What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဗီယက်နမ်ရဲ့သားရေလုပ်ငန်းသည် အခြားကုန်ကြမ်းရင်းမြစ်များကို ရှာဖွေ

ဗီယက်နမ်ရဲ့သားရေလုပ်ငန်းသည် အခြားကုန်ကြမ်းရင်းမြစ်များကို ရှာဖွေ Fibre2Fashion

COVID-19 ကူးစက်ရောဂါရဲ့ ဆိုးကျိုးကြောင့် ဗီယက်နမ်သားရေနှင့် ဖိနပ်လုပ်ငန်းသည် ၀ယ်လိုအားတိုးတက်စေရန်နှင့် ကုန်ကြမ်းဝယ်လိုအားရင်းမြစ်အသစ်များကို ရှာဖွေနေတယ်လို့ သိရပါသည်။

 

ကုမ္ပဏီ တော်တော်များများသည် အိန္ဒိယ၊ ဥရောပ၊ စင်ကာပူနှင့် ဂျပန်စသည့် နိုင်ငံများမှကုန်ကြမ်းပစ္စည်းများကို ဝယ်ယူသုံးစွဲလျက်ရှိပြီး ကုန်ကြမ်းတွေရဲ့ ၇၀ ရာခိုင်နှုန်းကို တရုတ်က တင်သွင်းလျက်ရှိပါသည်။

 

သို့သော်လည်း ယခုလတွင် ဗီယက်နမ်က အကျိုးအမြတ် သက်ရောက်မှု အချို့ရှိပါသည်။ အဲ့တာကတော့ EU free trade agreement (EVFTA) က သားရေနှင့်ဖိနပ်လုပ်ငန်းတွေကို စျေးကွက်ချဲ့ထွင်ဖို့နှင့် အမှာစာတွေ ပိုရရှိစေရန်အတွက် ကူညီပေးခဲ့တယ်လို့ ဗီယက်နမ်သားရေ၊ ဖိနပ်နှင့်လက်ကိုင်အဖွဲ့အစည်း၏ အထွေထွေအတွင်းရေးမှူး Phan Thi Thanh Xuanက ပြောကြားခဲ့ပါသည်။

 

၎င်းအထည်ချုပ်လုပ်ငန်းက လုပ်ငန်းများ တစ်ခုနဲ့တစ်ခုချိတ်ဆက်မှု အားနည်းတာတွေကို ပိုအာရုံစိုက်ရန် လိုအပ်ကြောင်း ဗီယက်နမ်မီဒီယာတစ်ခုသို့ Phan Thi Thanh Xuanကပြောကြားခဲ့ပါသည်။

 

ဒါ့အပြင် သူမက တိုင်းပြည်အတွင်း ဖက်ရှင်လုပ်ငန်းဖွံ့ဖြိုးစေဖို့ သားရေ၊ ဖိနပ်၊ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများအတွက် သီးခြားညွှန်ကြားချက်များကိုလည်း ပေးခဲ့ပါသည်။

 

ယခုနှစ် ပထမခုနစ်လတာ ကာလအတွင်း ထုတ်လုပ်မှုနှင့် ကုန်သွယ်ရေး လုပ်ငန်းများနှင့်ပတ်သက်တဲ့ အစီရင်ခံစာအရ သားရေနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်မှုသည် အရင်လကထက် ၇.၆ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ၂၀၁၉ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၄.၄ ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။

 

ဒါ့အပြင် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာအရ ၂၀၂၀ခုနှစ်၏ပထမခုနစ်လနှင့် ယမန်နှစ်အလားတူကာလ နှိုင်းယှဉ်လျှင် ၄.၂ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်လို့ ဆိုပါသည်။

 

ပထမခုနစ်လလုံး အမျိုးမျိုးသော ဖိနပ်တင်ပို့မှုတန်ဖိုးက ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၉.၅၃ ဘီလီယံခန့်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၈ ရာခိုင်နှုန်းနီးပါးကျဆင်းခဲ့သည်။

 

ပထမခြောက်လအတွင်း အထည်ချုပ်လုပ်ငန်းအတွက် ကုန်ကြမ်းတင်သွင်းမှုမှာ ၁၄.၁ ရာခိုင်နှုန်းကျဆင်းသွားတယ်လို့ သိရပါတယ်။

 

By Myanmar Textile & Garment Guide

 

Ref:Fibre2Fashion

Read 772 times
Rate this item
(0 votes)
Tagged under