What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကုန်ကြမ်းဝယ် ကုန်ချောပြန်ပို့ သဘောတူညီချက်ဖြင့် အင်ဒိုနီးရှားတွင် PPE ထုတ်လုပ်

အင်ဒိုနီးရှားသည် တောင်ကိုရီးယားကို ကုန်ကြမ်းရောင်းချတင်ပို့ပေးသည့်အတွက်

ချုပ်လုပ်ပြီးစီးသည့် PPE (Personal protective equipment) ဝတ်စုံများကို မဖြစ်မနေ ပြန်လည်တင်ပို့ရမည် ဖြစ်သည်။

ပြည်တွင်း PPE ထုတ်လုပ်မှု လိုအပ်ချက်များကို ဖြည့်ဆည်းရန် အစိုးရမှ ကုန်ကြမ်းများကို ၀ ယ်ယူပြီးနောက် အင်ဒိုနီးရှားသည် တောင်ကိုရီးယားသို့ ကုန်ကြမ်းတင်ပို့ပေးခြင်းအတွက် အဆင်သင့်အသုံးပြုနိုင်သည့် တစ်ကိုယ်ရေအကာအကွယ်ပစ္စည်း (PPE) ဝတ်စုံများကို တင်ပို့ရမည်ဟု COVID-19 လုပ်ငန်းအဖွဲ့၏ အကြီးအကဲ Doni Monardo က ပြောကြားခဲ့သည်။

ဗွီဒီယိုကွန်ဖရင့်မှ သမ္မတဂျိုကိုဝီနှင့် တွေ့ဆုံပြီးနောက် အမျိုးသားသဘာဝဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီ (BNPB) မှအကြီးအကဲက မည်သည့်နိုင်ငံကမျှ မိမိ၏လိုအပ်ချက်များကို မိမိဘာသာ ဖူလုံစွာဖြင့် ဖြည့်ဆည်းနိုင်မည် မဟုတ်ကြောင်း ကျေးဇူးပြု၍ နားလည်ပါ။

ဤကုန်သွယ်ရေး သဘောတူညီချက်မျိုးသည် နိုင်ငံများအကြား ပြုနေကျ ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အခြားနိုင်ငံများနှင့် ယခုလို သဘောတူညီချက် မရယူခြင်းကြောင့် ကုန်ကြမ်းြပတ်လပ်မည့်အရေးကို ကြုံရလိမ့်မည်ဖြစ်ကြောင်း Doni က ပြောသည်။

"အခြားတိုင်းပြည်တွေက ကျွန်တော်တို့ နိုင်ငံကို PPE အတွက် ကုန်ကြမ်းများ ပို့ပေးပြီး ကျွန်တော်တို့က ချပ်ပြီးသား PPE တွေမှာ အချို့အဝက်ကို သူတို့ဆီ ပြန်ပို့မပေးတာ မဖြစ်သင့်ပါဘူး။ နောက်တစ်ကြိမ် ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်နိုင်တော့မှာ မဟုတ်ဘူး။ ရှေ့ဆက် နောက်ထပ် ကုန်ကြမ်းတွေရဖို့ အလွန်အရေးကြီးတယ်" ဟု Doni က ပြောသည်။


ယခင်ဘဏ္ဍာရေးဝန်ကြီးသီရိမူလျူနီက ပြောကြားရာတွင် အင်ဒိုနီးရှားသည် ကမ္ဘာပေါ်တွင် PPE ထုတ်လုပ်သူများအနေဖြင့် တောင်ကိုရီးယားနှင့် ဂျပန်အပါအဝင် အခြားနိုင်ငံများနှင့် ၎င်းတို့၏ PPE ကုန်ကြမ်းထောက်ပံ့မှုကို ပံ့ပိုးရန် သဘောတူညီမှုရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အင်ဒိုနီးရှား၏ ကုန်သွယ်ရေးလုပ်ဖော်ကိုင်ဖက်များသည် ပြည်တွင်းမှာ PPE လိုအပ်နေကြောင်း နားလည်သောကြောင့် အစိုးရအနေဖြင့် PPE တင်ပို့မှုသည် ပြည်တွင်းထောက်ပံ့မှုကို ထိခိုက်လိမ့်မည်မဟုတ်ကြောင်း သူကပြောကြားခဲ့သည်။
နိုင်ငံများစွာတွင် PPE အသည်းအသန် လိုအပ်နေပြီး အားချင်းထောက်ပံ့ရန် လိုအပ်ကြောင်းလည်းပြောကြားခဲ့သည်။ “ ဒါပေမဲ့ PPE ထုတ်လုပ်သူ မရှိတဲ့တခြားနိုင်ငံတွေကို မကူညီခင်မှာ ကျွန်တော်တို့ဟာ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးသင့်တယ် ဆိုတာကို တောင်ကိုရီးယားနဲ့ဂျပန်တို့က သဘောတူခဲ့ကြပါတယ် ” ဟု သူက ပြောသည်။

National Mandate Party (PAN) ဥပဒေပြုအမတ် Saleh Daulay က COVID-19 ကူးစက်ပျံ့နှံ့မှုကြားတွင် အစိုးရ၏လုပ်ဆောင်မှုကို ဝေဖန်ပြောကြားခဲ့သည်။ PPE အတွက် ပြည်တွင်းလိုအပ်ချက် ပြည့်ပြည့်ဝဝ မပြည့်စုံသေးသဖြင့် စိုးရိမ်ဖွယ်ရာဖြစ်သည်ဟု ပြောကြားခဲ့သည်။

Saleh က kompas.com သို့ပြောကြားရာတွင် နိုင်ငံအတွင်း PPE လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ခြင်းကြောင့် ၎င်းသည် လူ့အသိုင်းအဝိုင်းအတွက် စိုးရိမ်ဖွယ်ရာဖြစ်နေသည်ဟု သောကြာနေ့က ပြောကြားခဲ့သည်။ အစိုးရအနေဖြင့် အမျိုးသားတန်ပြန်အစီအမံများအတွက် အရင်းအမြစ်အားလုံးကို ဦးစားပေးသင့်ကြောင် းထပ်မံပြောကြားခဲ့သည်။

အစိုးရက ပြောကြားရာတွင် ၎င်းသည် တစ်နေ့လျှင် PPE ၁၆,၀၀၀ ထုတ်လုပ်ရန် ရည်ရွယ်ထားပြီးဧပြီလ ၉ ရက်မှစ၍ အင်ဒိုနီးရှားရှိပြည်နယ်အားလုံးသို့ PPE ၇၀၀,၀၀၀ အထိ ဖြန့်ဝေမည်ဟုကြေငြာခဲ့ပြီး နောက်ထပ် ၃၀၀,၀၀၀ ကို ဖြန့်ဝေရန် အစီအစဉ် ရှိသည်။

jakartapost.com

 

zawgyi

ကုန္ၾကမ္းဝယ္ ကုန္ေခ်ာျပန္ပို႔ သေဘာတူညီခ်က္ျဖင့္ အင္ဒိုနီးရွားတြင္ PPE ထုတ္လုပ္

အင္ဒိုနီးရွားသည္ ေတာင္ကိုရီးယားကို ကုန္ၾကမ္းေရာင္းခ်တင္ပို႔ေပးသည့္အတြက္ ခ်ဳပ္လုပ္ၿပီးစီးသည့္ PPE (Personal protective equipment) ဝတ္စုံမ်ားကို မျဖစ္မေန ျပန္လည္တင္ပို႔ရမည္ ျဖစ္သည္။

ျပည္တြင္း PPE ထုတ္လုပ္မႈ လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းရန္ အစိုးရမွ ကုန္ၾကမ္းမ်ားကို ၀ ယ္ယူၿပီးေနာက္ အင္ဒိုနီးရွားသည္ ေတာင္ကိုရီးယားသို႔ ကုန္ၾကမ္းတင္ပို႔ေပးျခင္းအတြက္ အဆင္သင့္အသုံးျပဳႏိုင္သည့္ တစ္ကိုယ္ေရအကာအကြယ္ပစၥည္း (PPE) ဝတ္စုံမ်ားကို တင္ပို႔ရမည္ဟု COVID-19 လုပ္ငန္းအဖြဲ႕၏ အႀကီးအကဲ Doni Monardo က ေျပာၾကားခဲ့သည္။

ဗြီဒီယိုကြန္ဖရင့္မွ သမၼတဂ်ိဳကိုဝီႏွင့္ ေတြ႕ဆုံၿပီးေနာက္ အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ေလ်ာ့ပါးေရးေအဂ်င္စီ (BNPB) မွအႀကီးအကဲက မည္သည့္ႏိုင္ငံကမွ် မိမိ၏လိုအပ္ခ်က္မ်ားကို မိမိဘာသာ ဖူလုံစြာျဖင့္ ျဖည့္ဆည္းႏိုင္မည္ မဟုတ္ေၾကာင္း ေက်းဇူးျပဳ၍ နားလည္ပါ။

ဤကုန္သြယ္ေရး သေဘာတူညီခ်က္မ်ိဳးသည္ ႏိုင္ငံမ်ားအၾကား ျပဳေနက် ျဖစ္ေၾကာင္း၊ အင္ဒိုနီးရွားႏိုင္ငံအေနျဖင့္ အျခားႏိုင္ငံမ်ားႏွင့္ ယခုလို သေဘာတူညီခ်က္ မရယူျခင္းေၾကာင့္ ကုန္ၾကမ္းျပတ္လပ္မည့္အေရးကို ႀကဳံရလိမ့္မည္ျဖစ္ေၾကာင္း Doni က ေျပာသည္။

"အျခားတိုင္းျပည္ေတြက ကြၽန္ေတာ္တို႔ ႏိုင္ငံကို PPE အတြက္ ကုန္ၾကမ္းမ်ား ပို႔ေပးၿပီး ကြၽန္ေတာ္တို႔က ခ်ပ္ၿပီးသား PPE ေတြမွာ အခ်ိဳ႕အဝက္ကို သူတို႔ဆီ ျပန္ပို႔မေပးတာ မျဖစ္သင့္ပါဘူး။ ေနာက္တစ္ႀကိမ္ ပူးေပါင္းေဆာင္႐ြက္ဖို႔ ျဖစ္ႏိုင္ေတာ့မွာ မဟုတ္ဘူး။ ေရွ႕ဆက္ ေနာက္ထပ္ ကုန္ၾကမ္းေတြရဖို႔ အလြန္အေရးႀကီးတယ္" ဟု Doni က ေျပာသည္။


ယခင္ဘ႑ာေရးဝန္ႀကီးသီရိမူလ်ဴနီက ေျပာၾကားရာတြင္ အင္ဒိုနီးရွားသည္ ကမာၻေပၚတြင္ PPE ထုတ္လုပ္သူမ်ားအေနျဖင့္ ေတာင္ကိုရီးယားႏွင့္ ဂ်ပန္အပါအဝင္ အျခားႏိုင္ငံမ်ားႏွင့္ ၎တို႔၏ PPE ကုန္ၾကမ္းေထာက္ပံ့မႈကို ပံ့ပိုးရန္ သေဘာတူညီမႈရရွိခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။ ထို႔ျပင္ အင္ဒိုနီးရွား၏ ကုန္သြယ္ေရးလုပ္ေဖာ္ကိုင္ဖက္မ်ားသည္ ျပည္တြင္းမွာ PPE လိုအပ္ေနေၾကာင္း နားလည္ေသာေၾကာင့္ အစိုးရအေနျဖင့္ PPE တင္ပို႔မႈသည္ ျပည္တြင္းေထာက္ပံ့မႈကို ထိခိုက္လိမ့္မည္မဟုတ္ေၾကာင္း သူကေျပာၾကားခဲ့သည္။
ႏိုင္ငံမ်ားစြာတြင္ PPE အသည္းအသန္ လိုအပ္ေနၿပီး အားခ်င္းေထာက္ပံ့ရန္ လိုအပ္ေၾကာင္းလည္းေျပာၾကားခဲ့သည္။ “ ဒါေပမဲ့ PPE ထုတ္လုပ္သူ မရွိတဲ့တျခားႏိုင္ငံေတြကို မကူညီခင္မွာ ကြၽန္ေတာ္တို႔ဟာ ျပည္တြင္းလိုအပ္ခ်က္ကို ျဖည့္ဆည္းေပးသင့္တယ္ ဆိုတာကို ေတာင္ကိုရီးယားနဲ႔ဂ်ပန္တို႔က သေဘာတူခဲ့ၾကပါတယ္ ” ဟု သူက ေျပာသည္။

National Mandate Party (PAN) ဥပေဒျပဳအမတ္ Saleh Daulay က COVID-19 ကူးစက္ပ်ံ႕ႏွံ႔မႈၾကားတြင္ အစိုးရ၏လုပ္ေဆာင္မႈကို ေဝဖန္ေျပာၾကားခဲ့သည္။ PPE အတြက္ ျပည္တြင္းလိုအပ္ခ်က္ ျပည့္ျပည့္ဝဝ မျပည့္စုံေသးသျဖင့္ စိုးရိမ္ဖြယ္ရာျဖစ္သည္ဟု ေျပာၾကားခဲ့သည္။

Saleh က kompas.com သို႔ေျပာၾကားရာတြင္ ႏိုင္ငံအတြင္း PPE လိုအပ္ခ်က္ကို မျဖည့္ဆည္းႏိုင္ျခင္းေၾကာင့္ ၎သည္ လူ႔အသိုင္းအဝိုင္းအတြက္ စိုးရိမ္ဖြယ္ရာျဖစ္ေနသည္ဟု ေသာၾကာေန႔က ေျပာၾကားခဲ့သည္။ အစိုးရအေနျဖင့္ အမ်ိဳးသားတန္ျပန္အစီအမံမ်ားအတြက္ အရင္းအျမစ္အားလုံးကို ဦးစားေပးသင့္ေၾကာင္ းထပ္မံေျပာၾကားခဲ့သည္။

အစိုးရက ေျပာၾကားရာတြင္ ၎သည္ တစ္ေန႔လွ်င္ PPE ၁၆,၀၀၀ ထုတ္လုပ္ရန္ ရည္႐ြယ္ထားၿပီးဧၿပီလ ၉ ရက္မွစ၍ အင္ဒိုနီးရွားရွိျပည္နယ္အားလုံးသို႔ PPE ၇၀၀,၀၀၀ အထိ ျဖန႔္ေဝမည္ဟုေၾကျငာခဲ့ၿပီး ေနာက္ထပ္ ၃၀၀,၀၀၀ ကို ျဖန႔္ေဝရန္ အစီအစဥ္ ရွိသည္။

jakartapost.com

Read 961 times
Rate this item
(0 votes)