What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Philip Day အကြွေး‌ဒေါ်လာ ၃၄ သန်း တင်နေတဲ့ ဘင်္ဂလားဒေ့ရှ် အထည်ချုပ်ကဏ္ဍ

ဘီလျံနာ Philip Day ရဲ့ Edinburgh Woollen Mill လုပ်ငန်းစုက ပေးဖို့ ကျန်ရှိနေတဲ့ အကြွေး အမေရိကန်‌ဒေါ်လာ ၃၄ သန်းကို

မပေးချေခဲ့ဘူးဆိုရင် ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်ငန်းတွေက ထုတ်လုပ်မှုတွေကို ရပ်ဆိုင်းပစ်ရလိမ့်မယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်ငန်း ၃၀ ခန့်အတွက် Bangladesh Garments and Manufacturing Association က Philip Day ရဲ့ လက်လီလုပ်ငန်းစုက ဈေးလျှော့ပေးဖို့ တောင်းဆိုတယ်။ အမှာစာတွေကို ရုပ်သိမ်းတယ်။ ပေးပို့ပြီးသား ပစ္စည်းတွေ၊ ထုတ်လုပ်ပြီးသား ပစ္စည်းတွေအတွက် ပေးချေစရာ ရှိတာတွေကို ဆိုင်းငံ့ထားတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Covid-19 အခြေအနေအပေါ် အခွင့်ကောင်းယူပြီး ပျက်ကွက်နေတာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

Philip Day ရဲ့ လက်လီလုပ်ငန်းစုမှာ Peacocks ၊ Austin Reed နဲ့ Jaeger တို့ အပါအဝင်
လက်လီအရောင်းလုပ်ငန်း ၁၀၀၀ ကျော် ပါဝင်ပါတယ်။

ဘင်္ဂလားဒေ့ရှ် အထည်ချုပ်ကဏ္ဍအနေဖြင့် ဝယ်လက်တွေကို နာမည်ပျက်စာရင်းသွင်းပြီး ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်ငန်းတွေနဲ့ လုပ်ကိုင်ခွင့်ကို ပိတ်ပင်မှာဖြစ်တယ်လို့လည်း အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။ နောင်နောင်မှာ တိုက်ရိုက်ဖြစ်စေ၊ တစ်ဆင်ခံဖြင့် ဖြစ်စေ အလုပ်အပ်နှံတဲ့ အမှာစာတွေကို ငြင်းပယ်မှာ ဖြစ်ပါတယ်။

 

Philip Day အေႂကြး‌ေဒၚလာ ၃၄ သန္း တင္ေနတဲ့ ဘဂၤလားေဒ့ရွ္ အထည္ခ်ဳပ္က႑

ဘီလ်ံနာ Philip Day ရဲ႕ Edinburgh Woollen Mill လုပ္ငန္းစုက ေပးဖို႔ က်န္ရွိေနတဲ့ အေႂကြး အေမရိကန္‌ေဒၚလာ ၃၄ သန္းကို မေပးေခ်ခဲ့ဘူးဆိုရင္ ဘဂၤလားေဒ့ရွ္ အထည္ခ်ဳပ္လုပ္ငန္းေတြက ထုတ္လုပ္မႈေတြကို ရပ္ဆိုင္းပစ္ရလိမ့္မယ္လို႔ ဆိုပါတယ္။

ဘဂၤလားေဒ့ရွ္ အထည္ခ်ဳပ္လုပ္ငန္း ၃၀ ခန႔္အတြက္ Bangladesh Garments and Manufacturing Association က Philip Day ရဲ႕ လက္လီလုပ္ငန္းစုက ေဈးေလွ်ာ့ေပးဖို႔ ေတာင္းဆိုတယ္။ အမွာစာေတြကို ႐ုပ္သိမ္းတယ္။ ေပးပို႔ၿပီးသား ပစၥည္းေတြ၊ ထုတ္လုပ္ၿပီးသား ပစၥည္းေတြအတြက္ ေပးေခ်စရာ ရွိတာေတြကို ဆိုင္းငံ့ထားတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ Covid-19 အေျခအေနအေပၚ အခြင့္ေကာင္းယူၿပီး ပ်က္ကြက္ေနတာ ျဖစ္တယ္လို႔လည္း ဆိုထားပါတယ္။

Philip Day ရဲ႕ လက္လီလုပ္ငန္းစုမွာ Peacocks ၊ Austin Reed နဲ႔ Jaeger တို႔ အပါအဝင္
လက္လီအေရာင္းလုပ္ငန္း ၁၀၀၀ ေက်ာ္ ပါဝင္ပါတယ္။

ဘဂၤလားေဒ့ရွ္ အထည္ခ်ဳပ္က႑အေနျဖင့္ ဝယ္လက္ေတြကို နာမည္ပ်က္စာရင္းသြင္းၿပီး ဘဂၤလားေဒ့ရွ္ အထည္ခ်ဳပ္လုပ္ငန္းေတြနဲ႔ လုပ္ကိုင္ခြင့္ကို ပိတ္ပင္မွာျဖစ္တယ္လို႔လည္း အေၾကာင္းၾကားစာမွာ ေဖာ္ျပထားပါတယ္။ ေနာင္ေနာင္မွာ တိုက္႐ိုက္ျဖစ္ေစ၊ တစ္ဆင္ခံျဖင့္ ျဖစ္ေစ အလုပ္အပ္ႏွံတဲ့ အမွာစာေတြကို ျငင္းပယ္မွာ ျဖစ္ပါတယ္။

 

Read 943 times
Rate this item
(0 votes)