What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုရိုနာဗိုင်းရက်စ်ကြောင့် ကုန်ကြမ်းပြတ်လတ်မှုအန္တရာယ်မှ ကျော်လွှားနိုင်ရန် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းချုပ် နှင့် UMFCCI တို့ ပူးပေါင်းဆွေးနွေးပွဲကျင်းပ

ကိုရိုနာဗိုင်းရက်စ်ကြောင့် ကုန်ကြမ်းပြတ်လတ်မှုအန္တရာယ်မှ ကျော်လွှားနိုင်ရန် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းချုပ် နှင့် UMFCCI တို့ ပူးပေါင်းဆွေးနွေးပွဲကျင်းပ Facebook

ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းနှင့် UMFCCI တို့ပူးပေါင်းပြီး လက်ရှိပြည်တွင်း

 

အထည်ချုပ်လုပ်ငန်းများကြုံတွေ့နေရသော ကိုရိုနာဗိုင်းရက်စ်ကြောင့် ကုန်ကြမ်းပြတ်လပ်မှု အန္တရာယ်မှ ကျော်လွှားနိုင်ရန် အတွက်

 

ဆွေးနွေးပွဲတစ်ခုကို ကုန်သည် စက်မှုအသင်းချုပ် ၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။

 

လက်ရှိတရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရက်စ် ရောဂါပြန့်ပွားမှုကြောင့် မြန်မာနိုင်ငံအနေဖြင့်အထည်ချုပ်ကဏ္ဍတွင်

 

ကုန်ပစ္စည်းများပြတ်လတ်ခြင်း ၊ ခရီးသွားလုပ်ငန်းကဏ္ဍတွင် ခရီးသွားဧည့်သည်များကျဆင်းခြင်း ၊ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်

 

စိုက်ပျိုးထုတ်လုပ်သည့် ကဏ္ဍတွင် နယ်စပ် မှ ကုန်ပစ္စည်းတင်ပို့မှုများရပ်တန့်နေခြင်း စသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရပါတယ်။

 

ထိုကဲ့သို့သော အခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် ယင်းဆွေးနွေးပွဲကိုကျင်းပခဲ့တာဖြစ်ပါတယ်။ 

 

အဆိုပါဆွေးနွေးပွဲကိုမြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ၊မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ

 

တာဝန်ရှိသူများတက်ရောက်ခဲ့ပြီကြုံတွေ့နေရသော အခက်အခဲများကို ဝိုင်းဝန်းဆွေးနွေး၍ ရေတိုရေရှည်အကောင်းဆုံးဖြေရှင်းနိုင်ရန်

 

အဖြေရှာခြင်း ၊အကြံပြုဆွေးနွေးခြင်းများကိုပြုလုပ်ခဲ့ကြပါတယ်။

 

ဆွေးနွေးပွဲတွင် ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများက လတ်တလော ဖြစ်ပွားနေသော အခြေအနေများကြောင့် ပြည်တွင်းတွင်

 

လုပ်ကိုင်နေသောပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ၏ လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရန် အခက်အခဲများ ၊ အလုပ်သမားများအတွက် အလုပ်ချိန် ၊

 

အလုပ်ရက်များလျှော့ချခြင်း နှင့် လုပ်ခလစာပေးရန် အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ကြပါတယ်။ ဒါပြင့် ဆွေးနွေးပွဲမှ ဆွေးနွေးချက်များကို

 

ကုန်သည် စက်မှုအသင်းချုပ်မှ ဦးဆောင်၍ အစိုးရ တာဝန် ရှိသူများထံသို့ ပြင်ဆင် တင်ပြသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

corno cov

 

corno3

 

corno4

 

corno5

 

corno6

 

corno1

 

Refrence : UMFCCI 

 

အထည်ချုပ်သုံးစက်ပစ္စည်းဆိုင် ၄၀ ကိုရှာရန်နှိပ်ပါ။

 

<<< Zawgyi ျဖင့္ဖတ္ရန္ >>>

ေဖေဖာ္ဝါရီလ ၂၆ ရက္ေန႔တြင္ ျမန္မာႏိုင္ငံ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္းႏွင့္ UMFCCI တို႔ပူးေပါင္းၿပီးလက္ရွိျပည္တြင္း

အထည္ခ်ဳပ္လုပ္ငန္းမ်ားၾကံဳေတြ႕ေနရေသာ ကို႐ိုနာဗိုင္းရက္စ္ေၾကာင့္ ကုန္ၾကမ္းျပတ္လပ္မႈ အႏၲရာယ္မွ ေက်ာ္လႊားႏိုင္ရန္ အတြက္

ေဆြးေႏြးပြဲတစ္ခုကို ကုန္သည္ စက္မႈအသင္းခ်ဳပ္ ၊ မဂၤလာခန္းမတြင္ က်င္းပျပဳလုပ္ခဲ့ပါတယ္။

လက္ရွိတ႐ုတ္ႏိုင္ငံတြင္ စတင္ျဖစ္ပြားခဲ့ေသာ ကို႐ိုနာဗိုင္းရက္စ္ ေရာဂါျပန္႕ပြားမႈေၾကာင့္ ျမန္မာႏိုင္ငံအေနျဖင့္

အထည္ခ်ဳပ္က႑တြင္ ကုန္ပစၥည္းမ်ားျပတ္လတ္ျခင္း ၊ ခရီးသြားလုပ္ငန္းက႑တြင္ ခရီးသြားဧည့္သည္မ်ားက်ဆင္းျခင္း ၊

သစ္သီးဝလံပန္းမန္ႏွင့္ ဟင္းသီးဟင္းရြက္ စိုက္ပ်ိဳးထုတ္လုပ္သည့္ က႑တြင္ နယ္စပ္ မွ ကုန္ပစၥည္းတင္ပို႔မႈမ်ားရပ္တန္႕ေနျခင္

စသည့္ အခက္အခဲမ်ားႏွင့္ ရင္ဆိုင္ေနရပါတယ္။

ထိုကဲ့သို႔ေသာ အခက္အခဲမ်ားကို ေက်ာ္လႊားႏိုင္ရန္အတြက္ ယင္းေဆြးေႏြးပြဲကိုက်င္းပခဲ့တာျဖစ္ပါတယ္။

 

အဆိုပါေဆြးေႏြးပြဲကိုျမန္မာႏိုင္ငံအထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္း ၊ ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းရွင္မ်ားအသင္းမွ တာဝန္ရွိသူမ်ားတက္ေရာက္ခဲ့

 

ၾကံဳေတြ႕ေနရေသာအခက္အခဲမ်ားကို ဝိုင္းဝန္းေဆြးေႏြး၍ ေရတိုေရရွည္ အေကာင္းဆံုးေျဖရွင္းႏိုင္ရန္ အေျဖရွာျခင္း ၊

 

အၾကံျပဳေဆြးေႏြးျခင္းမ်ားကိုျပဳလုပ္ခဲ့ၾကပါတယ္။

ေဆြးေႏြးပြဲတြင္ က႑အသီးသီးမွ တာဝန္ရွိသူမ်ားက လတ္တေလာ ျဖစ္ပြားေနေသာ အေျခအေနမ်ားေၾကာင့္ ျပည္တြင္းတြင္

လုပ္ကိုင္ေနေသာျပည္တြင္းျပည္ပ လုပ္ငန္းရွင္မ်ား၏ လုပ္ငန္းဆက္လက္လည္ပတ္ႏိ္ုင္ရန္ အခက္အခဲမ်ား ၊ အလုပ္သမားမ်ားအတြက္ အလုပ္ခ်ိန္ ၊

အလုပ္ရက္မ်ားေလွ်ာ့ခ်ျခင္း ႏွင့္ လုပ္ခလစာေပးရန္ အခက္အခဲမ်ားကို တင္ျပေဆြးေႏြးခဲ့ၾကပါတယ္။ ဒါျပင့္ ေဆြးေႏြးပြဲမွ ေဆြးေႏြးခ်က္မ်ားကို

ကုန္သည္ စက္မႈအသင္းခ်ဳပ္မွ ဦးေဆာင္၍ အစိုးရ တာဝန္ ရွိသူမ်ားထံသို႔ ျပင္ဆင္ တင္ျပသြားမည္ျဖစ္ေၾကာင္း သိရပါတယ္။

 

Refrence : UMFCCI 

 

အထည္ခ်ဳပ္သုံးစက္ပစၥည္းဆုိင္ ၄၀ ကိုရွာရန္ႏွိပ္ပါ။

 

Myanmar Textile and Garment Directory

Read 1028 times
Rate this item
(0 votes)
Tagged under