What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဂျပန်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ အထည်အလိပ် နှင့် စိုက်ပျိုးရေးစီမံကိန်းများအတွက် ငွေကြေးအထောက်အပံ့ပေးသည်။

ဂျပန်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ အထည်အလိပ် နှင့် စိုက်ပျိုးရေးစီမံကိန်းများအတွက်  ငွေကြေးအထောက်အပံ့ပေးသည်။ Google

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ် Koji Haneda သည် အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သော (OISCA) ၏

 

အပြည်ပြည်ဆိုင်ရာစက်မှုလုပ်ငန်း ကိုယ်စားလှယ်များနှင့် ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှုတိုးတက်ရေး အဖွဲ့(OISCA) ၏

 

ဌာနကိုယ်စားလှယ် Yukihiro Ishibashi တို့သည် ဂျပန်နိုင်ငံ သံရုံးတွင် သစ်ထုတ်လုပ်ရေးသဘောတူညီချက်ကိုမကြာသေးမီက

 

သဘောတူညီခဲ့သည်။

ဖိလစ်ပိုင်လူမျိုးများသည် ဘာရွန်းဂါးဂါးကဲ့သို့သော ရိုးရာဝတ်ဆုံများအတွက် လိုအပ်သော ကုန်ကြမ်းများကို

 

အခြားနိုင်ငံများမှတင်သွင်း အများဆုံးတင်သွင်းလျက်ရှိသည်။

 

ဂျပန်သံရုံး၏ ထုတ်ပြန်ချက်အရ ဖိလစ်ပိုင်အစိုးရသည် နိုင်ငံအတွင်းရှိ ဖိလစ်ပိုင်အထည်ချုပ်လုပ်ငန်းများ


ပိုးချည်များထုတ်လုပ်ရန်အတွက် လိုအပ်သောကုန်ကြမ်းကို သစ်တောများမှထုတ်လုပ်မည်ဖြစ်သည်။


ထိုသို့ထုတ်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နိုင်ရန် လိုအပ်သော အထောက်အပံ့ များအတွက် OISCA နှင့်အရေးပါသော

 

စီမံကိန်းတစ်ခုကို ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

 

၎င်းစီမံကိန်းတွင် ပြည်နယ် ၇ ခုဖြစ်သော Benguet၊ Nueva Vizcaya၊ Aklan, Iloilo၊ Antique၊ Misamis Oriental နှင့်

 

Negros Occidental တို့သည် သစ်တောစိုက်ပျိုးရေးလုပ်ငန်းများတိုးချဲ့ခြင်း ၊ စိုက်ပျိုးရေးတောင်သူများအတွက် ကာလတို

 

သင်တန်းများနှင့် ပိုးစာကွင်းပြင်ပြုပြင်ထိန်းသိမ်းခြင်းတို့အတွက်ခေါင်းဆောင်မှု ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲများကို မြင်တွေ့ရလိမ့်မည်။

 

ဂျပန် NGO စီမံကိန်းများအတွက် Grant Assistance ၊ ဂျပန်နိုင်ငံ၏ တရားဝင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ODA ၏

 

အသေးစားငွေထောက်ပံ့ရေးအစီအစဉ်မှ တစ်ဆင့်စုစုပေါင်းဒေါ်လာ ၄၇၃၃၂၉ ဒေါ်လာကို ထောက်ပံပေးသည်။

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>















 

Reference;fibre2fashion.com

Myanmar Textile and Garment Directory

Read 944 times
Rate this item
(0 votes)
Tagged under