What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အခွန်သက်သာခြင်းဖြင့် အထည်ချုပ်လုပ်ငန်းများအပေါ် အီးယူမှ အော်ဒါမှာယူမှု ဆက်တိုက်မြင့်တက်

အခွန်သက်သာခြင်းဖြင့် လက်ခစားစနစ်ဆောင်ရွက်သည့် အထည်ချုပ်လုပ်ငန်းအပေါ် အီးယူမှ အော်ဒါမှာယူမှု

ဆက်တိုက်မြင့်တက်လာကြောင်း သိရပါတယ်။

မြန်မာနိုင်ငံ၏ အထည်ချုပ်အော်ဒါမှာယူမှုမှာ ဂျပန်နိုင်ငံဈေးကွက်တွင် ထိပ်ဆုံးတွင်ရှိခဲ့ပြီး မနှစ်က ဂျပန်နိုင်ငံမှ ၀ယ်ယူမှုအနေဖြင့် ဒေါ်လာသန်း ၅၈၀ ခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။

ပြည်တွင်းအထည်များကို ၂၀၀၃ ခုနှစ်မတိုင်ခင်က အမေရိကန်ဈေးကွက်သို့ အဓိကထား တင်ပို့ခဲ့ရပြီး ၎င်းနောက် ၂၀၁၀ ပြည့်နှစ်မှစတင်၍ ဂျပန်ဈေးကွက်မှာ မြန်မာ့အထည်ချုပ်လုပ်ငန်း၏ အဓိကဈေးကွက်တစ်ခု ဖြစ်လာခဲ့ကြောင်း သိရပါတယ်။

၂၀၁၆-၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လက်ခစားစနစ်ဖြင့် အထည်ချုပ်လုပ်ငန်းများ ပြည်ပသို့ တင်ပို့မှုတွင် ဒေါ်လာတစ်ဘီလျံကျော် ရရှိထားပြီး ယခင်နှစ်ထက် ဒေါ်လာသန်း ၆၉၀ ကျော် ရရှိထားကြောင်း သိရပါတယ်။

ပြည်တွင်းအထည်ချုပ်လုပ်ငန်းများမှ ပြည်ပတင်ပို့မှုအခြေအနေမှာ ဂျပန်နိုင်ငံဈေးကွက်သို့ ၃၃%၊ အီးယူဈေးကွက် အထူးသဖြင့် ဂျာမနီနိုင်ငံသို့ ၂၅%၊ ကိုရီးယားနိုင်ငံသို့ ၂၅%၊ အမေရိကားဈေးကွက်သို့ ၂.၄% နှင့် တရုတ်ဈေးကွက်သို့ ၂.၄% တင်ပို့နေကြောင်း သိရပါတယ်။

ပြည်တွင်းတွင် အထည်ချုပ်စက်ရုံ ၄၀၀ ကျော်လည်ပတ်လျှက်ရှိပြီး အထည်ချုပ်အလုပ်သမား ၄ သိန်းရှိကြောင်း သိရပါတယ်။

အမေရိကန်က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများဖယ်ရှားပြီး GSP ပြန်လည်ပေးအပ်ခဲ့သော်လည်း အထည်ချုပ်လုပ်ငန်းများ မပါဝင်ပါ။ အမေရိကန်သို့ မြန်မာ့အထည်ချုပ်ပို့ကုန်များကို တင်ပို့ခွင့် ကန့်သတ်ထားခြင်းမရှိသော်လည်း အခွန်မြင့်မားမှုက အဟန့်အတားဖြစ်နေကြောင်း သိရပါတယ်။

အမေရိကန်သို့ မြန်မာ့အထည်ချုပ်ပို့ကုန်တင်ပို့လျှင် ချည်ထည်များတင်ပို့ပါက အခွန် ၁၀% မှ ၁၂% ကြားနှင့် နိုင်လွန်ထည်များတင်ပို့ပါက အခွန် ၃၇% ပေးဆောင်ရကြောင်းလည်း သိရပါတယ်။

Source: Daily Eleven

Read 1495 times
Rate this item
(2 votes)