What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အီးယူမှ မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်မည်

အီးယူမှ မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်မည် Google

အီးယူမှ မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်မည်


မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းမှာ ဥရောပသမဂ္ဂ (အီးယူ) ၏ အထည်အလိပ်နှင့် အဝတ်အထည်စီမံကိန်

း (EU SMART Textile and Garments project) မှ အကျိုးကျေးဇူးများ ရရှိလာမှာဖြစ်ကြောင်း သိရပါတယ်။


အဆိုပါစီမံကိန်းကို ဒီဇင်ဘာလ ၆ ရက်နေ့က စတင်ခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ပုသိမ်နဲ့ အခြားဒေသများရှိ စက်ရုံ ၁၀၀ ကျော်တို့မှ

ာ အတူတကွလုပ်ကိုင်သွားမှာဖြစ်ပါတယ်။ ၎င်းစီမံကိန်းကို H&M၊ Bestseller နှင့် C&A တို့အပါအဝင်

အပြည်ပြည်ဆိုင်ရာ လက်လီအရောင်းဆိုင်များမှ ပံ့ပိုးပေးမှာဖြစ်ကြောင်း သိရပါတယ်။


ဒါ့ပြင် ဥရောပသမဂ္ဂက ထပ်မံပံ့ပိုးပေးထားပြီး နိုင်ငံတစ်ဝှမ်းရှိ အထည်ချုပ်နှင့် အထည်အလိပ်စက်ရုံ (၁၀၀) ကျော်မှာ သင်တန်း၊

လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာစွမ်းဆောင်ရည် မြှင့်တင်ရေးကို အာရုံစိုက်ထားကြောင်း သိရပါတယ်။


စီမံကိန်းမှာ ဒေသတွင်းနဲ့ ဥရောပမှ ကျွမ်းကျင်သူများပါဝင်ပြီး လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲမှုများ၊ လုပ်ငန်းခွင်ဆက်ဆံရေး၊

လုပ်ငန်းခွင်ဘေးကင်းလုံခြုံမှုနှင့် ကျန်းမာရေး၊ ဓာတုပစ္စည်းများနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့်

စွမ်းအင်ထိရောက်မှု စတဲ့ အကြောင်းအရာများနဲ့ပတ်သက်ပြီး ကွင်းဆင်းလေ့လာခြင်းနဲ့ လေ့ကျင့်ခြင်းများ ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။


SMART Myanmar က မြန်မာ့အဝတ်အထည်လုပ်ငန်းအတွက် ရေရှည်တည်တံ့ခိုင်မြဲသော အလေ့အကျင့်များသို့

ပြောင်းလဲခြင်းမှာ အလွန်သက်ဆိုင်တဲ့ အစီအစဉ်တစ်ခုဖြစ်ကြောင်း သက်သေပြခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရ

အီးယူကိုယ်စားလှယ်အဖွဲ့၏ ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးအကြီးအကဲ Pedro Campo Llopis က ပြောကြားခဲ့ပါတယ်။

H&M၊ Bestseller နဲ့ C&A တို့အပါအဝင် နိုင်ငံတကာဆိုင်ရာ လက်လီရောင်းချသူများက

မြန်မာအခြေစိုက်ထောက်ပံ့ရေးကွင်းဆက်များအတွင်း စွမ်းဆောင်ရည်မြှင့်တင်ဖို့အတွက် အစီအစဉ်သစ်ကို

ထောက်ပံ့ရန် သဘောတူကြကြောင်း သိရပါတယ်။


၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က မြန်မာနိုင်ငံလုပ် အဝတ်အထည်များဟာ နိုင်ငံရဲ့ အကြီးဆုံးပို့ကုန်အမျိုးအစားဖြစ်ခဲ့ပြီး

ကူးသန်းရောင်းဝယ်ရေးနှင့် ဝန်ကြီးဌာန၏ အဆိုအရ ဒေါ်လာ ၄ ဘီလီယံကျော်တန်ဖိုးရှိ အဝတ်အထည်များကို

တင်ပို့ခဲ့ကြောင်း သိရပါတယ်။


၂၀၁၃ ခုနှစ်ကစပြီး မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းမှာ ပို့ကုန်အပေါ်အခြေခံပြီး ကြီးထွားလာတာဖြစ်ပါတယ်။

အထည်ချုပ်လုပ်ငန်းများအတွက် ဥရောပစျေးကွက်ဟာ အဓိကကျပြီး ထောင်ပေါင်းများစွာသော

အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးခဲ့ပါတယ်။ များသောအားဖြင့် အမျိုးသမီးများကို အလုပ်အကိုင်ပေးနိုင်ခဲ့ပါတယ်။


မြန်မာနိုင်ငံအနေနဲ့ အထည်အလိပ်တင်ပို့တဲ့အခါ အီးယူမှ the Everything But Arms agreement (EBA)၊

ကနေဒါမှ (through the General Preferential Tariff program) နဲ့ ဂျပန်မှ (through the Japan-ASEAN free trade agreement)

အကောက်ခွန်ကင်းလွတ်ခွင့်များရရှိထားပါတယ်။

 

<<< Zawgyi ျဖင့္ဖတ္ရန္ >>>

 

အီးယူမွ ျမန္မာႏိုင္ငံတြင္ အထည္ခ်ဳပ္လုပ္ငန္းမ်ား တိုးခ်ဲ႕လုပ္ကိုင္မည္။

 

ျမန္မာႏိုင္ငံ၏ အထည္ခ်ဳပ္လုပ္ငန္းမွာ ဥေရာပသမဂၢ (အီးယူ) ၏ အထည္အလိပ္ႏွင့္ အဝတ္အထည္စီမံကိန္

(EU SMART Textile and Garments project) မွ အက်ိဳးေက်းဇူးမ်ား ရရွိလာမွာျဖစ္ေၾကာင္း သိရပါတယ္။

အဆိုပါစီမံကိန္းကို ဒီဇင္ဘာလ ၆ ရက္ေန႔က စတင္ခဲ့ၿပီး ရန္ကုန္၊ မႏၲေလး၊ ပဲခူး၊ ပုသိမ္နဲ႔ အျခားေဒသမ်ားရွိ

စက္႐ုံ ၁၀၀ ေက်ာ္တို႔မွာ အတူတကြလုပ္ကိုင္သြားမွာျဖစ္ပါတယ္။ ၎စီမံကိန္းကို H&M၊ Bestseller ႏွင့္ C&A

တို႔အပါအဝင္ အျပည္ျပည္ဆိုင္ရာ လက္လီအေရာင္းဆိုင္မ်ားမွ ပံ့ပိုးေပးမွာျဖစ္ေၾကာင္း သိရပါတယ္။

ဒါ့ျပင္ ဥေရာပသမဂၢက ထပ္မံပံ့ပိုးေပးထားၿပီး ႏိုင္ငံတစ္ဝွမ္းရွိ အထည္ခ်ဳပ္ႏွင့္ အထည္အလိပ္စက္႐ုံ (၁၀၀) ေက်ာ္မွာ

သင္တန္း၊ လူမႈေရးႏွင့္ ပတ္ဝန္းက်င္ဆိုင္ရာစြမ္းေဆာင္ရည္ ျမႇင့္တင္ေရးကို အာ႐ုံစိုက္ထားေၾကာင္း သိရပါတယ္။

စီမံကိန္းမွာ ေဒသတြင္းနဲ႔ ဥေရာပမွ ကြၽမ္းက်င္သူမ်ားပါဝင္ၿပီး လူ႔စြမ္းအားအရင္းအျမစ္ဆိုင္ရာ စီမံခန႔္ခြဲမႈမ်ား၊

လုပ္ငန္းခြင္ဆက္ဆံေရး၊ လုပ္ငန္းခြင္ေဘးကင္းလုံၿခဳံမႈႏွင့္ က်န္းမာေရး၊ ဓာတုပစၥည္းမ်ားႏွင့္ စြန႔္ပစ္ပစၥည္းစီမံခန႔္ခြဲမႈႏွင့္

စြမ္းအင္ထိေရာက္မႈ စတဲ့ အေၾကာင္းအရာမ်ားနဲ႔ပတ္သက္ၿပီး ကြင္းဆင္းေလ့လာျခင္းနဲ႔ ေလ့က်င့္ျခင္းမ်ာ

ျပဳလုပ္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။

SMART Myanmar က ျမန္မာ့အဝတ္အထည္လုပ္ငန္းအတြက္ ေရရွည္တည္တံ့ခိုင္ၿမဲေသာ အေလ့အက်င့္မ်ားသို႔ ေျပာင္းလဲျခင္းမွာ

အလြန္သက္ဆိုင္တဲ့ အစီအစဥ္တစ္ခုျဖစ္ေၾကာင္း သက္ေသျပခဲ့တယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ အီးယူကိုယ္စားလွယ္အဖြဲ႕၏

ဖြံ႕ၿဖိဳးတိုးတက္မႈပူးေပါင္းေဆာင္႐ြက္ေရးအႀကီးအကဲ Pedro Campo Llopis က ေျပာၾကားခဲ့ပါတယ္။

H&M၊ Bestseller နဲ႔ C&A တို႔အပါအဝင္ ႏိုင္ငံတကာဆိုင္ရာ လက္လီေရာင္းခ်သူမ်ားက ျမန္မာအေျခစိုက္ေထာက္ပံ့ေရး

ကြင္းဆက္မ်ားအတြင္း စြမ္းေဆာင္ရည္ျမႇင့္တင္ဖို႔အတြက္ အစီအစဥ္သစ္ကို ေထာက္ပံ့ရန္ သေဘာတူၾကေၾကာင္း သိရပါတယ္။

၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္က ျမန္မာႏိုင္ငံလုပ္ အဝတ္အထည္မ်ားဟာ ႏိုင္ငံရဲ႕ အႀကီးဆုံးပို႔ကုန္အမ်ိဳးအစားျဖစ္ခဲ့ၿပီး

ကူးသန္းေရာင္းဝယ္ေရးႏွင့္ ဝန္ႀကီးဌာန၏ အဆိုအရ ေဒၚလာ ၄ ဘီလီယံေက်ာ္တန္ဖိုးရွိ အဝတ္အထည္မ်ားကို တင္ပို႔ခဲ့ေၾကာင္း သိရပါတယ္။

၂၀၁၃ ခုႏွစ္ကစၿပီး ျမန္မာႏိုင္ငံရဲ႕ အထည္ခ်ဳပ္လုပ္ငန္းမွာ ပို႔ကုန္အေပၚအေျခခံၿပီး ႀကီးထြားလာတာျဖစ္ပါတယ္။

အထည္ခ်ဳပ္လုပ္ငန္းမ်ားအတြက္ ဥေရာပေစ်းကြက္ဟာ အဓိကက်ၿပီး ေထာင္ေပါင္းမ်ားစြာေသာ အလုပ္အကိုင္အခြင့္အလမ္းမ်ားကို

ဖန္တီးေပးခဲ့ပါတယ္။ မ်ားေသာအားျဖင့္ အမ်ိဳးသမီးမ်ားကို အလုပ္အကိုင္ေပးႏိုင္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံအေနနဲ႔ အထည္အလိပ္တင္ပို႔တဲ့အခါ အီးယူမွ the Everything But Arms agreement (EBA)၊

ကေနဒါမွ (through the General Preferential Tariff program) နဲ႔ ဂ်ပန္မွ (through the Japan-ASEAN free trade agreement)

အေကာက္ခြန္ကင္းလြတ္ခြင့္မ်ားရရွိထားပါတယ္။


Ref: Fibre2fashion

Myanmar Textile and Garment Directory

 

 
 
Read 1428 times
Rate this item
(0 votes)
Tagged under