What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုဗစ်ကာလအတွင်း မြန်မာနိုင်ငံ အထည်အလိပ် တင်ပို့မှုတန်ဖိုး ဒေါ်လာ ၄.၂၈ ဘီလီယံရှိ

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အောက်တိုဘာ ၁ ရက်မှ သြဂုတ်လ ၃၁ ရက်အတွင်း မြန်မာနိုင်ငံသည် အထည်များကို ဒေါ်လာ ၄.၂၈ ဘီလီယံတန်ဖိုးရှိ cut-make-pack (CMP) စနစ်ဖြင့် တင်ပို့ခဲ့သည်ဟု ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

 

သို့သော် Coronavirus ကူးစက်ရောဂါဖြစ်ပွားပြီးနောက် CMP အထည်ချုပ်စက်ရုံအချို့သည် ကုန်ကြမ်းများ မရှိခြင်းကြောင့် ထောင်နှင့်ချီသော အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်။ ၂၀၁၉ အောက်တိုဘာ ၁ ရက် မှ ၂၀၂၀ စက်တင်ဘာ ၃၀ ရက်နေ့ အထိမှာ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ် ဖြစ်ပါတယ်။

 

၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် CMP အထည်များ၏တင်ပို့မှုတန်ဖိုးမှာ ကန်ဒေါ်လာ သန်း ၈၅၀ သာ ရှိသော်လည်း ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် နှစ်ခုထက် သုံးဆ တိုးခဲ့တယ်။ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ထိုတင်ပို့မှုမှ ဒေါ်လာ ၂ ဘီလီယံ ရရှိခဲ့ပါတယ်။

 

အဆိုပါ ကိန်းဂဏန်းသည် ၂၀၁၇-၁၈ ခုနှစ်အတွင်း ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၂.၅ ဘီလီယံနှင့် ၂၀၁၈ ခုနှစ် ဘတ်ဂျက်အသေးစားကာလတွင် (ဧပြီလမှ စက်တင်ဘာလအထိ) ဒေါ်လာ ၂.၂ ဘီလီယံအထိ တိုးတက်လာခဲ့တယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ၎င်းသည် ဒေါ်လာ ၄.၆ ဘီလီယံအထိ ကြီးထွားလာခဲ့သည်ဟု ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့တယ်။

 

မြန်မာနိုင်ငံ၏ပို့ကုန်ကဏ္ဍတွင် ၃၀ ရာခိုင်နှုန်း ပါဝင်သော CMP အထည်ချုပ်လုပ်ငန်းသည် ဥရောပနိုင်ငံများမှ အမှာစာများ ပယ်ဖျက်ခြင်းနှင့် ကူးစက်ရောဂါများကြားတွင် အနောက်နိုင်ငံများမှကုန်သွယ်မှုကို ဆိုင်းငံ့ခြင်းတို့ကြောင့် ဆုတ်ယုတ်ကျဆင်းနေသော အလားအလာကို ကြိုတင်ပြင်ဆင်နေသည်ဟု နိုင်ငံတကာ မီဒီယာများတွင် ဖော်ပြထားပါတယ်။

 

မြန်မာနိုင်ငံ၏ CMP အထည်ချုပ်လုပ်ငန်း ၃၀ ရာခိုင်နှုန်းမှာ ပို့ကုန်ကဏ္ဍတွင် ပါဝင်လာတာကို တွေ့ရပြီး ဥရောပနိုင်ငံများတွင် ကူးစက်ပျံ့နှံ့နေမှုကြောင့် ကုန်သွယ်မှုကို ဆိုင်းငံ့ထားကြောင်း မီဒီယာသတင်းများ၏ဖော်ပြချက်အရ သိရပါတယ်။

 

By THO (Myanmar Textile & Garment Guide)

Ref: fibre2fashion.com

Read 991 times
Rate this item
(1 Vote)