What's new

×

Warning

JUser: :_load: Unable to load user with ID: 845


2020ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ် အထည်အလိပ်ကဏ္ဌကို ကျော်တက်နိုင်ဖွယ်ရှိသော ဗီယက်နမ် အထည်အလိပ်ကဏ္ဌ

2020ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ် အထည်အလိပ်ကဏ္ဌကို ကျော်တက်နိုင်ဖွယ်ရှိသော ဗီယက်နမ် အထည်အလိပ်ကဏ္ဌ google

လက်ရှိဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘာ့အထည်အလိပ်စျေးကွက်တွင် ရှယ်ယာ ၆.၄ ရာခိုင်နှုန်းခန့်ပိုင်ဆိုင်ထားပြီး ကမ္ဘာ့ပေါ်တွင် ဒုတိယမြောက်အထည်အလိပ်အများဆုံးတင်ပို့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

သို့သော် အထည်တင်ပို့မှု အပိုင်းတွင် လျင်မြန်စွာစွာတိုးတက်လျက်ရှိသော် ဗီယက်နမ်နိုင်ငံသည် ယခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကျော်တက်ဖွယ်ရှိပါတယ်။

 

ဗိယက်နမ်နိုင်ငံသည် လက်ရှိ 2020 အကုန်တွင် အထည်တင်ပို့မှုကဏ္ဌမှ ဒေါ်လာ ၄၀ ဘီလီယံခန့် ရရှိနိုင်သည်ဟု နိုင်ငံ၏တာဝန်ရှိသူများက ခန့်မှန်းထားကြပါတယ်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လက်ရှိ ဘဏ္ဌရေးနှစ်၏ ပထမရှစ်လအတွင်းတွင် ၂၈.၈၄ ဘီလီယံခန့်တန်းဖိုးရှိသော အထည်များကို တင်ပို့နိုင်ခဲ့ပါတယ်။

 

သို့သော် နိုင်ငံ၏ ပို့ကုန်မြှင့်တင်ရေးဗျူရိုကိန်းဂဏန်းများနှင့် တွက်ချက်ကြည့်လျှင် အထည်ပို့ကုန် တင်ပို့မှု သည် တစ်နှလျှင် ၅.၅၃ ရာခိုင်နှုန်း ကျဆင်းလျက်ရှိကြောင်ူသိရပါတယ်။

 

ဝင်ငွေ အရတွက်ချက်ကြည့်မည်ဆိုလျှင်လည်း လက်ရှိဘဏ္ဌာရေးနှစ်၏ ပထမရှစ်လအတွင်း ၁၃.၄၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဒေါ်လာ ၂၅.၂၄ ဘီလီယံတန်ဖိုးရှိကြောင်

 

း ဘင်္ဂလားဒေ့ရှ်သတင်းမီဒီယာများ၏ ဖော်ပြချက်အရသိရပါတယ်။

 

ယခုကဲ့သို့ နိုင်ငံ၏ အထည်အလိပ်ကဏ္ဌ ကျဆင်းရခြင်းအကြောင်းအရင်းမှာ ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင် အထည်ချုပ်စက်ရုံ ၂၀၀ ခန့် ပိတ်သိမ်းသွားခြင်းကြောင်းဖြစ်ပါတယ်။

 

အဆိုပါစက်ရုံများအဓိကပိတ်သိမ်းရခြင်းအကြောင်းအရင်းများမှာ ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်တက်လာခြင်း ၊ ဈေးကွက်မတည်ငြိမ်ခြင်းများနှင့် လုပ်ခလစာ စသည်တို့ကြောင့် စက်ရုံပိုင်ရှင်များအနေဖြင့်

 

ငွေကြေးအခက်အခဲများကြုံတွေ့ ကာ ပိတ်သိမ်းလိုက်ရခြင်းဖြစ်တယ်လို့သိရပါတယ်။

 

ထိုကဲ့သို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထည်အလိပ် ကဏ္ဌ မတည်မငြိမ်ဖြစ်နေစဥ် တစ်ဖက်တွင်လည်းဗီယက်နမ်နိုင်ငံသည် EU နှင့်လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် ကို မကြာသေးမီက

 

လက်မှတ်ရေးထိုးလိုက်ကြောင်းသိရပါတယ်။ လက်ရှိတွင်နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများသည် ဗီယက်နမ်နိုင်ငံ၏ အထည်အလိပ်ကဏ္ဌတွင် အာရုံစိုက်လာလျက်ရှိပါတယ်။

 

ထို့ကြောင့် 2020 ခုနှစ်အတွင်း ဗီယက်နမ်အထည်အလိပ်ကဏ္ဌသည် ဘင်္ဂလားဒေ့ရှ်အထည်အလိပ်ကဏ္ဌ အားကျော်တက်နိုင်သည်ဟု ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းထားကြပါတယ်။

 

ဖက္ရွင္ဒီဇိုင္နာ ၅၀၃ ေယာက္ကိုရွာရန္ႏွိပ္ပါ။

 

COVID

<<<Zawgyi>>>

2020ခုႏွစ္အတြင္း ဘဂၤလားေဒ့ရွ္ အထည္အလိပ္ကဏၭကို ေက်ာ္တက္ႏိုင္ဖြယ္ရွိေသာ ဗီယက္နမ္ အထည္အလိပ္ကဏၭ လက္ရွိဘဂၤလားေဒ့ရွ္ႏိုင္ငံသည္ ကမာၻ႔အထည္အလိပ္ေစ်းကြက္တြင္

 

ရွယ္ယာ ၆.၄ ရာခိုင္ႏႈန္းခန္႔ပိုင္ဆိုင္ထားၿပီး ကမာၻ႔ေပၚတြင္ ဒုတိယေျမာက္အထည္အလိပ္အမ်ားဆုံးတင္ပို႔သည့္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္သည္။

 

သို႔ေသာ္ အထည္တင္ပို႔မႈ အပိုင္းတြင္ လ်င္ျမန္စြာစြာတိုးတက္လ်က္ရွိေသာ္ ဗီယက္နမ္ႏိုင္ငံသည္ ယခုႏွစ္အတြင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ေက်ာ္တက္ဖြယ္ရွိပါတယ္။

 

ဗိယက္နမ္ႏိုင္ငံသည္ လက္ရွိ 2020 အကုန္တြင္ အထည္တင္ပို႔မႈကဏၭမွ ေဒၚလာ ၄၀ ဘီလီယံခန္႔ ရရွိႏိုင္သည္ဟု ႏိုင္ငံ၏တာဝန္ရွိသူမ်ားက ခန္႔မွန္းထားၾကပါတယ္။

 

ဘဂၤလားေဒ့ရွ္ႏိုင္ငံသည္ လက္ရွိ ဘဏၭေရးႏွစ္၏ ပထမရွစ္လအတြင္းတြင္ ၂၈.၈၄ ဘီလီယံခန္႔တန္းဖိုးရွိေသာ အထည္မ်ားကို တင္ပို႔ႏိုင္ခဲ့ပါတယ္။

 

သို႔ေသာ္ ႏိုင္ငံ၏ ပို႔ကုန္ျမႇင့္တင္ေရးဗ်ဴ႐ိုကိန္းဂဏန္းမ်ားႏွင့္ တြက္ခ်က္ၾကည့္လွ်င္ အထည္ပို႔ကုန္ တင္ပို႔မႈ သည္ တစ္ႏွလွ်င္ ၅.၅၃ ရာခိုင္ႏႈန္း က်ဆင္းလ်က္ရွိေၾကာင္ူသိရပါတယ္။

 

ဝင္ေငြ အရတြက္ခ်က္ၾကည့္မည္ဆိုလွ်င္လည္း လက္ရွိဘဏၭာေရးႏွစ္၏ ပထမရွစ္လအတြင္း ၁၃.၄၃ ရာခိုင္ႏႈန္းက်ဆင္းခဲ့ၿပီး ေဒၚလာ ၂၅.၂၄ ဘီလီယံတန္ဖိုးရွိေၾကာင္း

 

ဘဂၤလားေဒ့ရွ္သတင္းမီဒီယာမ်ား ၏ ေဖာ္ျပခ်က္အရသိရပါတယ္။ ယခုကဲ့သို႔ ႏိုင္ငံ၏ အထည္အလိပ္ကဏၭ က်ဆင္းရျခင္းအေၾကာင္းအရင္းမွာ ၿပီးခဲ့သည့္ႏွစ္အနည္းငယ္အတြင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္

 

အထည္ခ်ဳပ္စက္႐ုံ ၂၀၀ ခန္႔ ပိတ္သိမ္းသြားျခင္းေၾကာင္းျဖစ္ပါတယ္။

 

အဆိုပါစက္႐ုံမ်ားအဓိကပိတ္သိမ္းရျခင္းအေၾကာင္းအရင္းမ်ားမွာ ထုတ္လုပ္မႈကုန္က်စရိတ္ ျမင့္တက္လာျခင္း ၊ ေဈးကြက္မတည္ၿငိမ္ျခင္းမ်ားႏွင့္ လုပ္ခလစာ စသည္တို႔ေၾကာင့္

 

စက္႐ုံပိုင္ရွင္မ်ားအေနျဖင့္ ေငြေၾကးအခက္အခဲမ်ားႀကဳံေတြ႕ ကာ ပိတ္သိမ္းလိုက္ရျခင္းျဖစ္တယ္လို႔သိရပါတယ္။

 

ထိုကဲ့သို ဘဂၤလားေဒ့ရွ္ႏိုင္ငံ၏ အထည္အလိပ္ ကဏၭ မတည္မၿငိမ္ျဖစ္ေနစဥ္ တစ္ဖက္တြင္လည္းဗီယက္နမ္ႏိုင္ငံသည္ EU ႏွင့္လြတ္လပ္ေသာ ကုန္သြယ္ေရးသေဘာတူညီခ်က္ ကို မၾကာေသးမီက

 

လက္မွတ္ေရးထိုးလိုက္ေၾကာင္းသိရပါတယ္။ လက္ရွိတြင္ႏိုင္ငံတကာ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားသည္ ဗီယက္နမ္ႏိုင္ငံ၏ အထည္အလိပ္ကဏၭတြင္ အာ႐ုံစိုက္လာလ်က္ရွိပါတယ္။

 

ထို႔ေၾကာင့္ 2020 ခုႏွစ္အတြင္း ဗီယက္နမ္အထည္အလိပ္ကဏၭသည္ ဘဂၤလားေဒ့ရွ္အထည္အလိပ္ကဏၭ အားေက်ာ္တက္ႏိုင္သည္ဟု ကြၽမ္းက်င္ပညာရွင္မ်ားက ခန္႔မွန္းထားၾကပါတယ္။

 

Myanmar Textile & Garment Directory

textile picture

Read 1339 times
Rate this item
(0 votes)
Tagged under