What's new



နိုင်ငံတကာ နာမည်ရ ကုန်အမှတ်တံဆိပ်များ မြန်မာမှ ထွက်ခွာခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ ကြေညာချက် ထုတ်ပြန်

နိုင်ငံတကာ နာမည်ရ ကုန်အမှတ်တံဆိပ်များ မြန်မာမှ ထွက်ခွာခြင်းနှင့် စပ်လျဉ်း၍   မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ ကြေညာချက် ထုတ်ပြန်

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

H&M Group မြန်မာနိုင်ငံက  ချုပ်ထည်အမှာစာပစ္စည်းများ ဝယ်ယူခြင်းအား တစ်ဆင့်ချင်းအလိုက်  ရုတ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း နှင့် နိုင်ငံတကာ နာမည်ရ ကုန်အမှတ်တံဆိပ်အချို့၏ ထုတ်ပြန်ချက်များအပြီးတွင် မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်သည့် ကြေညာချက်အပြည့်အစုံကို ဖော်ပြအပ်ပါသည်။

 


၁။    မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) သည်  H&M Group  မြန်မာနိုင်ငံက ချုပ်ထည်အမှာစာပစ္စည်းများ ၀ယ်ယူခြင်းအား တစ်ဆင့်ချင်းအလိုက်  ရုတ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း ၂၀၂၃ ခုနှစ် သြဂုတ်လ (၁၇) ရက်နေ့ထုတ် Reuters သတင်းဆောင်းပါးကတစ်ဆင့် သိရှိခဲ့ပါသည်။ 

 

၂။    မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) သည် ဤကဲ့သို့ မမျှော်မှန်းထားသော ဖြစ်ပေါ်ပြောင်းလဲမှု သတင်းစကားကို ဖတ်ရှုရသည့်အတွက် စိတ်မကောင်းဖြစ်ရပါသည်။ ထိုသို့သော ဆုံးဖြတ်ချက်များသည် စိန်ခေါ်မှုရှိသော စီးပွားရေးအခြေအနေများကြားတွင် အလုပ်ထုတ်ခံရနိုင်ခြေ မြင့်မားခြင်း အပါအဝင် စက်ရုံများရှိ ဝန်ထမ်းများ၏ အသက်မွေးဝမ်းကြောင်းကို များစွာထိခိုက်စေမည် ဖြစ်ပါသည်။ 

 

၃။ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းကို ၂၀၀၂ခုနှစ် တည်ထောင်ခဲ့ချိန်က စတင် ပြီး  ကဏ္ဍအသီးသီးမှ အကျိုးသက်ဆိုင်သူများ၊ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီများ၊ နိုင်ငံတကာမိတ်ဖက် များနှင့် နာမည်ရကုန်အမှတ်တံဆိပ်လုပ်ငန်းများဖြင့် မြန်မာ့အထည်ချုပ်စက်ရုံများ၏ အခြေအနေများ ကို တိုးတက်ကောင်းမွန်လာစေရန် ဆောင်ရွက်ခဲ့ပါသည်။

 

၄။   MGMA သည် ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလက စတင်၍ Voluntary Labour Compliance Assessment (VLCA) ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အဖွဲ့ဝင်စက်ရုံများ၏  အမျိုးသား အလုပ်သမားဥပဒေများနှင့် နိုင်ငံတကာအလုပ်သမားဆိုင်ရာ စံသတ်မှတ်ချက်များနှင့် ပတ်သက်၍ လိုက်နာမှုရှိမရှိ ဆန်းစစ်အကဲဖြတ်မှုများကို ဆောင်ရွက်နေပါသည်။ အကဲဖြတ်မှုများ အရှိန်မြှင့်ရန်နှင့် စာရင်းသွင်းမှုကို တိုးချဲ့ရန်အတွက် Online Version  ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့သည်။ ယခုအချိန်အထိ စက်ရုံပေါင်း (၂၂၀)ကျော်အတွက် အကဲဖြတ်မှု အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပြီး စက်ရုံပေါင်း (၁၀၀)ကျော်ကို အကဲဖြတ်မှု လုပ်ငန်းစဉ် ဆောင်ရွက်နေဆဲဖြစ်ပါသည်။

 

၅။  MGMA သည် အလုပ်သမားများ၏ အလုပ်အကိုင်နှင့်  စားဝတ်နေရေးဆိုင်ရာကိစ္စရပ်များကို အထည်ချုပ်ကဏ္ဍနှင့် ဆက်နွယ်မှုရှိသည့် အကျိုးသက်ဆိုင်သူများအားလုံးနှင့် အပြုသဘော ဆောင်သည့် ပူးပေါင်းမှုများ တိုးမြှင့်ဆောင်ရွက်ရန် ဆွေးနွေးလျက်ရှိပါသည်။  

 

၆။  MGMA သည် အပြည်ပြည်ဆိုင်ရာအမှတ်တံဆိပ်အထည်အပ်နှံသူများနှင့် ပြည်တွင်းစက်ရုံများနှင့်ပြည်တွင်းတွင်တည်ထောင်ထားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစက်ရုံများအကြား တာဝန်ယူစွာ လက်တွဲပူးပေါင်းမှု ခိုင်မြဲစေရန် အမြဲတမ်းနှိုးဆော် တိုက်တွန်းလျက်ရှိပါသည်။ MGMAသည် လက်တွေ့မြေပြင်တွင် လုပ်ကိုင်နေသည့် လုပ်ငန်းကဏ္ဍ အဖွဲ့အစည်းဖြစ်ပြီး ၂၀၀၀ ခုနှစ် အစောပိုင်းတွင် အလားတူထွက်ခွာမှုများ၏ အနှုတ်လက္ခဏာ ဆောင်သောသက်ရောက်မှုများကို မျက်ဝါးထင်ထင် တွေ့ကြုံခဲ့ရပြီးဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ ကုန်အမှတ်တံဆိပ်များအနေဖြင့် မြန်မာနိုင်ငံတွင် တာဝန်ရှိစွာ ဆက်လက် တည်ရှိနေခြင်းသည် အကောင်းဆုံးသော နည်းလမ်း ဖြစ်မည်ဟု MGMA က အခိုင်အမာယုံကြည်ပါသည်။ MGMA သည် သိန်းပေါင်းများစွာသော ငယ်ရွယ်သည့် အမျိုးသမီးအလုပ်သမားများ၏ ဘဝအခြေအနေ တိုးတက်မှုနှင့်စပ်လျဉ်း၍ ဂုဏ်သိက္ခာရှိသော အသက်မွေးဝမ်းကြောင်းပညာများဖြင့်  ပံ့ပိုးပေးလျက်ရှိရာ ဤအရေးပါသောအခန်းကဏ္ဍကို ဖွံ့ဖြိုးတိုးတက်ရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိသည်။   တာဝန်ယူမှုဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နေမှုသည်  လက်ရှိ အလုပ်အကိုင်အခြေအနေများ ပိုမိုကောင်းမွန်လာစေရန် အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါသည်။  

 

၇။  MGMA သည် မြန်မာနိုင်ငံတွင် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်ရန် အပြည်ပြည်ဆိုင်ရာ အမှတ်တံဆိပ်များ၊ မိတ်ဖက်များနှင့်အတူ လက်တွဲလုပ်ဆောင်ရန် အမြဲအဆင်သင့်ရှိနေပြီး အထည်ချုပ်လုပ်ငန်းရှင်များနှင့် အလုပ်သမားများအားလုံးအတွက် မြန်မာ့ အထည်ချုပ်ကဏ္ဍ၏ အခြေအနေ တိုးတက်ကောင်းမွန်လာစေရန် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကတိပြုပါသည်။


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 585 times
Rate this item
(0 votes)