What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တရုတ်နိုင်ငံမှ တင်သွင်းမှုနှုန်းမြှင့်တက်နေတဲ့မြန်မာနိုင်ငံရဲ့အထည်အလိပ်ဈေးကွက်

တရုတ်နိုင်ငံမှ တင်သွင်းမှုနှုန်းမြှင့်တက်နေတဲ့မြန်မာနိုင်ငံရဲ့အထည်အလိပ်ဈေးကွက် google

အထည်ချုပ်လုပ်ငန်းမှာ (၃)နှစ်အတွင်းတရုတ်နိုင်ငံက တင်သွင်းမှုနှုန်းမြင့်တက်လာတယ်လို့ တရုတ်နိုင်ငံအထည်အလိပ်ကုန်သည်ကြီးများအသင်းမှသိရပါတယ်။

မြန်မာနိုင်ငံဟာစီးပွားရေးအခွင့်အလမ်းကောင်းတွေပြည့်နေတဲ့နေရာတစ်ခုဖြစ်ပြီး ကောင်းမွန်တဲ့စီးပွားရေးအချက်အလက်တွေရှိနေတာကြောင့် တင်သွင်းမှုတွေမြင့်တက်လာတာပါလို့ တရုတ်နိုင်ငံအထည်အလိပ်ကုန်သည်ကြီးများအသင်းဒုတိယဥက္ကဌကပြောကြားခဲ့ပါတယ်။

၂၀၁၅ မှ ၂၀၁၈ ခုနှစ်အတွင်းတရုတ်နိုင်ငံကတင်သွင်းခဲ့တဲ့အထည်အလိပ်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁.၀၅၄ ဘီလီယံကနေ ၂.၁၁၅ ဘီလီယံအထိရှိခဲ့ပါတယ်။

ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိတရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကိုတင်သွင်းလာတဲ့အထည်အလိပ်တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၂.၁၂၀ ဘီလီယံအထိရှိလာပြီး ၂၇.၈၇ ရာခိုင်နှုန်းတိုးမြှင့်လာတာတွေ့ရပါတယ်။

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 


 




 

Myanmar Textile and Garment Directory

Read 1395 times
Rate this item
(0 votes)
Tagged under