What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အထည်အလိပ်မှောင်ခို သမားများကို ထိထိရောက်ရောက် နှိမ်နှင်းရန် အစိုးရအား နိုင်ဂျီးရီးယားအထည်အလိပ်ထုတ်လုပ်သူများ တိုက်တွန်း

အထည်အလိပ်မှောင်ခို သမားများကို ထိထိရောက်ရောက် နှိမ်နှင်းရန် အစိုးရအား နိုင်ဂျီးရီးယားအထည်အလိပ်ထုတ်လုပ်သူများ တိုက်တွန်း Google

လက်ရှိတွင် နိုင်ဂျီးရီးယား နိုင်ငံ၏ အထည်အလိပ်ကဏ္ဍသည် ပြဿနာများစွာ နှင့်ရင်ဆိုင်နေရပါတယ်။


အဆိုပါ ပြဿနာများမှာ အထည်များထုတ်လုပ်ရန်အတွက် လျှပ်စစ်ဓာတ်အားလုံလုံလောက်လောက် မရရှိခြင်း၊ အထည်အလိပ်ဈေးကွက်တွင်

 

တံဆိပ် အတုနှင့် မှောင်ခို ရောင်းဝယ်ခြင်း စသည့် ပြဿနာများဖြစ်ကြောင်း နိုင်ဂျီးရီးယား အထည်အလိပ်ထုတ်လုပ်သူများအသင်း (NTMA)

 

ဥက္ကဌ Folorunsho Daniyan ကပြောကြားခဲ့ပါတယ်။

 

အဓိကအခက်အခဲမှာ စွမ်းအင်အတွက် ကုန်ကျစရိတ် ပင်ဖြစ်ပါတယ်။ နိုင်ဂျီးယား အထည်အလိပ်လုပ်ငန်းများ သည် ကောင်းမွန်စွာ

 

လည်ပတ်နိုင်ရေး အတွက် နိုင်ငံ၏ တောင်ဘက်ပိုင်း သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများမှ သဘာဝ ဓာတ်ငွေ့နှင့် မြောက်ပိုင်းရှိ ရေနံပိုက်လိုင်းတို့မှ

 

စွမ်းအင်ကို အဓိကမှီခိုနေရခြင်းဖြစ်သည်။

 

အစိုးရသည် အထည်အလိပ်လုပ်ငန်းများအတွက် ဓာတ်ငွေ့ ခွန်ကို လျှော့ချပေးရန် အတည်ပြုခဲ့သော်လည်း လက်တွေ့အကောင်အထည်

 

မဖော်ရသေးပေ။

 

ဒါပြင့် နိုင်ဂျီးယားနိုင်ငံ၏ အထည်အလိပ် လုပ်ငန်းများသည် တံဆိပ်တု ထုတ်လုပ်ရောင်းချလျက်ရှိ သော မှောင်ခိုသမားများ ၏

 

ဈေးကွက်ကြောင့် ထင်သလောက် အောင်မြင်မှုများမရရှိပေ။


အစိုးရအနေဖြင့် တံဆိပ်အတုများအရောင်းအဝယ်လုပ်နေသော မှောင်ခိုလုပ်ငန်း ၂၀ ရာခိုင်နှုန်းခန့် ဖိဖိစီးစီးနှိမ်နှင်းလိုက်ပါက

 

တိုင်းပြည်အတွင်းမှာရှိတဲ့ အထည်အလိပ်လုပ်ငန်း ၄၀ ခန့်မှာ ပြည်ပဈေးကွက်ကို ထိုးဖောက်နိုင်မှာပဲဖြစ်တယ်လို့ နိုင်းဂျီးရီးယား

 

သတင်းမီဒီယာများက ဖော်ပြခဲ့ပါတယ်။

 

အိပ်ခန်းသုံးပစ္စည်းဆိုင် ၅၃၆ ဆိုင်ကိုရှာရန်နှိပ်ပါ။

COVID

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 


 


 


 



 


 



 

 


 


 


 

textile picture

 

Myanmar Textile and Garment Directory

 

Read 1008 times
Rate this item
(0 votes)
Tagged under