What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မြန်မာနိုင်ငံအထည်ချုပ်စက်ရုံများအတွက် အရေးကြီးလိုအပ်နေသည့် ကုန်ကြမ်းပစ္စည်းများကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံ လေကြောင်း ၊ ကုန်ကြောင်းတို့ဖြင့် တင်သွင်း

မြန်မာနိုင်ငံအထည်ချုပ်စက်ရုံများအတွက် အရေးကြီးလိုအပ်နေသည့် ကုန်ကြမ်းပစ္စည်းများကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံ လေကြောင်း ၊ ကုန်ကြောင်းတို့ဖြင့် တင်သွင်း Google


မတ်လ ၁၇ ရက်နေ့ ည ၁၀ နာရီခန့် တရုတ်နိုင်ငံမှ Cago လေယာဉ် တစ်စီးစာ အထည်အလိပ်ကုန်ကြမ်း ၁၅ တန်ကို

 

မြန်မာနိုင်င်ငံသို့ ပို့ဆောင်ခဲ့ပါတယ်။

 

COVID 19 ရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံရှိ အထည်အလိပ်စက်ရုံများသည် ကုန်ကြမ်းများ ပြတ်လပ်လျက်ရှိပါတယ်။

 

ထိုကဲ့သို့ ကုန်ကြမ်းပြတ်လပ်မှုအခြေနေ ပိုမိုဆိုးရွားမလာစေရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊

 

မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး စီးပွားရေးဌာန၊

 

China Enterprise Chamber of Commerce in Myanmar (CECCM ) တို့ ပူးပေါင်းစီစဉ်မှုဖြင့် အထည်ချုပ် စက်ရုံများ

 

အတွက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းနှင့် လေ ကြောင်းလိုင်းများမှ

 

တင်ပို့လျက်ရှိကြောင်းသိရပါတယ်။


မူဆယ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ CMP ကုန်ကြမ်း မော်တော်ယာဉ် အစီး ၅၀ ခန့် နေ့စဉ်တင်သွင်းလျက်ရှိပြီး မတ်လ ၁၇ ရက်နေ့

 

ည (၁၀) နာရီအချိန်တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ကွမ်ကျိုးမြို့မှ AQ – 1359 Cargo ကုန်တင်လေယာဉ်ဖြင့် သယ်ဆောင်လာသည့်

 

ကုန်ကြမ်း ပစ္စည်းများမှာ ယနေ့ည ၁၀ နာရီခွဲတွင် ဆိုက်ရောက်ခဲ့ကြောင်း သိရပါတယ်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက အဆိုပါကုန်ကြမ်းပစ္စည်းများမှ

 

အထည်ချုပ်စက်ရုံ (၁၁) ရုံအတွက် အရေးပေါ် လိုအပ်လျက် ရှိသော ကုန်ကြမ်းပစ္စည်းများဖြစ်ကြောင်း ပြောကြားသည်။

 

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေ အတွင်းရေးမှူး၊ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း

 

တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် က "ကွမ်ကျိုးကနေ တိုက်ရိုက်လာခဲ့တဲ့လေယာဉ် ဖြစ်ပါတယ်။ စုစုပေါင်းကုန်ကြမ်း ၁၅ တန်ပါ။

 

အကောက်ခွန် ရှင်းလင်းရေး လုပ်ငန်းစဉ်တွေ မနက်ဖြန်မနက်ပြီးတာနဲ့ စက်ရုံတွေဆီပေးပို့မှာပါ။

 

တရုတ်နိုင်ငံဘက်က ဒီတစ်ခါအဆင်ပြေရင်ထပ်မံပေးပို့မယ့် အခြေအနေရှိပါတယ်။ ဟိုဘက်မှာ ကုန်ကြမ်း မပြတ်လပ်ဖို့လည်း လိုအပ်တာပေါ့နော်။

 

ဒီမှာလည်း ကုန်ကြမ်းရှိမှ လုပ်ငန်းတွေလည် ပတ်လို့ရမှာ ဖြစ်ပါတယ်။ လေယာဉ်စရိတ်က သင်္ဘောစရိတ်ထက်တော့ ပိုတာပေါ့။

 

အလုပ်ဆက်ရှိနေဖို့နဲ့ အလုပ်ဆက်လက် ပေးထားနိုင်ဖို့ကုန်ကြမ်းရှိမှ အဆင်ပြေတာမို့ အခုလိုချိတ် ဆက်နိုင်တဲ့အတွက် ဝမ်းသာမိတယ်"ဟု

 

ပြောကြားသည်။

 

မြန်မာနိုင်ငံ တရုတ်အထည်အလိပ် အထည်ချုပ်အသင်းဥက္ကဋ္ဌ ဦးစန်းခွန် က ကုန်ကြမ်းတွေ ပြတ်လပ်မှု မရှိစေဖို့အတွက် ရေကြောင်း၊

 

ကုန်းကြောင်း၊လေကြောင်းတွေနဲ့ သယ်ယူပို့ဆောင် နေပါတယ်။ လေယာဉ်နဲ့ တင်ပို့တာ ကုန်ကျစရိတ် ပိုများပါတယ်။

 

ဒါပေမယ့် တစ်ကယ်အရေးပေါ် လိုအပ်နေတဲ့ အတွက် ကုန်ကြမ်းကို လေယာဉ်နဲ့တင်ပို့တာပါ။ အရေးကြီးတဲ့ ကုန်ကြမ်း တွေပြတ်လပ်မှု

 

မရှိစေဖို့ အတွက်လည်း တင်ပို့နိုင်ဖို့ ကြိုးစားနေပါတယ် “ ဟု ပြောသည်။

ကိုရိုနာဗိုင်းရက်စ် ဂယက် ကြောင့် ယာယီနှင့် အပြီးပိတ်သိမ်းမည့် စက်ရုံအရေအတွက် ပိုများလာနိုင်သည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

 

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက “ တရုတ် အစိုးရနဲ့ တရုတ်လုပ်ငန်း ရှင်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု

 

ကျွန်တော်တို့ နိုင်ငံဘက်ကလည်း အကောက်ခွန်ရှင်းလင်းရေးတို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုတွေ

 

အားလုံးဝိုင်းပြီး လုပ်တဲ့အတွက် မြန်မြန်ဆန်ဆန်နဲ့ ကလေးတွေ အလုပ်လက်မဲ့ မဖြစ်အောင် အဆက်မပြတ် လုပ်နိုင် အောင်

 

ဖြစ်လာတဲ့အတွက် ကောင်းမွန်တဲ့ ရလဒ်တစ်ခု ရတယ်လို့ ယူဆပါတယ်။ ကုန်ကြမ်း ပြတ်လပ်မှုကြောင့် ရန်ကုန်မှာရှိတဲ့ အထည်ချုပ်စက်ရုံ ၂၀ လောက်

 

လုပ်ငန်း ရပ်ဆိုင်းထားရတယ်။ အထည်ချုပ်စက်ရုံတွေ ဆက်ပြီး ရပ်မသွားအောင် ဒီလို အစီအစဉ်မျိုးတွေ ဝိုင်းကြိုးစားသွားရမှာ ဖြစ်ပါတယ်။

 

ဒီလို ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်မှုတွေက ကျွန်တော်တို့အတွက် အင်အား ဖြစ်ပါတယ်။

 

အထည်ချုပ် လုပ်သားတွေအတွက် ကောင်းမွန်တဲ့ရလာဒ်တွေ ဆက်တိုက်ရလာမယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီးတွင် အထည်ချုပ်စက်ရုံပေါင်း ၄၀၀ ကျော်ရှိပြီး COVID-19 ရိုက်ခတ်မှုကြောင့် အထည်ချုပ်ကုန်ကြမ်းမျာ

 

ပြတ်လပ်ကာ ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံ ၂၀ ခန့် ရပ်နား ထားရကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များ

 

အသင်းက သိရသည်။

 

အပ်ချည်ဆိုင် ၈၅ ဆိုင်ကိုရှာရန်နှိပ်ပါ။

 

Source : Ministry Of Information

 

textile picture

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 

မတ္လ ၁၇ ရက္ေန႔ ည ၁၀ နာရီခန္႔ တရုတ္နိုင္ငံမွ Cago ေလယာဥ္ တစ္စီးစာ အထည္အလိပ္ကုန္ၾကမ္း ၁၅ တန္ကို ျမန္မာနိုင္င္ငံသို႔ ပို႔ေဆာင္ခဲ့ပါတယ္။

COVID 19 ရိုက္ခတ္မႈေၾကာင့္ ျမန္မာနိင္ငံရွိ အထည္အလိပ္စက္ရံုမ်ားသည္ ကုန္ၾကမ္းမ်ား ျပတ္လပ္လ်က္ရွိပါတယ္။

 

ထိုကဲ့သို႔ ကုန္ၾကမ္းျပတ္လပ္မႈအေျခေန   ပိုမိုဆိုးရြားမလာေစရန္အတြက္ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန၊ ျမန္မာႏိုင္ငံ အထည္ခ်ဳပ္ လုပ္ငန္းရွင္မ်ားအသင္းႏွင့္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံသံ႐ုံး စီးပြားေရး

 

ဌာန၊ China Enterprise Chamber of Commerce in Myanmar (CECCM ) တို႔ ပူးေပါင္းစီစဥ္မႈျဖင့္ အထည္ခ်ဳပ္ စက္႐ုံမ်ား အတြက္ လိုအပ္သည့္ ကုန္ၾကမ္းပစၥည္းမ်ားကို နယ္စပ္ကုန္သြယ္ေရး လမ္းေၾကာင္းႏွင့္

 

 ေလ ေၾကာင္းလိုင္းမ်ားမွ တင္ပို႔လ်က္ရွိေၾကာင္းသိရပါတယ္။

 

မူဆယ္နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမွ CMP ကုန္ၾကမ္း ေမာ္ေတာ္ယာဥ္ အစီး ၅၀ ခန႔္ ေန႔စဥ္တင္သြင္းလ်က္ရွိၿပီး မတ္လ ၁၇ ရက္ေန႔ ည (၁၀) နာရီအခ်ိန္တြင္ တ႐ုတ္ျပည္သူ႔သမၼတ ႏိုင္ငံ၊ ကြမ္က်ိဳးၿမိဳ႕မွ

 

AQ – 1359 Cargo ကုန္တင္ေလယာဥ္ျဖင့္ သယ္ ေဆာင္လာသည့္ ကုန္ၾကမ္း ပစၥည္းမ်ားမွာ ယေန႔ည ၁၀ နာရီခြဲတြင္ ဆိုက္ေရာက္ခဲ့ေၾကာင္း သိရပါတယ္။

စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာန ကုန္သြယ္ေရးဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးမင္းမင္းက အဆိုပါကုန္ၾကမ္းပစၥည္းမ်ားမွာ အထည္ခ်ဳပ္စက္႐ုံ (၁၁) ႐ုံအတြက္ အေရးေပၚ လိုအပ္လ်က္ ရွိေသာ

 

ကုန္ၾကမ္းပစၥည္းမ်ားျဖစ္ေၾကာင္း ေျပာၾကားသည္။

ျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ အေထြေထြ အတြင္းေရးမႉး၊ ျမန္မာႏိုင္ငံအထည္ခ်ဳပ္ လုပ္ငန္းရွင္မ်ားအသင္း တြဲဖက္အေထြေထြအတြင္းေရးမႉး ေဒၚခိုင္ခိုင္ႏြယ္ က "ကြမ္က်ိဳးကေန

 

တိုက္႐ိုက္လာခဲ့တဲ့ေလယာဥ္ ျဖစ္ပါတယ္။ စုစုေပါင္းကုန္ၾကမ္း ၁၅ တန္ပါ။ အေကာက္ခြန္ ရွင္းလင္းေရး လုပ္ငန္းစဥ္ေတြ မနက္ျဖန္မနက္ၿပီးတာနဲ႔ စက္႐ုံေတြဆီေပးပို႔မွာပါ။ တ႐ုတ္ႏိုင္ငံဘက္က ဒီတစ္ခါအဆင္ေျပရင္

 

ထပ္မံေပးပို႔မယ့္ အေျခအေနရွိပါတယ္။ ဟိုဘက္မွာ ကုန္ၾကမ္း မျပတ္လပ္ဖို႔လည္း လိုအပ္တာေပါ့ေနာ္။ ဒီမွာလည္း ကုန္ၾကမ္းရွိမွ လုပ္ငန္းေတြလည္ ပတ္လို႔ရမွာ ျဖစ္ပါတယ္။ ေ

 

လယာဥ္စရိတ္က သေဘၤာစရိတ္ထက္ေတာ့ ပိုတာေပါ့။ အလုပ္ဆက္ရွိေနဖို႔နဲ႔ အလုပ္ဆက္လက္ ေပးထားႏိုင္ဖို႔ကုန္ၾကမ္းရွိမွ အဆင္ေျပတာမို႔ အခုလိုခ်ိတ္ ဆက္ႏိုင္တဲ့အတြက္ ၀မ္းသာမိတယ္"ဟု ေျပာၾကားသည္။

ျမန္မာႏိုင္ငံ တ႐ုတ္အထည္အလိပ္ အထည္ခ်ဳပ္အသင္းဥကၠ႒ ဦးစန္းခြန္ က ကုန္ၾကမ္းေတြ ျပတ္လပ္မႈ မရွိေစဖို႔အတြက္ ေရေၾကာင္း၊ ကုန္းေၾကာင္း၊ ေလေၾကာင္းေတြနဲ႔ သယ္ယူပို႔ေဆာင္ ေနပါတယ္။

 

ေလယာဥ္နဲ႔ တင္ပို႔တာ ကုန္က်စရိတ္ ပိုမ်ားပါတယ္။ ဒါေပမယ့္ တစ္ကယ္အေရးေပၚ လိုအပ္ေနတဲ့ အတြက္ ကုန္ၾကမ္းကို ေလယာဥ္နဲ႔တင္ပို႔တာပါ။ အေရးႀကီးတဲ့ ကုန္ၾကမ္း ေတြျပတ္လပ္မႈ မရွိေစဖို႔ အတြက္လည္း

 

တင္ပို႔ႏိုင္ဖို႔ ႀကိဳးစားေနပါတယ္ “ ဟု ေျပာသည္။

ျမန္မာႏိုင္ငံ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ ဦးျမင့္စိုးက “ တ႐ုတ္ အစိုးရနဲ႔ တ႐ုတ္လုပ္ငန္း ရွင္တို႔ရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈ ကြၽန္ေတာ္တို႔ ႏိုင္ငံဘက္ကလည္း အေကာက္ခြန္ရွင္းလင္းေရးတို႔ စီးပြားေရးႏွင့္

 

ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနတို႔ ပူးေပါင္းေဆာင္႐ြက္မႈေတြ အားလုံးဝိုင္းၿပီး လုပ္တဲ့အတြက္ ျမန္ျမန္ဆန္ဆန္နဲ႔ ကေလးေတြ အလုပ္လက္မဲ့ မျဖစ္ေအာင္ အဆက္မျပတ္ လုပ္ႏိုင္ ေအာင္ ျဖစ္လာတဲ့အတြက္ ေကာင္းမြန္တဲ့

 

ရလဒ္တစ္ခု ရတယ္လို႔ ယူဆပါတယ္။ ကုန္ၾကမ္း ျပတ္လပ္မႈေၾကာင့္ ရန္ကုန္မွာရွိတဲ့ အထည္ခ်ဳပ္စက္႐ုံ ၂၀ ေလာက္ လုပ္ငန္း ရပ္ဆိုင္းထားရတယ္။ အထည္ခ်ဳပ္စက္႐ုံေတြ ဆက္ၿပီး ရပ္မသြားေအာင္ ဒီလို အစီအစဥ္မ်ိဳးေတြ

 

ဝိုင္းႀကိဳးစားသြားရမွာ ျဖစ္ပါတယ္။ ဒီလို ထိထိေရာက္ေရာက္ ပူးေပါင္းေဆာင္႐ြက္မႈေတြက ကြၽန္ေတာ္တို႔အတြက္ အင္အား ျဖစ္ပါတယ္။ အထည္ခ်ဳပ္ လုပ္သားေတြအတြက္ ေကာင္းမြန္တဲ့ရလာဒ္ေတြ ဆက္တိုက္ရလာမယ္လို႔

 

ယုံၾကည္ပါတယ္ ဟု ေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီးတြင္ အထည္ခ်ဳပ္စက္႐ုံေပါင္း ၄၀၀ ေက်ာ္ရွိၿပီး COVID-19 ႐ိုက္ခတ္မႈေၾကာင့္ အထည္ခ်ဳပ္ကုန္ၾကမ္းမ်ား ျပတ္လပ္ကာ ရန္ကုန္ၿမိဳ႕ရွိ အထည္ခ်ဳပ္စက္႐ုံ ၂၀ ခန႔္ ရပ္နား ထားရေၾကာင္း ျမန္မာႏိုင္ငံ

 

အထည္ခ်ဳပ္ လုပ္ငန္းရွင္မ်ား အသင္းက သိရသည္။

Source : Ministry Of Information

အပ်ချည်ဆိုင် ၈၅ ဆိုင်ကိုရှာရန်နှိပ်ပါ။

 

Myanmar Textile and Gament Directory

Read 3149 times
Rate this item
(0 votes)
Tagged under