဖစ္ပြားေနေသာCOVID -19 ကူးစက္ေရာဂါ ႐ိုက္ခတ္မႈေၾကာင့္ကမာၻေပၚ ရွိ ႏိုင္ငံအသီးသီးတို႔၏ အထည္အလိပ္ကဏၭမ်ားသာမက ဖက္ရွင္အမွတ္တံဆိပ္ကုမၸဏီမ်ားပါ အခက္အခဲမ်ားႏွင့္ရင္ဆိုင္ေနရပါတယ္။

ကမာၻ႔ဖက္ရွင္ေဈးကြက္ ရွိ နာမည္ႀကီးအမွတ္တံဆိပ္ အေရာင္းဆိုင္မ်ားပိတ္သိမ္းျခင္း ၊ အဝတ္အထည္လက္လီလက္ကား အေရာင္းဆိုင္မ်ားပိတ္သိမ္းျခင္း ၊ ႏိုင္ငံအသီးသီး မွာရွိၾကတဲ့


အထည္အလိပ္ထုတ္လုပ္သည့္ စက္႐ုံမ်ားကုန္ၾကမ္းမ်ား ျပတ္လပ္ျခင္း ၊ စက္႐ုံမိားမလည္ပတ္ႏိုင္ေတာ့၍ ပိတ္သိမ္းျခင္း စသည့္ အခက္အခဲမ်ားႏွင့္ ရင္ဆိုင္ေနရၿပီး

ကမာၻ႔ဖက္ရွင္ေဈးကြက္ႏွင့္ အထည္အလိပ္ကဏၭတို႔မွာ တစ္ေန႔ထက္တစ္ေန႔ ပိုမို ဆုတ္ယုတ္လာတာကိုလည္းေတြ႕ရပါတယ္။

သို႔ေသာ္ ယခုကဲ့သို႔ စီးပြားေရးအၾကပ္အတည္းမ်ားႏွင့္ႀကဳံေတြ႕ေနရေသာ္လည္း ကမာၻ႔ နာမည္ႀကီး ဖက္ရွင္ ဇိမ္ခံပစၥည္း ကုမၸဏီႀကီးမ်ားႏွင့္ ကမာၻတစ္ဝွမ္းရွိ ႏိုင္ငံမ်ား၏

အထည္အလိပ္ကဏၭ အသီးသီးတို႔သည္ COVID -19 ေရာဂါတိုက္ဖ်က္ေရးအတြက္ အတူပူး‌ေပါင္းလက္တြဲေဆာင္႐ြက္ခဲ့ၾကပါတယ္။

ႏိုင္ငံတိုင္းရွိအထည္အလိပ္ကဏၭ အသီးသီးမွ ထုတ္လုပ္သူမ်ားသည္ အဝတ္အထည္ထုတ္လုပ္မႈမ်ားကို ရပ္ဆိုင္းထားၿပီ တိုင္းျပည္ရွိ က်န္းမာေရးဝန္ထမ္းမ်ားလိုအပ္လ်က္ရွိေသာ


PPE ကာကြယ္ေရးဝတ္ဆုံမ်ား ၊ Mask မ်ားႏွင့္ ကာကြယ္ပစၥည္းမ်ားကို အစိုးရအဖြဲ႕မ်ားႏွင့္ အားစိုက္ထုတ္လုပ္လ်က္ရွိပါတယ္။

တစ္ဖက္တြင္လည္း ကမာၻနာမည္ႀကီးဖက္ရွင္ ဇိမ္ခံပစၥည္း အမွတ္တံဆိပ္ကုမၸဏီ မ်ားျဖစ္ၾကသည့္ Capri Holdings သည္ ေဒၚလာ (၃)သန္းေက်ာ္၊ နယူးေယာက္ဖက္ရွင္အမွတ္တံဆိပ္ တစ္ခုျဖစ္သည့္


Michael Kors သည္ေဒၚလာတစ္သန္းေက်ာ္ ၊လန္ဒန္ႏိုင္ငံ ထုတ္Jimmy Choo သည္ ေဒၚလာ (၅) သိန္းေက်ာ္ ၊ Milan ႏိုင္ငံထုတ္ ဖက္ရွင္အမွတ္တံဆိပ္ တစ္ခုျဖစ္သည့္

Versace ေဒၚလာ (၅) သိန္းေက်ာ္ စသည့္ျဖင့္ COVID -19 ကုသေရးႏွင့္ကာကြယ္ေရးအတြက္လိုအပ္သည့္လုပ္ငန္းစဥ္မ်ား ေဆာင္႐ြက္ႏိုင္ရန္ ရန္ပုံေငြမ်ားအသီးသီး လႉဒါန္းခဲ့ၾကပါတယ္။

Read 1135 times
Rate this item
(0 votes)
Tagged under