၂၀၁၉ ခုနှစ်အတွင်းမှာ ဗီယက်နမ်နိုင်ငံက ချည်ထည် တန်ချိန် ၂.၅ သန်းတန်ကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။
Vietnam Textile and Apparel Association (VITAS) အသင်း ဥက္ကဌ Truong Van Cam, ၏ ထုတ်ပြန်ချက်အရ
အဆိုပါ တန်ချိန် ၂.၅ သန်းတန် ထဲမှ ၁.၅ သန်းတန် (ဒေါ်လာ ၄ ဘီလီယံတန်ဖိုး) ကို တင်ပို့နိုင်ခဲ့ကြောင်းသိရပါတယ်။
ယခုနှစ် တွင်လည်းချည်ထည်တင်ပို့မှု ခြောက်ကြိမ် ခန့်ရှိခဲ့ပြီး တန်ဖိုးငွေအားဖြင့် ၂.၁ ဘီလီယံတန်ဖိုးရှိကြောင်းသိရပါတယ်။
ပြီးခဲ့တဲ့နှစ် နဲ့ နှိုင်းယှဉ်လျှင် ချည်ထည်တင်ပို့မှု အလားလာ ကောင်းပြီးမျှော်လင့်ထားသည့်အတိုင်းအောင်မြင်မှု ရရှိနိုင်တယ်လို့
Truong Van Cam ကပြောကြားခဲ့ပါတယ်။
Free Trade agreements (FITA) က ထုတ်လုပ်သူများအား မိမိတို့၏ထုတ်လုပ်မှုကို ပိုမိုမြှင့်တင်ရန်လိုအပ်ကြောင်းပြောကြားခဲ့ပါတယ်။
လက်ရှိ အခြေအနေအရ တင်ပို့မှု အပိုင်းတွင် မိမိတို့ နိုင်ငံအနေဖြင့် အလားလာကောင်းများကို ပိုင်ဆိုင်ထားပြီး ထုတ်လုပ်မှုကို
ပိုမို မြှင့်တင်လိုက်ပါက Zara, H&M နှင့် Mango စတဲ့ Brand တွေလို နိုင်ငံတကာ ဈေးကွက်ကို ထိုးဖောက်နိုင်တယ်လို့
ပြောကြားခဲ့ကြောင်း ဗီယက်နမ် သတင်းမီဒီယာများက ဖော်ပြထားပါတယ်။
Reference;fibre2fashion.com
အထည်ချုပ်လုပ်ငန်းပေါင်း ၃၇၃ ခုကိုရှာရန်နှိပ်ပါ။
<<< Zawgyi ဖြင့်ဖတ်ရန် >>>
Myanmar Textile and Garment Directory