၂၀၁၁ ခုနှစ် ၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ပါကစ္စနိုင်ငံသို့ နိုင်ငံအသီးသီး မှ ချည်ထည်ဝင်ရောက်လာမှု ၇.၈၆၁ သန်းကျော်
ဝင်ရောက်လာပြီး ပြီးခဲ့တဲ့ရာသီ၏ ဝင်ရောက်လာမှုနှုန်းထက် ၂၁.၀၉ ရာခိုင်နှုန်းထက် လျော့ နည်းနေကြောင်
း Pakistan Cotton Ginners’ Association (PCGA) ၏ ပြီးခဲ့တဲ့ အပတ်နောက်ဆုံးထုတ်ပြန်ချက် အရသိရသည်။
ဆက်လက်ပြီး အစီရင်ခံစာတွင် ဝါဂွမ်းအဓိက ထုတ်လုပ်သည့် ပန်ဂျပ်ပြည်နယ်က တစ်နှစ်လျှင် ဝါဂွမ်းထုတ်လုပ်မှု ၄.၄၆၇ သန်းအထိရှိခဲ့ပြီး ယခုနှစ်တွင်၂၄.၅၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းသိရသည်။
ထိုနည်းတူ ဆင်းဒ်ပြည်နယ် ၏ ဝါဂွမ်းတင်သွင်းမှုမှာလည်း ၁၆.၈၀ ရာခိုင်နှုန်းကျဆင်းသွားတယ် လို့ သိရပါတယ်။
၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာ ၁၅ ရက်နေ့အထိ တွက်ချက်ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့နှစ်က ပန်ဂျပ်တွင် အထည်အလိပ်နှင့် ပက်သတ်သည့် စက်ရုံပေါင်း ၃၆၅ ခုလည်ပတ်ခဲ့ပြီး ယခုနှစ်တွင် စက်ရုံပေါင်း ၃၂၀ သာလည်ပတ်ခဲ့ကြောင်းသိရသည်။
ထိုနည်းတူစွာပင် ဆင်းဒ်တွင်လည်း ပြီးခဲ့တဲ့နှစ်က စက်ရုံပေါင်း ၁၄၈ ခုလည်ပတ်ခဲ့ပြီး ယခုနှစ် တွင် ၁၀၄ ခုသာလည်ပတ်ခဲ့ကြောင်းသိရသည်။
<<< Zawgyi ဖြင့်ဖတ်ရန် >>>
Reference;fibre2fashion.com
Myanmar Textile and Garment Directory