What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုဗစ်လှိုင်းထနေတဲ့ ဘင်္ဂလားဒေ့ရှ်မှာ အထည်ချုပ်စက်ရုံတွေ ပြန်ဖွင့်

တိုင်းပြည်စီးပွားရေး လိမ့်လိမ့်လည်းလည်း ဖြစ်လာတာကြောင့် ဘင်္ဂလားဒေ့ရှ် အစိုးရက ယာယီပိတ်ခိုင်းထားတဲ့ စက်ရုံတွေ ပြန်ဖွင့်ဖို့ ခွင့်ပြုလိုက်ပါတယ်။

လော့ဒေါင်းချထားတာ ၁၀ ရက်မြောက်တဲ့နေ့မှာ စက်ရုံတွေ အလုပ်ပြန်စလိုက်ကြတယ်။ ဖွင့်ခွင့်ပေးတဲ့ စက်ရုံတွေဟာ ပြည်ပပို့ကုန် ထုတ်လုပ်တဲ့ စက်ရုံတွေဖြစ်ပြီး အများစုက အထည်ချုပ်စက်ရုံတွေ ဖြစ်တာမို့ လုပ်သားအင်အား အများအပြား သုံးစွဲလုပ်ကိုင်ကြရတဲ့ စက်ရုံတွေ ဖြစ်ပါတယ်။ ထောင်ချီတဲ့ လုပ်သားတွေက လော့ဒေါင်းချလို ရွာပြန်ပြီး နေထိုင်နေကြတာမို့ စက်ရုံတွေ အလုပ်ပြန်စတော့မယ် ဆိုတဲ့အခါ စက်ရုံတွေရှိရာ ဒက္ကာမြို့ကို အချိန်မီ အရောက်လာကြရတယ်။ လော့ဒေါင်းချထားတဲ့အတွက် လူအများစီးဖို့ ပြေးဆွဲတဲ့ အဝေးပြေး ဘတ်စ်ကားလိုင်းတွေ ရပ်နားထားရတာကြောင့် ထောင်ချီတဲ့လုပ်သားတွေက နောက်တွဲဆိုင်ကယ်တွေ၊ မော်တော်ဆိုင်ကယ်တွေ၊ ကုန်တင်ထရပ်ကားတွေ ရရာယာဉ်ဖြင့် လာကြရတယ်။ ဖယ်ရီသင်္ဘောပေါ် လူတွေ ပြည့်ကျပ်ပြီး မြစ်ကို ကူးကြရတယ်။ COVID-19 မကူးစက်အောင် စောင့်ထိန်းရမယ့် အချက်တွေမှာ မတ်စ်တပ်ဖြစ်တာလောက်ပဲ ရှိပါတယ်။

bangaldesh_reopen.png

 

အစိုးရက ၃၀ ရက် သောကြာနေ့မှာ စက်ရုံတွေ ပြန်လည်ပတ်ခွင့် ပေးကြောင်းကြေညာလိုက်ပြီးတဲ့နောက် ၃၁ရက် စနေနေ့မှာ ထောင်ချီတဲ့ လုပ်သားတွေ ဒက္ကာမြို့ကို ခက်ခက်ခဲခဲ ပြန်လာကြရတယ်။ ညမထွက်ရ အမိန့်ကြောင့်လည်း ပိုခက်ခဲကြတယ်။
၃၁ ရက် စနေနေ့ညမှာ အစိုးရက ဩဂုတ်လ ၁ ရက် တနင်္ဂနွေမှာ လူအများသယ်ပို့တဲ့ ယာဉ်တွေ ည ၁၂ နာရီ အထိ ပြေးဆွဲနိုင်ကြောင်း ကြေညာတာကြောင့် ဩဂုတ်လ ၁ ရက် တနင်္ဂနွေ မနက်ပိုင်းမှာ ဘတ်စ်တွေ ပြန်လည်စတင်ပြေးဆွဲခဲ့ကြတယ်။

အိန္ဒိယနိုင်ငံမှာ ကိုဗစ်လှိုင်းထလို့ အထည်ချုပ်စက်ရုံတွေ ပိတ်ထားပြီး မြန်မာနိုင်ငံမှာလည် နိုင်ငံရေးမတည်ငြိမ်တဲ့အပြင် ကိုဗစ်လှိုင်းထနေတာကြောင့် အထည်ချုပ် အော်ဒါတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စုပြုံရောက်ရှိနေချိန်မှာ အစိုးရက လော့ဒေါင်းချလိုက်တာကြောင့် အလုပ်ပျက်အကိုင်ပျက်တွေ ဖြစ်ကုန်တယ်။ တိုင်းပြည်ရဲ့ ဆင်းရဲမွဲတွေနေမှုကို ပြည်ပပို့ကုန် အထည်ချုပ်လုပ်ငန်းတွေက သိသိသာသာ လျော့ကျအောင် လုပ်ပေးနေတဲ့အပြင် လူအင်အား အများအပြား သုံးရတဲ့ လုပ်ငန်းသဘောဝကြောင့် အလုပ်လက်မဲ့လျော့ကျစေတယ်။ လော့ဒေါင်းချလိုက်တဲ့အခါ ဦးမော့စပြုနေရာမှ ဦးကျိုးကျသွားတယ်။ တိုင်းပြည်စီးပွားရေး လိမ့်လိမ့်လည်းလည်း ဖြစ်လာတာကြောင့် ကိုဗစ်လှိုင်းကြားမှာ စက်ရုံတွေ ပြန်ဖွင့်လိုက်တာ ဖြစ်ပါတယ်။

လုပ်ငန်းရဲတပ်ဖွဲ့ Industrial Police တွေရဲ့ အခွင့်အာဏာအရ အထည်အလိပ်နဲ့ အထည်ချုပ်လုပ်ငန်းတွေ ၈၀% ဝန်းကျင်ကို ဩဂုတ်လ ၁ရက်မှ စတင်လုပ်ကိုင်ခွင့် ပေးခဲ့ပါတယ်။ စဖွင့်တဲ့ တနင်္ဂနွေနေ့ ဩဂုတ်လ ၁ ရက်မှာ လုပ်သားအင်အားစု ငါးပုံလေးပုံ ဝန်းကျင် လုပ်ငန်းခွင် ဝင်နိုင်ခဲ့ကြပါတယ်။
အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေက စက်ရုံတွေမှာ ကိုဗစ်ကူးစက်မှု ကာကွယ်ရေးကို ထိထိရောက်ရောက် ဆောင်ရွက်ပေးထားခြင်း မရှိကြောင်း ထောက်ပြပြောဆိုခဲ့ကြတယ်။ လူအချင်းချင်း ခပ်ခွာခွာနေခြင်း၊ အချိန်မရွေး အလွယ်တကူ လက်ဆေးနိုင်အောင် ရေနဲ့ဆပ်ပြာ စီစဉ်ပေးမထားခြင်းတွေ ရှိနေတယ်လို့ ဆိုပါတယ်။ လိုက်နာတာ သေချာတဲ့ဟာဆိုလို့ မတ်စ် ဝတ်ဆင်တာပဲ ရှိတယ်လို့ ဆိုပါတယ်။
လော့ဒေါင်းကာလ စက်ရုံပိတ်ထားတဲ့ ရက်တွေအတွက် လုပ်ခလစာ မဖြတ်တောက်ဖို့၊ ဩဂုတ်လ ၅ ရက်မတိုင်ခင် အလုပ်ထဲ ပြန်လာတဲ့သူတွေကို အလုပ်မဖြုတ်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။

Bangladesh Garment Manufacturers and Exporters Association (BGMEA), Bangladesh Knitwear Manufacturers and Exporters Association (BKMEA) နဲ့ Bangladesh Textile Mills Association (BTMA) အသင်းကြီး ၃ ခုမှာ မှတ်ပုံတင်ထားတဲ့ အထည်အလိပ်စက်ရုံနဲ့ အထည်ချုပ် စက်ရုံ စုစုပေါင်း ၂,၇၁၅ ရုံ ရှိပြီး ဒက္ကာမြို့တော်ရဲ့ စက်မှုဇုန် ၆ ခု Gazipur, Narayanganj, Chattogram, Mymensingh နဲ့ Khulna တို့မှာ တည်ရှိပြီး Industrial Police လက်အောက်မှာ ထားရှိပါတယ်။
ဘင်္ဂလားဒေ့ရှ်က အစ္စလာမ်နိုင်ငံ ဖြစ်တာကြောင့် ဘက္ကရီအစ် အားလုပ်ရက်တွေ အပြီး ဩဂုတ်လ ၁ ရက်မှာ ဖွင့်ရက် သတ်မှတ်ပေးခဲ့တာ ဖြစ်ပြီး စက်ရုံ စုစုပေါင်း ၂,၃၁၂ ရုံ ဖွင့်လှစ်ခဲ့ပါတယ်။ အထည်အလိပ်စက်ရုံနဲ့ အထည်ချုပ်စက်ရုံ ၄၆၃ ရုံက ဆက်လက်ပိတ်ထားပါတယ်။

Bangladesh Export Processing Zones Authority (BEPZA) လက်အောက်မှာ ရှိတဲ့ စက်ရုံ ၃၄၀ ရုံ ဖွင့်လှစ်ခဲ့ပြီး ၉ ရုံ ဆက်လက်ပိတ်ထားတယ်လို့ ဇုန်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်.
Industrial Police လက်အောက်မှာ ကုန်ထုတ်လုပ်ရေးစက်ရုံ စုစုပေါင်း ၈,၂၆၆ ရုံ ရှိရာမှာ အထည်အလိပ်စက်ရုံတွေနဲ့ အထည်ချုပ် စက်ရုံတွေလည်း ပါဝင်ပါတယ်။

 

Source .fibre2fashion.com

Read 798 times
Rate this item
(0 votes)