What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဆံပင္ျပည္ပတင္ပုိ႔မႈ ျမန္မာ တတိယ

Zaw+Win ဆံပင္ ျပည္ပတင္ပုိ႔မႈတြင္ ျမန္မာႏုိင္ငံသည္ ၂၀၁၆ ခုႏွစ္တြင္ တတိယေနရာကုိ ရရွိခဲ့သည္။

လူ၏ သဘာ၀ဆံပင္သည္ ႏုိင္ငံတကာ ကုန္သြယ္မႈတြင္ ငမ္းငမ္းတက္ လုိခ်င္သည့္ ကုန္စည္ျဖစ္သည္။ မည္သည့္အခါမွ သတ္မွတ္၀ယ္ေဈးမ်ားျဖင့္ ၀ယ္လုိအားကုိ လုံေလာက္ေအာင္ ျဖည့္တင္းႏုိင္ျခင္း မရွိေခ်။ သုိ႔ျဖစ္ရာ ဆံပင္သည္ စီးပြားေရးတန္ဖုိး ရွိသည္။
ဆံပင္မ်ား ဆက္ၿပီး ပုိရွည္လ်ားေအာင္ျပဳျခင္း၊ ေခါင္းေပၚတြင္ ေဆာင္းအုပ္ရန္ ဆံပင္တု ျပဳလုပ္ျခင္းတုိ႔အတြက္ ၀ယ္လုိအား မ်ားျပားျခင္း ျဖစ္သည္။ ထုိသုိ႔ အရွည္ဆက္ေပးထားေသာ ဆံပင္မ်ား ေရာင္း၀ယ္ေဖာက္ကားျခင္းႏွင့္ ဆံပင္တုမ်ား ေရာင္း၀ယ္ေဖာက္ကားျခင္းတုိ႔ ထည့္မတြက္ဘဲ သဘာ၀အတုိင္းရွိသည့္ လူ၏ဆံပင္မ်ား ကမၻာတစ္လႊား ကုန္သြယ္ျခင္းသည္ ၂၀၁၆ ခုႏွစ္တြင္ စုစုေပါင္း အေမရိကန္ေဒၚလာ ၈၇.၄ သန္း ရွိေၾကာင္း WTEx (World Top Exports) မွ အခါအားေလ်ာ္စြာ ထုတ္ျပန္သည့္ စာရင္းတြင္ ေဖာ္ျပထားသည္။
Harmonized Tariff System ၏ HS Code တြင္ ဆံပင္အတြက္ ကုဒ္နံပါတ္၏ အစဂဏန္း ေလးလုံးမွာ 0501 ျဖစ္သည္။ ၎သည္ ဆံပင္ကုိ ဘာမွ မျပဳျပင္ရေသးေသာ သဘာ၀အတုိင္း ရွိေနသည့္ ဆံပင္ကုိ ရည္ၫႊန္းသည္။ ေခါင္းမွ ညႇပ္ယူထားသည့္ အဆင့္ကုိ ဆုိလုိသည္။ ဆံပင္ကုိ ေလွ်ာ္ျခင္း၊ သန္႔စင္ျခင္းမ်ား မျပဳရေသးေသာ အေျခအေနျဖစ္သျဖင္ ကုန္သြယ္ေရးတြင္ လူဆံပင္အၾကမ္း Raw human hair ဟု သုံးႏႈန္းသည္။

WTEx မွ အေမရိကန္ေဒၚလာ တန္ဖုိးျဖင့္ တြက္ခ်က္ေဖာ္ျပထားရာ၌ ဆံပင္ေရာင္းအားသည္ ၂၀၁၂ ခုႏွစ္တြင္ ၂၃.၄ ရာခုိင္ႏႈန္း က်ဆင္းခဲ့ၿပီး ၂၀၁၅ ႏွင့္ ၂၀၁၆ တုိ႔တြင္ ေရာင္းအားျပန္တက္ခဲ့ရာ ပ်မ္းမွ်အားျဖင့္ ၂၉.၃ ရာခုိင္ႏႈန္း ရွိသည္။

ေဒသအပုိင္းအျခားအရ ၾကည့္လွ်င္ အာရွႏုိင္ငံမ်ားသည္ လူဆံပင္ ျပည္ပတင္ပုိ႔မႈ အျမင့္မားဆုံး ျဖစ္သည္။ ၂၀၁၆ ခုႏွစ္အတြင္း တင္ပုိ႔ခဲ့ၾကသည္မွာ  ၇၀ ရာခုိင္ႏႈန္း ရွိခဲ့သည္။ ၎ပမာဏသည္ တစ္ကမၻာလုံးတင္ပုိ႔သည့္ စုစုေပါင္း ပမာဏ၏ ၈၀.၂ ရာခုိင္ႏႈန္း ရွိသည္။
ဒုတိယေနရာတြင္ အာဖရိကတုိက္ ေနရာယူထားၿပီး ေ၀စုမွာ ၁၄.၃ ရာခုိင္ႏႈန္းရွိသည္။ ေျမာက္အေမရိကမွ မူရင္းႏုိင္ငံျပဳေသာ လူဆံပင္တင္ပုိ႔ျခင္းသည္ ေ၀စု ၄.၁ ရာခုိင္ႏႈန္း ရွိၿပီး ဥေရာပမွာ ၁.၂ ရာခုိင္ႏႈန္း ရွိသည္။

လူဆံပင္အၾကမ္း အမ်ားဆုံးတင္ပုိ႔သည့္ ႏုိင္ငံမ်ားတြင္ တတိယေနရာ၌ ရွိေနသည့္ ျမန္မာႏုိင္ငံတြင္ ဆံပင္ေရာင္းခ်သူ အားလုံးနီးပါးသည္ အမ်ဳိးသမီးမ်ား ျဖစ္ၾကသည္။ ဆံပင္၀ယ္ယူျခင္းကုိ လူသိရွင္ၾကား ေၾကာ္ျငာၿပီး လုပ္ကုိင္မႈ မရွိသေလာက္ ရွားသည္။ ဆံပင္ကုိ ေရာင္းကုန္အျဖစ္ ရည္ရြယ္ခ်က္ရွိရွိျဖင့္ အရွည္ထားၿပီး ေရာင္းခ်သူမ်ဳိးလည္း ရွားသည္။ အခ်ဳိ႕မွာ ဆံပင္ကုိ ရွည္သည္အထိတမင္ထားၿပီး ျဖတ္ေတာက္ကာ လွဴဒါန္းၾကသည္။ ဆံပင္ အလွဴခံၿပီး ျပန္လည္ေရာင္းခ်ကာ ရရွိလာသည့္ ေငြျဖင့္ လမ္းတံတားေဖာက္ရန္ ကမကထ ျပဳေနေသာ အဖြဲ႕ထံသုိ႔ ဆံပင္သြားလွဴၾကသည္မ်ားလည္း ရွိသည္။ အခ်ဳိ႕မွာ ရွိတန္ဆာ မရွိ၀မ္းစာ ဆုိသည့္အတုိင္း ေငြအရမ္းလုိအပ္သည့္အခါ ဆံပင္ျဖတ္ေရာင္းျခင္းျဖင့္ ေျဖရွင္းၾကသည္။

ဆံပင္ကုိ ၀ယ္ယူသည့္အခါ အလ်ားသတ္မွတ္ခ်က္ျပဳရာ၌ ျမန္မာ့႐ုိးရာ အတုိင္းအတာကုိ သုံးစြဲၾကသည္။ ေယဘုယ်အားျဖင့္ ဆံပင္သည္ ေဈးေကာင္းရလုိပါက အနည္းဆုံး အလ်ား တစ္ေတာင္ေက်ာ္ ရမည္ ျဖစ္သည္။ ဆံပင္အသားကုိ ၾကည့္ၿပီး ေဈးအနည္းအမ်ားကုိ မ်က္ျမင္စစ္ေဆးျခင္းျဖင့္ အဆုံးအျဖတ္ျပဳသည္။ ၀ယ္ယူသူကသာ ဆုံးျဖတ္မည္ ျဖစ္သည္။ ခ်ိန္ခြင္ျဖင့္ ခ်ိန္တြယ္ၾကည့္ၿပီး ၀ယ္ယူေသာ္လည္း က်ပ္သားအေလးကုိ သုံးစြဲျခင္းမျပဳေခ်။ ၀ယ္ယူသူမွ စံထားသည့္ အေလးျဖင့္ ခ်ိန္တြယ္ၾကည့္ၿပီး မည္မွ်ေပးသင့္သည္ကုိ ေဈးဆုံးျဖတ္ေပးမည္ ျဖစ္သည္။ အမ်ဳိးသမီးတစ္ဦး ဆံပင္ျဖတ္ေရာင္းပါက မ်ားေသာအားျဖင့္ အမ်ားဆုံး က်ပ္သုံးေသာင္း၀န္းက်င္အထိ ရရွိသည္။

စာရင္းတြင္ ေဖာ္ျပထားသည့္ ၂၀၁၆ ခုႏွစ္တြင္ တန္ဖုိးပမာဏအရ လူဆံပင္အၾကမ္း ျပည္ပတင္ပုိ႔မႈ အမ်ားဆုံး ၁၅ ႏုိင္ငံသည္ တစ္ကမၻာလုံးအတြက္ လူဆံပင္အၾကမ္း ျပည္ပတင္ပုိ႔မႈ ပမာဏစုစုေပါင္းတြင္ ေ၀စု ၉၈.၉ ရာခုိင္ႏႈန္း ရွိေပရာ က်န္သည့္ေဝစုမွာ မေျပာပေလာက္ေသာ ပမာဏ ျဖစ္သည့္ ၁.၁ ရာခုိင္ႏႈန္းသာ ရွိေၾကာင္း ေတြ႕ရသည္။
စာရင္းတြင္ တစ္ႏုိင္ငံခ်င္းအရ ႏုိင္ငံ၊ လူဆံပင္အၾကမ္း ျပည္ပတင္ပုိ႔မႈ တန္ဖုိးအေမရိကန္ေဒၚလာ သန္းေပါင္းႏွင့္ လက္သည္းကြင္းျဖင့္ ေဖာ္ျပထားေသာ တစ္ကမၻာလုံးအတြက္ လူဆံပင္အၾကမ္း ျပည္ပတင္ပုိ႔မႈ ပမာဏစုစုေပါင္းတြင္ ေ၀စုရာခုိင္ႏႈန္းတုိ႔ကုိ အစဥ္အတုိင္း ေဖာ္ျပထားပါသည္။

၁။ အိႏိၵယ ၆.၉ (၆၅.၂)
၂။ တူနီးရွား ၁၂ (၁၃.၈)
၃။ ျမန္မာ ၅ (၅.၈)
၄။ အေမရိက ၃.၆ (၄.၁)
၅။ စင္ကာပူ ၂.၉ (၃.၃)
၆။ ပါကစၥတန္ ၁.၅ (၁.၇)
၇။ အင္ဒုိနီးရွား ၁.၃ (၁.၅)
၈။ ေဟာင္ေကာင္ ၀.၇၆ (၀.၉)
၉။ ဗီယက္နမ္ ၀.၆၂ (၀.၇)
၁၀။ ေတာင္အာဖရိက ၀.၄၅ (၀.၅)
၁၁၊ ယူေက ၀.၃၈ (၀.၄၄)
၁၂။ အစၥေရး ၀.၃၅ (၀.၄)
၁၃။ အူဘာကစၥတန္ ၀.၂၁ (၀.၂၄)
၁၄။ ယူကရိန္း ၀.၂၁ (၀.၂၃)
၁၅။ ဂ်ပန္ ၀.၂ (၀.၂)

စာရင္းတြင္ ပါ၀င္သည့္ ႏုိင္ငံမ်ားတြင္ ၂၀၁၂ ခုႏွစ္မွစ၍ တင္ပု႔ိမႈ တန္ဖုိးပမာဏ ဆက္တုိက္ႀကီးထြားခဲ့သည္မွာ အင္ဒုိနီးရွားႏုိင္ငံ ျဖစ္သည္။ ရာခုိင္ႏႈန္းအားျဖင့္ ၃,၄၂၂ ရာခုိင္ႏႈန္း ျဖစ္သည္။ ႀကီးထြားႏႈန္း အျမင့္မားဆုံး ဒုတိယေနရာတြင္ စင္ကာပူႏုိင္ငံ ရွိေနၿပီး ၉၁၄.၉ ရာခုိင္ႏႈန္း ျဖစ္သည္။ ဂ်ပန္ႏုိင္ငံသည္ တတိယေနရာတြင္ ရွ္ိေနၿပီး ၇၆၅.၂ ရာခုိင္ႏႈန္း ျဖစ္သည္။ စတုတၳေနရာ၌ ျမန္မာႏုိင္ငံ ရွိေနၿပီး ၃၅၈ ရာခုိင္းႏႈန္း ရွိေပရာ သုံးဆခြဲ ပုိမုိမ်ားျပားခဲ့ျခင္း ျဖစ္သည္။

အိႏိၵယႏုိင္ငံသည္ တင္ပုိ႔မႈ အမ်ားဆုံး ျဖစ္ေသာ္လည္း တင္ပုိ႔မႈတန္ဖုိးပမာဏအရ ၂၇.၃ ရာခုိင္ႏႈန္း ေလ်ာ့က်ခဲ့သည္။ အလားတူပင္ ဒုတိယေနရာတြင္ ရွိေနေသာ တူနီးရွားႏုိင္ငံသည္လည္း ၂၀.၁ ရာခုိင္ႏႈန္း က်ဆင္းခဲ့သည္။ ထုိစာရင္းတြင္ နံပါတ္(၈) ေနရာတြင္ ရွိေနေသာ ေဟာင္ေကာင္သည္ က်ဆင္းႏႈန္း အျမင့္မားဆုံးျဖစ္ၿပီး ၉၂.၈ ရာခုိင္ႏႈန္း က်ဆင္းခဲ့သည္။

တစ္ကမၻာလုံး ကုန္သြယ္ေရး ပလက္ေဖာင္းျဖစ္သည့္ အြန္လုိင္းေဈးေရာင္းလုပ္ငန္း Alibaba ႏွင့္ ခ်ိတ္ဆက္ကာ လူဆံပင္အၾကမ္း ေရာင္းခ်ၾကသည့္ ကုမၸဏီမ်ားတြင္ ထင္ရွားသည့္ကုမၸဏီအခ်ဳိ႕မွာ B & K Import & Export (အေမရိက)၊ Business-Salon Group Ltd (ယူကရိန္း)၊ Evergreen Products Factory Ltd (ေဟာင္ေကာင္)၊
GRV Exports (အိႏိၵယ)၊ Rawhair Import Export Company (ဗီယက္နမ္)၊ UNICS Co, Ltd (ဂ်ပန္)၊ Waheed Universal Hair Company (ပါကစၥတန္)၊ Widya International (အင္ဒုိနီးရွား) တုိ႔ ျဖစ္သည္။
အလွျပင္ဆုိင္မ်ားတြင္ ဆံပင္ကုိ ဆံပင္ျဖင့္ ဆက္ၿပီး ဆံေကာသ အလွျပင္ၾကျခင္းသည္ အေနာက္တုိင္းတြင္ အလြန္ေရပန္းစားေပရာ စဲလီမ်ားမွအစ သာမန္အမ်ဳိးသမီးမ်ားအဆုံး စြဲလမ္းႏွစ္သက္ေသာအရာ ျဖစ္ေနေပရာ ဆံပင္မ်ားသည္ ႏုိင္ငံတကာ ကုန္သြယ္ေရးတြင္ ၀ယ္လုိအားကုိ ေရာင္းခ်မႈက ျပည့္မီေအာင္ ျဖည့္ဆည္းေပးႏုိင္ဦးမည္ မဟုတ္ေပ။

Uni

ဆံပင်ပြည်ပတင်ပို့မှု မြန်မာ တတိယ
ဆံပင် ပြည်ပတင်ပို့မှုတွင် မြန်မာနိုင်ငံသည် ၂၀၁၆ ခုနှစ်တွင် တတိယနေရာကို ရရှိခဲ့သည်။ လူ၏ သဘာဝဆံပင်သည် နိုင်ငံတကာ ကုန်သွယ်မှုတွင် ငမ်းငမ်းတက် လိုချင်သည့် ကုန်စည်ဖြစ်သည်။ မည်သည့်အခါမှ သတ်မှတ်ဝယ်ဈေးများဖြင့် ဝယ်လိုအားကို လုံလောက်အောင် ဖြည့်တင်းနိုင်ခြင်း မရှိချေ။ သို့ဖြစ်ရာ ဆံပင်သည် စီးပွားရေးတန်ဖိုး ရှိသည်။
ဆံပင်များ ဆက်ပြီး ပိုရှည်လျားအောင်ပြုခြင်း၊ ခေါင်းပေါ်တွင် ဆောင်းအုပ်ရန် ဆံပင်တု ပြုလုပ်ခြင်းတို့အတွက် ဝယ်လိုအား များပြားခြင်း ဖြစ်သည်။ ထိုသို့ အရှည်ဆက်ပေးထားသော ဆံပင်များ ရောင်းဝယ်ဖောက်ကားခြင်းနှင့် ဆံပင်တုများ ရောင်းဝယ်ဖောက်ကားခြင်းတို့ ထည့်မတွက်ဘဲ သဘာဝအတိုင်းရှိသည့် လူ၏ဆံပင်များ ကမ္ဘာတစ်လွှား ကုန်သွယ်ခြင်းသည် ၂၀၁၆ ခုနှစ်တွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၇.၄ သန်း ရှိကြောင်း WTEx (World Top Exports) မှ အခါအားလျော်စွာ ထုတ်ပြန်သည့် စာရင်းတွင် ဖော်ပြထားသည်။
Harmonized Tariff System၏ HS Code တွင် ဆံပင်အတွက် ကုဒ်နံပါတ်၏ အစဂဏန်း လေးလုံးမှာ 0501 ဖြစ်သည်။၎င်းသည် ဆံပင်ကို ဘာမှ မပြုပြင်ရသေးသော သဘာဝအတိုင်း ရှိနေသည့် ဆံပင်ကို ရည်ညွှန်းသည်။ ခေါင်းမှ ညှပ်ယူထားသည့် အဆင့်ကို ဆိုလိုသည်။ ဆံပင်ကို လျှော်ခြင်း၊ သန့်စင်ခြင်းများ မပြုရသေးသော အခြေအနဖြေစ်သဖြင် ကုန်သွယ်ရေးတွင် လူဆံပင်အကြမ်း Raw human hair ဟု သုံးနှုန်းသည်။

WTEx မှ အမေရိကန်ဒေါ်လာ တန်ဖိုးဖြင့် တွက်ချက်ဖော်ပြထားရာ၌ ဆံပင်ရောင်းအားသည် ၂၀၁၂ ခုနှစ်တွင် ၂၃.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၁၅ နှင့် ၂၀၁၆ တို့တွင် ရောင်းအားပြန်တက်ခဲ့ရာ ပျမ်းမျှအားဖြင့် ၂၉.၃ ရာခိုင်နှုန်း ရှိသည်။

ဒေသအပိုင်းအခြားအရ ကြည့်လျှင် အာရှနိုင်ငံများသည် လူဆံပင် ပြည်ပတင်ပို့မှု အမြင့်မားဆုံး ဖြစ်သည်။

၂ဝ၁၆ ခုနှစ်အတွင်း တင်ပို့ခဲ့ကြသည်မှာ  ၇ဝ ရာခိုင်နှုန်း ရှိခဲ့သည်။

၎င်းပမာဏသည် တစ်ကမ္ဘာလုံးတင်ပို့သည့် စုစုပေါင်း ပမာဏ၏

၈ဝ.၂ ရာခိုင်နှုန်း ရှိသည်။
ဒုတိယနေရာတွင် အာဖရိကတိုက် နေရာယူထားပြီးဝေစုမှာ ၁၄.၃ ရာခိုင်နှုန်းရှိသည်။

မြောက်အမေရိကမှ မူရင်းနိုင်ငံပြုသော လူဆံပင်တင်ပို့ခြင်းသည်ေဝစု ၄.၁ ရာခိုင်နှုန်း ရှိပြီး ဥရောပမှာ ၁.၂ ရာခိုင်နှုန်း ရှိသည်။

လူဆံပင်အကြမ်း အများဆုံးတင်ပို့သည့် နိုင်ငံများတွင် တတိယနေရာ၌ ရှိနေသည့် မြန်မာနိုင်ငံတွင် ဆံပင်ရောင်းချသူ အားလုံးနီးပါးသည် အမျိုးသမီးများ ဖြစ်ကြသည်။ ဆံပင်ဝယ်ယူခြင်းကို လူသိရှင်ကြား ကြော်ငြာပြီး လုပ်ကိုင်မှု မရှိသလောက် ရှားသည်။ ဆံပင်ကို ရောင်းကုန်အဖြစ် ရည်ရွယ်ချက်ရှိရှိဖြင့် အရှည်ထားပြီး ရောင်းချသူမျိုးလည်း ရှားသည်။ အချို့မှာ ဆံပင်ကို ရှည်သည်အထိတမင်ထားပြီး ဖြတ်တောက်ကာ လှူဒါန်းကြသည်။ ဆံပင် အလှူခံပြီး ပြန်လည်ရောင်းချကာ ရရှိလာသည့် ငွဖြေင့် လမ်းတံတားဖောက်ရန် ကမကထ ပြုနေသော အဖွဲ့ထံသို့ ဆံပင်သွားလှူကြသည်များလည်း ရှိသည်။ အချို့မှာ ရှိတန်ဆာ မရှိဝမ်းစာ ဆိုသည့်အတိုင်း ငွေအရမ်းလိုအပ်သည့်အခါ ဆံပင်ဖြတ်ရောင်းခြင်းဖြင့် ဖြေရှင်းကြသည်။

ဆံပင်ကို ဝယ်ယူသည့်အခါ အလျားသတ်မှတ်ချက်ပြုရာ၌ မြန်မာ့ရိုးရာ အတိုင်းအတာကို သုံးစွဲကြသည်။ ယေဘုယျအားဖြင့် ဆံပင်သည် ဈေးကောင်းရလိုပါက အနည်းဆုံး အလျား တစ်တောင်ကျော် ရမည် ဖြစ်သည်။ ဆံပင်အသားကို ကြည့်ပြီး ဈေးအနည်းအများကို မျက်မြင်စစ်ဆေးခြင်းဖြင့် အဆုံးအဖြတ်ပြုသည်။ ဝယ်ယူသူကသာ ဆုံးဖြတ်မည် ဖြစ်သည်။ ချိန်ခွင်ဖြင့် ချိန်တွယ်ကြည့်ပြီး ဝယ်ယူသော်လည်း ကျပ်သားအလေးကို သုံးစွဲခြင်းမပြုချေ။ ဝယ်ယူသူမှ စံထားသည့် အလေးဖြင့် ချိန်တွယ်ကြည့်ပြီး မည်မျှပေးသင့်သည်ကို ဈေးဆုံးဖြတ်ပေးမည် ဖြစ်သည်။ အမျိုးသမီးတစ်ဦး ဆံပင်ဖြတ်ရောင်းပါက များသောအားဖြင့် အများဆုံး ကျပ်သုံးသောင်းဝန်းကျင်အထိ ရရှိသည်။

စာရင်းတွင် ဖော်ပြထားသည့် ၂၀၁၆ ခုနှစ်တွင် တန်ဖိုးပမာဏအရ လူဆံပင်အကြမ်း ပြည်ပတင်ပို့မှု အများဆုံး ၁၅ နိုင်ငံသည် တစ်ကမ္ဘာလုံးအတွက် လူဆံပင်အကြမ်း ပြည်ပတင်ပို့မှု ပမာဏစုစုပေါင်းတွင်ေဝစု ၉၈.၉ ရာခိုင်နှုန်း ရှိပေရာ ကျန်သည့်ဝေစုမှာ မပြောပလောက်သော ပမာဏ ဖြစ်သည့် ၁.၁ ရာခိုင်နှုန်းသာ ရှိကြောင်း တွေ့ရသည်။
စာရင်းတွင် တစ်နိုင်ငံချင်းအရ နိုင်ငံ၊ လူဆံပင်အကြမ်း ပြည်ပတင်ပို့မှု တန်ဖိုးအမေရိကန်ဒေါ်လာ သန်းပေါင်းနှင့် လက်သည်းကွင်းဖြင့် ဖော်ပြထားသော တစ်ကမ္ဘာလုံးအတွက် လူဆံပင်အကြမ်း ပြည်ပတင်ပို့မှု ပမာဏစုစုပေါင်းတွင်ေဝစုရာခိုင်နှုန်းတို့ကို အစဉ်အတိုင်း ဖော်ပြထားပါသည်။

၁။ အိနိ္ဒယ ၆.၉ (၆၅.၂)
၂။ တူနီးရှား ၁၂ (၁၃.၈)
၃။ မြန်မာ ၅ (၅.၈)
၄။ အမေရိက ၃.၆ (၄.၁)
၅။ စင်ကာပူ ၂.၉ (၃.၃)
၆။ ပါကစ္စတန် ၁.၅ (၁.၇)
၇။ အင်ဒိုနီးရှား ၁.၃ (၁.၅)
၈။ ဟောင်ကောင် ဝ.၇၆ (ဝ.၉)
၉။ ဗီယက်နမ် ဝ.၆၂ (ဝ.၇)
၁၀။ တောင်အာဖရိက ဝ.၄၅ (ဝ.၅)
၁၁၊ ယူကေ ဝ.၃၈ (ဝ.၄၄)
၁၂။ အစ္စရေး ဝ.၃၅ (ဝ.၄)
၁၃။ အူဘာကစ္စတန် ဝ.၂၁ (ဝ.၂၄)
၁၄။ ယူကရိန်း ဝ.၂၁ (ဝ.၂၃)
၁၅။ ဂျပန် ဝ.၂ (ဝ.၂)

စာရင်းတွင် ပါဝင်သည့် နိုင်ငံများတွင် ၂၀၁၂ ခုနှစ်မှစ၍ တင်ပို့မှု တန်ဖိုးပမာဏ ဆက်တိုက်ကြီးထွားခဲ့သည်မှာ အင်ဒိုနီးရှားနိုင်ငံ ဖြစ်သည်။ ရာခိုင်နှုန်းအားဖြင့် ၃,၄၂၂ ရာခိုင်နှုန်း ဖြစ်သည်။ ကြီးထွားနှုန်း အမြင့်မားဆုံး ဒုတိယနေရာတွင် စင်ကာပူနိုင်ငံ ရှိနပြေီး ၉၁၄.၉ ရာခိုင်နှုန်း ဖြစ်သည်။ ဂျပန်နိုင်ငံသည် တတိယနေရာတွင် ရှိ်နပြေီး ၇၆၅.၂ ရာခိုင်နှုန်း ဖြစ်သည်။ စတုတ္ထနေရာ၌ မြန်မာနိုင်ငံ ရှိနပြေီး ၃၅၈ ရာခိုင်းနှုန်း ရှိပေရာ သုံးဆခွဲ ပိုမိုများပြားခဲ့ခြင်း ဖြစ်သည်။

အိနိဒယနိုင်ငံသည် တင်ပို့မှု အများဆုံး ဖြစ်သော်လည်း တင်ပို့မှုတန်ဖိုးပမာဏအရ ၂၇.၃ ရာခိုင်နှုန်း လျော့ကျခဲ့သည်။ အလားတူပင် ဒုတိယနေရာတွင် ရှိနေသော တူနီးရှားနိုင်ငံသည်လည်း ၂၀.၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ထိုစာရင်းတွင် နံပါတ်(၈) နေရာတွင် ရှိနေသော ဟောင်ကောင်သည် ကျဆင်းနှုန်း အမြင့်မားဆုံးဖြစ်ပြီး ၉၂.၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

တစ်ကမ္ဘာလုံး ကုန်သွယ်ရေး ပလက်ဖောင်းဖြစ်သည့် အွန်လိုင်းဈေးရောင်းလုပ်ငန်း Alibaba နှင့် ချိတ်ဆက်ကာ လူဆံပင်အကြမ်း ရောင်းချကြသည့် ကုမ္ပဏီများတွင် ထင်ရှားသည့်ကုမ္ပဏီအချို့မှာ B & K Import & Export (အမေရိက)၊ Business-Salon Group Ltd (ယူကရိန်း)၊ Evergreen Products Factory Ltd (ဟောင်ကောင်)၊
GRV Exports (အိနိဒယ)၊ Rawhair Import Export Company (ဗီယက်နမ်)၊ UNICS Co, Ltd (ဂျပန်)၊ Waheed Universal Hair Company (ပါကစ္စတန်)၊ Widya International (အင်ဒိုနီးရှား) တို့ ဖြစ်သည်။
အလှပြင်ဆိုင်များတွင် ဆံပင်ကို ဆံပင်ဖြင့် ဆက်ပြီး ဆံကောသ အလှပြင်ကြခြင်းသည် အနောက်တိုင်းတွင် အလွန်ရေပန်းစားပေရာ စဲလီများမှအစ သာမန်အမျိုးသမီးများအဆုံး စွဲလမ်းနှစ်သက်သောအရာ ဖြစ်နေပေရာ ဆံပင်များသည် နိုင်ငံတကာ ကုန်သွယ်ရေးတွင် ဝယ်လိုအားကို ရောင်းချမှုက ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ဦးမည် မဟုတ်ပေ။

Read 1467 times
Rate this item
(0 votes)