What's new

×

Warning

JUser: :_load: Unable to load user with ID: 845


၂ လခွဲအတွင်း ပြည်ပသို့ ချုပ်ထည်များ တင်ပို့မှု ဒေါ်လာ သန်း ၇၆၀ နီးပါး ရရှိ

ဘဏ္ဍာနှစ်တို ကြားကလာ ၂ လခွဲအတွင်း ပြည်ပသို့ CMP စနစ်ဖြင့် အထည်ချုပ်င်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၇၆၀ နီးပါး ရရှိထားပြီး ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၃၈၂ သန်း ပိုမိုရရှိခြင်း ဖြစ်သည်။

“ချုပ်ပြီးအထည်က မနှစ်က ဒေါ်လာ ၃၇၇ ဒသမ ၀၃၁ သန်း ဒီနှစ်က ၇၅၉ ဒသမ ၁၇၂ သန်း သူကတော့ ထက်ဝက်လောက်ကို တက်လာတယ်။ ၃၈၂ သန်းလောက်ကို ပိုရထားတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍ တိုးမြှင့်ရေး လုပ်ငန်များကို ဆောင်ရွက်ရာတွင် အထည်လိပ် လုပ်ငန်း (အထည်ချုပ်) ကဏ္ဍကို အဓိကဦးစားပေး အနေဖြင့် ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး ပို့ကုန်အမျိုးအစားဖြစ်သော CMP အထည်ချုပ် လုပ်ငန်းသည် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူပြုရာ၌ သိသာထင်ရှားသော အခန်းကဏ္ဍက ပါဝင်သည်။
လက်ရှိအချိန်တွင် မြန်မာ့ အထည်အလိပ်ကဏ္ဍမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာနေကြောင်းနှင့် မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် အ၀တ်အထည်များကို ဥရောပနိုင်ငံများနှင့် အာရှနိုင်ငံများမှ သုံးစွဲမှု မြင့်တက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးအောင်ထူးက ပြောကြားထားသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုကို လေ့လာကြည့်ပါက ၂၀၁၀ ပြည့်နှစ်တွင် အထည်ချုပ် တင်ပို့မှုတွင် အမေရိကန်ဒေါ်လာ ၃၃၇ သန်း ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် သုံးဆအထိမြင့် တက်လာခဲ့ပြီး ဒေါ်လာတစ်ဘီလီယံ နီးပါးခန့်အထိ ရောက်ရှိလာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

ထို့ပြင် ၂၀၁၅ ခုနှစ်တွင် ချုပ်ပြီးအထည် တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၆ ဘီလီယံအထိ ရှိလာခဲ့ပြီး မြန်မာနိုင်ငံ၏ စုစုပေါင်း ပို့ကုန်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းအထိ ရောက်ရှိလာသည်အထိ အ
ထည်ချုပ် လုပ်ငန်းများ တစ်ရှိန်ထိုး တိုးတက်လာခဲ့ကြောင်း၊ ပို့ကုန်ဈေးကွက်တွင်လည်း အီးယူဈေးကွက်သို့ တင်ပို့မှုမှာ ယခင်နှစ်များထက် ၂၀၁၅ ခုနှစ်တွင် ရာခိုင်နှုန်း ၈၀ အထိ မြင့်တက်လာခဲ့ကြောင်း သိရ
သည်။
မြန်မာနိုင်ငံတွင် အထည်ချုပ် လုပ်ငန်းများကို ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံသားပိုင် စက်ရုံများနှင့် နိုင်ငံခြား ကုမ္ပဏီများနှင့် အကျိုးတူ ဖက်စပ်လုပ်ကိုင်သည့် ပြည်တွင်းပြည်ပ ဖက်စပ်ကုမ္ပဏီများ အဖြစ် ဆောင်ရွက်နေခြင်းဖြစ်သည်။ ဖက်စပ်လုပ်ကိုင်သည့် ပြည်ပနိုင်ငံများတွင် ဂျပန်၊ တရုတ်၊ ကိုရီးယားနှင့် ထိုင်ဝမ် နိုင်ငံတို့မှ အများဆုံး လာရောက်လုပ်ကိုင် နေခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အထည်လိပ်နှင့် အထည်ချုပ်လုပ်ငန်းများကို ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံသားပိုင် စက်ရုံများနှင့် နိုင်ငံခြားကုမ္ပဏီများနှင့် အကျိုးတူ ဖက်စပ် လုပ်ကိုင်သည့် ပြည်တွင်းပြည်ပ ဖက်စပ်ကုမ္ပဏီများအဖြစ် ဆောင်ရွက်နေခြင်းဖြစ်သည်။ ဖက်စပ်လုပ်ကိုင်သည့် ပြည်ပနိုင်ငံများတွင် ဂျပန်၊ တရုတ်၊ ကိုရီးယားနှင့် ထိုင်ဝမ်နိုင်ငံတို့မှ အများဆုံး လာရောက်လုပ်ကိုင် နေခြင်းဖြစ်ကြောင်း သိရသည်။
ယခင်က အထည်ချုပ် စက်ရုံပေါင်း ၃၅၀ ကျော်သာ ရှိခဲ့ရာမှ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း ကဏ္ဍ၌ စက်ရုံပေါင်း ၄၀၀ ကျော်အထိ တိုးတက်လာခဲ့ကြောင်း သိရသည်။

Eleven Media Group

Read 1030 times
Rate this item
(0 votes)