What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တစ်ကမ္ဘာလုံးဆိုင်ရာ ပိုးထည်များ ကုန်သွယ်မှု သိသိသာသာကျဆင်းလျက်ရှိ

တစ်ကမ္ဘာလုံးဆိုင်ရာ ပိုးထည်များ ကုန်သွယ်မှု သိသိသာသာကျဆင်းလျက်ရှိ Fibre2Fashion

၂၀၁၇ ခုနှစ်တွင် တစ်ကမ္ဘာလုံးဆိုင်ရာ ပိုးထည်တင်ပို့မှုတန်ဖိုးက ဒေါ်လာ ၄၃၂.၃၂ သန်းရှိခဲ့သော်လည်း ၂၀၁၉ ခုနှစ်တွင် ဒေါ်လာ ၃၇၅.၉၅သန်းအထိသာ ရရှိခဲ့ပြီး ၁၃.၀၄ ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။

TexProမှ လေ့လာချက် အချက်အလက်များအရ ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်းတင်ပို့မှု ထုတ်ကုန်သည် ၂၀၁၉ ခုနှစ်တွင် ၁၅.၄၆ ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။ သို့သော်လည်း ၂၀၂၂ခုနှစ်တွင် ဒေါ်လာ ၃၈၈.၀၇ သန်းအထိ တိုးမြှင့်နိုင်မယ်လို့ ခန့်မှန်းထားပြီး ၎င်း‌ခန့်မှန်းချက်က ၂၀၁၉ခုနှစ်တုန်းက ရလဒ်ထက် ၃.၂၂ ရာခိုင်နှုန်းတိုးတက်မှုရှိမှာ ဖြစ်ပါသည်။

Fibre2Fashionရဲ့ စျေးကွက်ခွဲခြမ်းစိတ်ဖြာရေးကိရိယာTexPro ၏ အဆိုအရ ၂၀၁၇ ခုနှစ်တွင် တစ်ကမ္ဘာလုံးဆိုင်ရာ ပိုးချည်များ တင်သွင်းဝယ်ယူမှုတန်ဖိုးမှာဒေါ်လာ ၄၅၇.၅၉ သန်းရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ၂၂.၉၂ ရာခိုင်နှုန်းကျဆင်းကာ ဒေါ်လာ ၃၅၂.၇၃ သန်းပဲ ရရှိခဲ့ပါသည်။ သွင်းကုန်စုစုပေါင်းတင်သွင်းမှုသည် ပြီးခဲ့သည့် ၂၀၁၈ခုနှစ်ကထက် ၂၈.၃၁ ရာခိုင်နှုန်း ၂၀၁၉ ခုနှစ်တွင် ကျဆင်းခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၃၆၇.၆၇ သန်းအထိတိုးလာမယ်လို့ ခန့်မှန်းထားပြီး ၂၀၁၉ခုနှစ်ရလဒ်ထက် ၄.၂၄ ရာခိုင်နှုန်းသာတိုးတက်ဖို့ရှိမှာ ဖြစ်ပါသည်။

တရုတ် (ဒေါ်လာ ၁၄၁.၃၆ သန်း)၊ ရိုမေးနီးယား (ဒေါ်လာ ၇၅.၅၁ သန်း)၊ အီတလီ (ဒေါ်လာ ၅၇.၂၅ သန်း)၊ ဗီယက်နမ် (ဒေါ်လာ ၃၂.၆၈ သန်း) နှင့် ဘရာဇီး (ဒေါ်လာ ၂၇.၆၄ သန်း) တို့သည် ၂၀၁၉ခုနှစ်မှာ ကမ္ဘာတလွှားပိုးထည်တင်ပို့မှု၏အဓိက တင်ပို့သူများဖြစ်ပြီး ပို့ကုန်စုစုပေါင်းရဲ့ ၈၈.၉၆ ရာခိုင်နှုန်းရှိပါသည်။ ၄င်းတို့နောက်မှ ဆလိုဗေးနီးယား (ဒေါ်လာ ၈.၁၂ သန်း)၊ ဂျာမနီ (ဒေါ်လာ ၅.၇၃ သန်း) နှင့်ထိုင်း (ဒေါ်လာ ၃.၉၈ သန်း)တို့ အသီးသီး ရှိကြသည်။



၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အဓိကတင်ပို့သည့် နိုင်ငံများအနက် ပို့ကုန်တန်ဖိုးအရ အထင်ရှားဆုံးတိုးတက်မှုရှိတဲ့နိုင်ငံကတော့ အီတလီ (၆၈.၃၄ ရာခိုင်နှုန်း) နှင့်ရိုမေးနီးယား (၁၂.၃၃ ရာခိုင်နှုန်း) တို့ဖြစ်ကြသည်။

၂၀၁၉ခုနှစ် ကမ္ဘာပေါ်မှာ ပိုးချည်များ အဓိကတင်သွင်းသူတွေကတော့ အီတလီ (ဒေါ်လာ ၁၆၈.၈၈ သန်း)၊ ဂျပန် (ဒေါ်လာ ၅၄.၁၉ သန်း) နှင့် အိန္ဒိယ (ဒေါ်လာ ၁၅.၄၇ သန်း) အသီးသီးဖြစ်ပြီး တင်သွင်းကုန်စုစုပေါင်းရဲ့ ၆၇.၆၂ ရာခိုင်နှုန်းရှိပါသည်။ ၎င်းနောက်တွင် ဗြိတိန် (ဒေါ်လာ ၁၃.၇၃ သန်း)၊ ပြင်သစ် (ဒေါ်လာ ၁၀.၉၇ သန်း) နှင့်ဗီယက်နမ် (ဒေါ်လာ ၉.၆၀ သန်း) တို့ဖြစ်သည်။



၂၀၁၆ မှ ၂၀၁၉ အထိအဓိကတင်သွင်းသောနိုင်ငံများအနက် တင်သွင်းကုန်တန်ဖိုးအရ သိသာစွာတိုးတက်လာတဲ့နိုင်ငံတွေက အီတလီ (၃၅.၄၅ ရာခိုင်နှုန်း) နှင့်အိန္ဒိယ (၂၂.၇၅ ရာခိုင်နှုန်း) တို့ဖြစ်တယ်လို့ သိရပါတယ်။

 

By Myanmar Textile & Garment Guide

 

Ref:Fibre2Fashion

Read 763 times
Rate this item
(0 votes)
Tagged under