What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Garment Accessories Export

အထည္ခ်ဳပ္က႑မွာ ခ်ဳပ္ထည္ေတြ ျပည္ပတင္ပုိ႔ၾကတဲ့အျပင္ အထည္ခ်ဳပ္ တြဲဘက္ပစၥည္းပစၥယာ

Garment Accessories ေတြ ထုတ္လုပ္တင္ပုိ႔တာဟာ အလားအလာေကာင္းေတြ ရွိေနပါတယ္။
ကမၻာ့၀ယ္လက္ေတြဟာ ခ်ဳပ္ထည္ေတြ ထုတ္လုပ္တဲ့ ႏုိင္ငံေတြနဲ႔ နီးနီးနားနားဆီမွ အထည္ခ်ဳပ္ တြဲဘက္ပစၥည္းပစၥယာေတြ ၀ယ္ယူလုိၾကတယ္။ အာရွမွ အထည္ခ်ဳပ္တဲ့ ႏုိင္ငံေတြမွာ လုပ္ကုိင္တဲျ ခ်ဳပ္ထည္ေတြအတြက္ Garment Accessories ေတြကုိ အာရွမွ ရယူလုိၾကတယ္။ အရည္အေသြးျပည့္မီၿပီး လုိခ်င္တဲ့ အေရအတြက္ကုိ လုိခ်င္တဲ့အခ်ိိန္မွာ ရရွိလုိၾကတယ္။ အဲဒီလုိအင္ကုိ ဘဂၤလားေဒ့ရွ္က ျဖည့္ဆည္းေပးႏုိင္တာမုိ႔ Garment Accessories ျပည္ပတင္ပုိ႔မႈ တန္ဖုိးပမာဏ တစ္ဟုန္ထုိး တုိးမ်ားလာေနတာကုိ ေတြ႕ရတယ္။
Bangladesh Garment Accessories and Packaging Manufacturers and Exporters Association (BGAPMEA)မွ ထုတ္ျပန္တဲ့ အခ်က္အလက္မ်ားအရ ၿပီးခဲ့တဲ့ ဘ႑ာေရးႏွစ္မွာ အထည္ခ်ဳပ္ တြဲဘက္ပစၥည္း ပုိ႔ကုန္ ကန္ေဒၚလာ ၆.၁၂ ဘီလ်ံဖုိး ရွိခဲ့ၿပီး အဲဒီအထဲမွာ ကန္ေဒၚလာ ၁.၁၂ ဘီလ်ံဟာ ကမၻာ့၀ယ္လက္ေတြထံ တုိက္႐ုိက္တင္ပုိ႔တာ ျဖစ္ပါတယ္။ က်န္တဲ့ ကန္ေဒၚလာ ၅ ဘီလ်ံဖုိးကေတာ့ တစ္ဆင့္ခံတင္ပုိ႔ခဲ့တာ ျဖစ္ပါတယ္။ ျပည္တြင္းမွ အထည္ခ်ဳပ္လုပ္ငန္းေတြရဲ႕ တြဲဘက္ပစၥည္း လုိအပ္ခ်က္ကုိ ၉၀% ၀န္းက်င္အထိ ျဖည့္သြင္းေပးလ်က္ ရွိပါတယ္။ တစ္နည္းေျပာရရင္ အဲဒီတြဲဘက္ပစၥည္းေတြ သုံးစြဲထားတဲ့ ခ်ဳပ္ထည္ အ၀တ္အစားေတြ ျပည္ပတင္ပုိ႔တဲ့အခါမွာ အဲဒီတြဲဘက္ပစၥည္းေတြလည္း အ၀တ္အစာေးတြမွာ အတူပါသြားတာမုိ႔ ျပည္ပသုိ႔ တစ္ဆင့္ခံတင္ပုိ႔ျခင္း ျဖစ္ပါတယ္။

Garment Accessories ထုတ္လုပ္တဲ့က႑မွာ အမ်ားစုဟာ အေသးစားနဲ႔ အလတ္စား လုပ္ငန္း (SME) ျဖစ္ပါတယ္။ ဘဂၤလားေဒ့ရွ္ႏုိင္ငံ အထည္ခ်ဳပ္ တြဲဘက္ပစၥည္းက႑မွာ စက္႐ုံစုစုေပါင္း ၁၅၆၀ ခု၀န္းက်င္ ရွိေနၿပီး လုပ္သားအင္အား ၄ သိန္းေက်ာ္ ရွိပါတယ္။ တန္ဖုိးျဖည့္ထည့္ႏႈန္းက ၄၀ ရာခုိင္ႏႈန္း ျဖစ္ပါတယ္။ ထုတ္လုပ္လ်က္ ရွိတဲ့ တြဲဘက္ပစၥည္းေတြမွာ ေလဘယ္၊ ဇစ္၊ တက္၊ တိပ္၊ အပ္ခ်ည္၊ ဖဲႀကိဳး၊ ၾကယ္သီး၊ ဇာ။ တြယ္ခ်ိတ္၊ စကၠဴ အစရွိတာေတြ ပါ၀င္ပါတယ္။ တင္ပုိ႔ရတဲ့ႏုိင္ငံေတြမွာ နယသာလန္၊ ေတာင္အာဖရိက၊ ပါကစၥတန္၊ အိႏိၵယ၊ တ႐ုတ္၊ အီသီယုိးပီးယား၊ အင္ဒုိနီးရွား၊ အီတလီ၊ သီရိလကၤာ၊ ဂ်ာမနီ၊ ၾသစတီးယားတုိ႔ ပါ၀င္ပါတယ္။ အာရွမွာ အ၀တ္အထည္ လာခ်ဳပ္တဲ့ လုပ္ငန္းေတြဟာ 
ျမန္မာ၊ ဗီယက္နမ္နဲ႕ ကေမၻာဒီးယား၊ သီရိလကၤာစတဲ့ နုိင္ငံတုိ႔မွာ အထည္ခ်ဳပ္တဲ့ လုပ္ငန္းႀကီးေတြကလည္း ဘဂၤလားေဒ့ရွ္မွ တြဲဘက္ပစၥည္းမ်ားကုိ မွာယူသုံးစြဲၾကပါတယ္။ ဘဂၤလားေဒ့ရွ္မွာ ခ်ဳပ္လုပ္္ၿပီး ျပည္ပတင္ပုိ႔တဲ့ အ၀တ္အထည္မ်ားအတြက္လည္း အထည္ခ်ဳပ္ တြဲဘက္ပစၥည္းေတြ ၀ယ္ယူၾကပါတယ္။ တစ္ခ်ိန္တုန္းက ဘဂၤလားေဒ့ရွ္ အထည္ခ်ဳပ္က႑ဟာ အထည္ခ်ဳပ္ တြဲဘက္ပစၥည္းေတြကုိ အဓိကအားျဖင့္ ေဟာင္ေကာင္နဲ႔ တ႐ုတ္ႏုိင္ငံတုိ႔ထံမွ ၀ယ္ယူတင္သြင္းခဲ့ရပါတယ္။

 

Unicode

အထည်ချုပ်ကဏ္ဍမှာ ချုပ်ထည်တွေ ပြည်ပတင်ပို့ကြတဲ့အပြင် အထည်ချုပ် တွဲဘက်ပစ္စည်းပစ္စယာ Garment Accessories တွေ ထုတ်လုပ်တင်ပို့တာဟာ အလားအလာကောင်းတွေ ရှိနေပါတယ်။
ကမ္ဘာ့ဝယ်လက်တွေဟာ ချုပ်ထည်တွေ ထုတ်လုပ်တဲ့ နိုင်ငံတွေနဲ့ နီးနီးနားနားဆီမှ အထည်ချုပ် တွဲဘက်ပစ္စည်းပစ္စယာတွေ ဝယ်ယူလိုကြတယ်။ အာရှမှ အထည်ချုပ်တဲ့ နိုင်ငံတွေမှာ လုပ်ကိုင်တြဲ ချုပ်ထည်တွေအတွက် Garment Accessories တွေကို အာရှမှ ရယူလိုကြတယ်။ အရည်အသွေးပြည့်မီပြီး လိုချင်တဲ့ အရေအတွက်ကို လိုချင်တဲ့အချိန်မှာ ရရှိလိုကြတယ်။ အဲဒီလိုအင်ကို ဘင်္ဂလားဒေ့ရှ်က ဖြည့်ဆည်းပေးနိုင်တာမို့ Garment Accessories ပြည်ပတင်ပို့မှု တန်ဖိုးပမာဏ တစ်ဟုန်ထိုး တိုးများလာနေတာကို တွေ့ရတယ်။
Bangladesh Garment Accessories and Packaging Manufacturers and Exporters Association (BGAPMEA)မှ ထုတ်ပြန်တဲ့ အချက်အလက်များအရ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ အထည်ချုပ် တွဲဘက်ပစ္စည်း ပို့ကုန် ကန်ဒေါ်လာ ၆.၁၂ ဘီလျံဖိုး ရှိခဲ့ပြီး အဲဒီအထဲမှာ ကန်ဒေါ်လာ ၁.၁၂ ဘီလျံဟာ ကမ္ဘာ့ဝယ်လက်တွေထံ တိုက်ရိုက်တင်ပို့တာ ဖြစ်ပါတယ်။ ကျန်တဲ့ ကန်ဒေါ်လာ ၅ ဘီလျံဖိုးကတော့ တစ်ဆင့်ခံတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ပြည်တွင်းမှ အထည်ချုပ်လုပ်ငန်းတွေရဲ့ တွဲဘက်ပစ္စည်း လိုအပ်ချက်ကို ၉ဝ% ဝန်းကျင်အထိ ဖြည့်သွင်းပေးလျက် ရှိပါတယ်။ တစ်နည်းပြောရရင် အဲဒီတွဲဘက်ပစ္စည်းတွေ သုံးစွဲထားတဲ့ ချုပ်ထည် အဝတ်အစားတွေ ပြည်ပတင်ပို့တဲ့အခါမှာ အဲဒီတွဲဘက်ပစ္စည်းတွေလည်း အဝတ်အစေားတွမှာ အတူပါသွားတာမို့ ပြည်ပသို့ တစ်ဆင့်ခံတင်ပို့ခြင်း ဖြစ်ပါတယ်။

Garment Accessories ထုတ်လုပ်တဲ့ကဏ္ဍမှာ အများစုဟာ အသေးစားနဲ့ အလတ်စား လုပ်ငန်း (SME) ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အထည်ချုပ် တွဲဘက်ပစ္စည်းကဏ္ဍမှာ စက်ရုံစုစုပေါင်း ၁၅၆ဝ ခုဝန်းကျင် ရှိနပြေီး လုပ်သားအင်အား ၄ သိန်းကျော် ရှိပါတယ်။

တန်ဖိုးဖြည့်ထည့်နှုန်းက ၄ဝ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ထုတ်လုပ်လျက် ရှိတဲ့ တွဲဘက်ပစ္စည်းတွေမှာ လေဘယ်၊ ဇစ်၊ တက်၊ တိပ်၊ အပ်ချည်၊ ဖဲကြိုး၊ ကြယ်သီး၊ ဇာ။ တွယ်ချိတ်၊ စက္ကူ အစရှိတာတွေ ပါဝင်ပါတယ်။

တင်ပို့ရတဲ့နိုင်ငံတွေမှာ နယသာလန်၊ တောင်အာဖရိက၊ ပါကစ္စတန်၊ အိနိဒယ၊ တရုတ်၊ အီသီယိုးပီးယား၊ အင်ဒိုနီးရှား၊ အီတလီ၊ သီရိလင်္ကာ၊ ဂျာမနီ၊ သြစတီးယားတို့ ပါဝင်ပါတယ်။

အာရှမှာ အဝတ်အထည် လာချုပ်တဲ့ လုပ်ငန်းတွေဟာ
မြန်မာ၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယား၊ သီရိလင်္ကာစတဲ့ နိုင်ငံတို့မှာ အထည်ချုပ်တဲ့ လုပ်ငန်းကြီးတွေကလည်း ဘင်္ဂလားဒေ့ရှ်မှ တွဲဘက်ပစ္စည်းများကို မှာယူသုံးစွဲကြပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ချုပ်လုပ်ပြီး ပြည်ပတင်ပို့တဲ့ အဝတ်အထည်များအတွက်လည်း အထည်ချုပ် တွဲဘက်ပစ္စည်းတွေ ဝယ်ယူကြပါတယ်။

တစ်ချိန်တုန်းက ဘင်္ဂလားဒေ့ရှ် အထည်ချုပ်ကဏ္ဍဟာ အထည်ချုပ် တွဲဘက်ပစ္စည်းတွေကို အဓိကအားဖြင့် ဟောင်ကောင်နဲ့ တရုတ်နိုင်ငံတို့ထံမှ ဝယ်ယူတင်သွင်းခဲ့ရပါတယ်။

Read 890 times
Rate this item
(0 votes)