လက်ရှိ အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် ပြည်တွင်း၌ Mask များ ဈေးတက်ခြင်း ၊ ပစ္စည်း များပြတ်ခြင်း နှင့်
PPE မလုံလောက်ခြင်း စသည့်ပြဿနာများကို ကြုံတွေ့နေရပါတယ်။
ထိုပြဿနာများ ကိုဖြေရှင်းရန်အတွက် The Southern Gujarat Chamber of Commerce and Industry (SGCCI) သည်Surat နှင့်
Gujarat ဒေသတို့တွင် Mask နှင့် PPE ဝတ်စုံများအမြောက်အမြားကိုထုတ်လုပ်သွားမည်ဖြစ်ကြောင်း အိန္ဒိယ အထည်အလိပ်အသင်း
အတွင်းရေးမှူး Rav Capoor ကပြောကြားခဲ့ပါတယ်။
ထိုဒေသများကထုတ်လုပ်လိုက်သော ကာကွယ်ရေးပစ္စည်းများကို ပြည်သူများသို့ရောင်းချရန်အတွက် HLL Lifecare ကုမ္ပဏီကတာဝန်ယူ
ရောင်းချပေးသွားမှာပဲဖြစ်ပါတယ်။ HLL Lifecare ကုမ္ပဏီသည် အိန္ဒိယ အစိုးရနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ Mask နှင့်
ကာကွယ်ရေးပစ္စည်းများကို တရားဝင်ဖြန့်ဖြူးရောင်းချခွင့်ရရှိထားသော ကုမ္ပဏီတစ်ခုဖြစ်သည်။
SGCCI အသင်း Ketan Desai က Maskနှင့် PPE အထည်ထုတ်လုပ်သူများအား မိမိတို့၏ထုတ်ကုန်များကို HLL Lifecare သို့
ရောင်းချပေးရန်တိုက်တွန်းထားပါတယ်။ ထုတ်လုပ်သူများအနေဖြင့် ကာကွယ်ရေး ပစ္စည်းများကို တရားဝင်ခွင့်ပြုထားသော ကုမ္ပဏီသို့
မရောင်းချပဲ ကိုယ်တိုင်ဖြန့်ဖြူးရောင်းချသွားမည်ဆိုပါက တရားဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစိုးရကထုတ်ပြန်ထားပါတယ်။
ဓာတုပစ္စည်းဆိုင် ၁၈၈ ဆိုင်ကိုရှာရန်နှိပ်ပါ။
<<< Zawgyi ဖြင်ဖတ်ရန် >>>
ဓာတုပစ္စည်းဆိုင် ၁၈၈ ဆိုင်ကိုရှာရန်နှိပ်ပါ။
Myanmar Textile and Garment Directory