What's new
×
Warning
JUser: :_load: Unable to load user with ID: 845
အမေရိကန်နှင့်ချုပ်ဆိုထားသော ကုန်သွယ်ရေးသဘောတူညီချက်သည် အိန္ဒိယ ပို့ကုန်တင်ပို့မှု မြှင့်တင်ရေးကို များစွာ အထောက်အကူပြု
အမေရိကန်နှင့်ချုပ်ဆိုထားသော ကုန်သွယ်ရေးသဘောတူညီချက်သည် အိန္ဒိယ ပို့ကုန်တင်ပို့မှု မြှင့်တင်ရေးကို များစွာ အထောက်အကူပြု Google
အမေရိကန်နှင့် သဘောတူချုပ်ဆိုထားသော ကုန်သွယ်ရေးသဘောတူညီချက်သည် အိန္ဒိယနိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့မှု မြှင့်တင်ရေးကို
အထောက်အကူပြုလိမ့်မည် ဟု အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီးဌာန Piyush Goya ကပြောကြားခဲ့ပါတယ်။
ကိုရိုနာ ဗိုင်းယက်စ်ဖြစ်ပွားမှုနှင့် ပတ်သက်၍ မိမိတို့ အနေနှင့် စိုးရိမ်ပူပန်မှုများကို လျှော့ချကာ ထုတ်ကုန်များကို ပိုမိုထုတ်လုပ်သင့်ကြောင်း
ပြောကြားခဲ့ပါတယ်။ ဒါပြင့် လက်ရှိတရုတ်နိုင်ငံက ကုန်ကြမ်းများကို မထုတ်လုပ်နိုင်တော့တာကြောင့် အိမ်နီးချင်းနိုင်ငံများမှာ
ကုန်ကြမ်းအခက်အခဲများနှင့် ရင်ဆိုင်နေရပါတယ်။
ထိုသို့ အိမ်နီးချင်းနိုင်ငံများ ကုန်ကြမ်းအခက်အခဲများဖြစ်နေချိန်တွင် မိမိတို့နိုင်ငံအနေနဲ့ကုန်ကြမ်းများကို အိမ်နီးချင်းနိုင်ငံများသို့တင်ပို့နိုင်အောင်
ပိုမိုအားထုတ်ကြိုးပမ်းပြီး ပို့ကုန်တင်ပို့မှုကို မြှင့်တင်သင့်ကြောင်း ဝန်ကြီးကပြောကြားခဲ့ပါတယ်။
“ အမေရိကန်နိုင်ငံနှင့် ညှိနှိုင်းဆွေးနွေးမှုတွေက အိန္ဒိယနိုင်ငံအတွက် အကျိုးအတွက်ပါပဲ။
လက်ရှိအိန္ဒိယနိုင်ငံတွင် ပြည်တွင်းကုန်သွယ်ရေးပိုလျှံမှုများဖြစ်ပေါ်လျက်ရှိပြီး အမေရိကန်နှင့် ညှိနှိုင်းဆွေးနွေးမှုများ အဆင်ပြေပါက
ပို့ကုန်တွေအတွက် အခွင့်အလမ်းတွေပိုပွင့်လာမှာလို့” Piyush Goyaပြောကြားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံအနေနဲ့ အမေရိကန်နိုင်ငံ နှင့် ပိုမိုထိတွေ့ဆက်ဆံရန်လိုအပ်ပြီး အမေရိကန်ဈေးကွက်သည် မိမိတို့နိုင်ငံ၏ ထုတ်ကုန်များဖြစ်သော
အထည်လိပ် ၊ ကျောက်မျက်ရတနာ ၊ ဓာတု ပစ္စည်းနှင့် ဆေးဝါးပစ္စည်းများအတွက် အလားလာကောင်းများရှိသည်ကိုယုံကြည်ကြောင်း
ဝန်ကြီးကပြောကြားခဲ့ပါတယ်။
Source : Fiber2Fashion
ကလေးအဝတ်အထည်နှင့်အသုံးအဆောင်ဆိုင် ၆၄၅ ဆိုင်ရှာရန်နှိပ်ပါ။
<<< Zawgyi ဖြင့်ဖတ်ရန် >>>
လက်ရှိအိန္ဒိယနိုင်ငံတွင် ပြည်တွင်းကုန်သွယ်ရေးပိုလျှံမှုများဖြစ်ပေါ်လျက်ရှိပြီး အမေရိကန်နှင့် ညှိနှိုင်းဆွေးနွေးမှုများက အဆင်ပြေပါက
Source : Fiber2Fashion
Myanmar Textile and Garment Directory
Read 852 times
Rate this item
(0 votes)
Tagged under