What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အထည်ချုပ်လုပ်ငန်းများ ပြည်ပအော်ဒါမှာယူမှု မြင့်တက်

“အထည်ချုပ်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကလည်း ၀င်လာနေတယ်။ စက်ရုံအလုပ်ရုံတွေမှာ အော်ဒါအပ်တဲ့သူတွေကလည်း ရှိနေပါတယ်။

အော်ဒါမှာယူမှုအနေနဲ့ဆိုရင် ၂၀၁၇ မှာ ဂျပန်ကို အီးယူက အများကြီး ကျော်တက်သွားတယ်။ ဒါပေမဲ့ ဂျပန်ကလည်း လျော့မသွားဘူး။ ဂျပန်ကလည်း တက်နေတယ်။ အီးယူကတော့ ထိပ်ဆုံးက အော် ဒါမှာနေတယ်” ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။
၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ အထည်ချုပ်တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၇ သန်းနီးပါး ရရှိခဲ့ကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံသည် လက်ခစား CMP စနစ်ဖြင့် အထည်ချုပ်တင်ပို့ခြင်းဖြစ်သဖြင့် ယင်းပမာဏ၏ ၁၀ ရာခိုင်နှုန်းသာ ရရှိခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံက ချုပ်ခအနေဖြင့် ၁၀ ရာခိုင်နှုန်းသာ ရရှိခြင်းအပေါ်
“အဲဒါက မြန်မာနိုင်ငံက ချုပ်ခကို ၀င်ငွေအနေနဲ့ရတာ။ ဒါက ပျှမ်းမျှအနေနဲ့ ပြောတာပါ။ တချို့ဆို ရှစ်ရာခိုင်နှုန်းလောက်ပဲ ရတဲ့သူတွေ ရှိတယ်။ တချို့ဆို ၁၂ အထိရတဲ့ သူတွေ ရှိတယ်။ High Value Price ဆို နည်းနည်းပိုရတာပေါ့။ အရည်အသွေးကောင်းပြီး သေချာချုပ်ထားတာကတော့ ၁၂ ရာခိုင်နှုန်းလောက် ရတယ်။ အရမ်းပေါပေါလောလောကြီးနဲ့ သိန်းနဲ့ချီပြီး အပ်ပြီး ချုပ်ခ အရမ်းနည်းတဲ့ဟာတွေက ရှစ်ရာခိုင်နှုန်းလောက်ပဲရတယ်။ ဒါကြောင့်မို့ ပျမ်းမျှကို ၁၀ ရာခိုင်နှုန်းလို့ ပြောတာ” ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ရှင်းပြခဲ့သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍတိုးမြှင့်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အထည်အလိပ်လုပ်ငန်း (အထည်ချုပ်) ကဏ္ဍကို အဓိကဦးစားပေး ဆောင်ရွက်နေကြောင်း သိရသည်။
ဖွံ့ဖြိုးမှုနိမ့်ကျသည့်နိုင်ငံများတွင် တစ်ခုအပါအ၀င်ဖြစ်သော မြန်မာ နိုင်ငံ၌ အဆိုပါ CMP စနစ်ကို ၁၉၉၃ ခုနှစ်ကတည်းက အထည်ချုပ်လုပ်ငန်းများဖြင့် စတင်ကာ လက်ရှိအထိ ဆောင်ရွက်ခဲ့ရာ နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်ခဲ့ပြီ ဖစ်သော်လည်း FOB စနစ်သို့ ပြောင်းလဲလုပ်ကိုင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်းသို့ ကုန်ကြမ်းပိတ်စ တင်သွင်းကာ CMP စနစ်ဖြင့် အထည်ချုပ် (ချုပ်ပြီးအထည်) မှာယူတင်သွင်းနေသည့် နိုင်ငံများတွင် ဂျပန်၊ ကိုရီးယားနှင့် အီးယူနိုင်ငံများမှဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုကို လေ့လာကြည့်ပါက ၂၀၁၀ ပြည့်နှစ်တွင် အထည်ချုပ်တင်ပို့မှု၌ အမေရိကန် ဒေါ်လာ ၃၃၇ သန်းရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် သုံးဆအထိ မြင့်တက်လာခဲ့ပြီး ဒေါ်လာ တစ်ဘီလျံနီးပါးခန့် ရောက်ရှိလာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ထို့ပြင် ၂၀၁၅ ခုနှစ်တွင် ချုပ်ပြီး အထည်တင်ပို့မှုသည် အမေရိကန် ဒေါ်လာ ၁ ဒသမ ၄၆ ဘီလျံအထိ ရှိလာခဲ့ပြီး မြန်မာနိုင်ငံ၏ စုစုပေါင်း ပို့ကုန်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းအထိ ရောက်ရှိလာသည်အထိ အထည်ချုပ်လုပ်ငန်းများ တစ်ရှိန်ထိုး တိုးတက်လာခဲ့ကြောင်း၊ ပို့ကုန်ဈေးကွက်တွင်လည်း အီးယူဈေးကွက်သို့ တင်ပို့မှုမှာ ယခင်နှစ်များထက် ၂၀၁၅ ခုနှစ်တွင် ရာခိုင်နှုန်း ၈၀ အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။
Source EMG

Read 953 times
Rate this item
(0 votes)