What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ချုပ်လုပ်ပြီး အထည်များ တင်ပို့ရာတွင် ဈေးကွက်ချဲ့ထွင်ရေး ဆောင်ရွက်

မြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံများ တည်ထောင်ထားသည့် တောင်ကိုရီးယား အခြေစိုက် Pan Pacific Co.,Ltd က ချုပ်လုပ်ပြီး အထည်များ တင်ပို့ရာတွင် ဈေးကွက် ပိုမိုချဲ့ထွင်နိုင်ရေးဆောင်ရွက်နေကြောင်း ဆိုးလ်မြို့ မြန်မာသံရုံးက သတင်းထုတ်ပြန်သည်။

 

Pan Pacific Co.,Ltd သည် မြန်မာနိုင်ငံတွင် ၁၉၉၈ခုနှစ်မှ စတင်၍ အထည်ချုပ်စက်ရုံများ တည်ထောင်ခဲ့ပြီး လက်ရှိ ရန်ကုန်နှင့်ပဲခူးတိုင်းဒေသကြီးတို့ရှိ စက်ရုံ ၄ရုံတွင် မြန်မာလုပ်သား ၆၀၀၀ ခန့်ဖြင့် ချုပ်လုပ်ပြီး အထည်များကို ဥရောပဈေးကွက်သို့ အဓိက တင်ပို့လျက်ရှိသည်။

 

ကျွမ်းကျင်လုပ်သား ရှားပါးမှုပြဿနာများ၊ ရောဂါကာကွယ်ရေး အစီအမံများနှင့် စက်ရုံရှိ မြန်မာလုပ်သားများ၏ အလုပ်အကိုင်များ ဆက်လက်ထိန်းသိမ်းပေးနိုင်ရေးတို့ကို မြန်မာသံအမတ်ကြီးနှင့် Pan Pacific Co.,Ltd တာဝန်ရှိသူတို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Read 1375 times
Rate this item
(0 votes)