What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ CMP ကုန်ကြမ်းများပိုမို တင်သွင်းလျက်ရှိ

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ CMP ကုန်ကြမ်းများပိုမို တင်သွင်းလျက်ရှိ Google

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ CMP ကုန်ကြမ်းများပိုမို တင်သွင်းလျက်ရှိကြောင်းသိရပါတယ်။

 

COVID – 19 ကြောင့် တရုတ်နိုင်ငံအတွင်း ပြည်နယ်တစ်ခုနှင့် တစ်ခု ၊ မြို့တစ်မြို့ ကူးလူးဆက်ဆံရေးမှုများကို ပိတ်ဆို့

 

ဖြတ်တောက်လိုက်သဖြင့် ကုန်သွယ်မှုများရပ်ဆိုင်းသွားခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လည်း တရုတ်နိုင်ငံနှင့် နယ်စပ် ကုန်သွယ်ရေး

 

ဆောင်ရွက်လျက်ရှိသော မူဆယ်၊ လွယ်ဂျယ် ၊ ချင်းရွှေဟော် ၊ ကန်ပိုင်တီ ကုန်သွယ်ရေးစခန်းတို့တွင် လည်း ကုန်သွယ်မှုလုပ်ငန်းများထိခိုက်လာခဲ့ပါတယ်။

 

နှစ်စဉ် တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်ကာလတွင် ကုန်သွယ်မှုလျော့နည်းလေ့ရှိသော်လည်း ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ဖြစ်ပွားမှုနှင့်

 

ဆက်စပ်သွားသဖြင့် ကုန်သွယ်မှုလုပ်ငန်းများ ဆက်လက်ရပ်ဆိုင်းသွားခဲ့ကြောင်း ၊ ကုန်သွယ်မှုလျော့နည်း လေ့ရှိသော တရုတ်နှစ်သစ်ကူးကာလ

 

ဇန်နဝါရီလ ၂၃ ရက်နှင့် ၂၄ ရက် တို့တွင် CMP ကုန်ကြမ်းတင်သွင်းမှုမှာ တစ်နေ့လျှင် ကားစီးရေ ၄၀ မှ ၅၀ ခန့်အထိရှိပြီး ဇန်နဝါရီလ ၂၇ ရက်နော်ပိုင်းတွင်

 

CMP ကုန်ကြမ်းတင်သွင်းမှုမှာ တစ်နေ့လျှင် ကားတစ်စီးမှ သုံးစီးသာရှိခဲ့ပြီး အချို့ရက်များတွင် တင်းသွင်းလုံးဝမရှိတော့သည်အထိ

 

ဖြစ်ခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံအထည်ချုပ်စက်ရုံများအတွက် အရေးကြီးလိုအပ်နေသည့် ကုန်ကြမ်းပစ္စည်းများကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံ လေကြောင်း ၊ ကုန်ကြောင်းတို့ဖြင့် တင်သွင်း

ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ စတင်၍ တရုတ်နိုင်ငံအတွင်း ရောဂါပိုးကူးစက်မှု မရှိသော ပြည်နယ်များမှ ကုန်တင်ယာဉ်ကြီးများ တရုတ်နိုင်ငံ

 

နယ်စပ်မြို့ဖြစ်သည့် ရွှေလီနှင့် ကျယ်ဂေါင်မြို့တို့သို့ ဝင်ရောက်ခွင့်ရလာသည့် အချိန်မှစ၍ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် မှ CMP တင်သွင်းမှု

 

တစ်နေ့လျှင် ကား ၅ စီးမှ ၇ စီးအထိ စတင်တင်သွင်းနိုင်ခဲ့ကြောင်း သိရပါတယ်။

 

မတ်လဆန်းမှစတင်၍ တင်သွင်းမှုများ အရှိန်ရလာကာ မတ်လ ၁၀ ရက်မှ စ၍ တစ်ရက်လျှင် စီးရေ ၃၀ ခန့်တင်သွင်းခဲ့ပြီး မတ်လ ၁၁ ရက်မှ

 

၁၇ ရက်အထိ စီးရေ ၇၀ ခန့် မြင့်တက်လာခဲ့ပါတယ်။ ကုန်ကြမ်းတန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၄ သန်းမှ ၂ ဒသမ ၉၃ တိုးမြင့်လာခဲ့ပြီ

 

CMP ကုန်ကြမ်းတင်သွင်းမှုမှာ ကိုရိုနာ ဗိုင်းရပ်စ်မဖြစ်ခင် ကာလများထက် ယခုမတ်လ တွင် တင်သွင်းမှုပိုမိုများပြားလာကြောင်

 

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန မှ သတင်းရရှိပါတယ်။

 

Source : ကြေးမုံ

 

အိပ်ခန်းသုံးပစ္စည်းဆိုင် ၅၃၆ ဆိုင်ကိုရှာရန်နှိပ်ပါ။

 

textile picture


<<< Zawgyi ဖြင့်ဖတ်ရန် >>>

 



 



 


 


 



 



 

ကုန်ကြမ်းတန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၄ သန်းမှ ၂ ဒသမ ၉၃ တိုးမြင့်လာခဲ့ပြီး CMP ကုန်ကြမ်းတင်သွင်းမှုမှာ ကိုရိုနာ ဗိုင်းရပ်စ်မဖြစ်ခင် ကာလများထက် ယခုမတ်လ တွင်

 

တင်သွင်းမှုပိုမိုများပြားလာကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန မှ သတင်းရရှိပါတယ်။

Source : ကြေးမုံ

 

အိပ်ခန်းသုံးပစ္စည်းဆိုင် ၅၃၆ ဆိုင်ကိုရှာရန်နှိပ်ပါ။

 

Myanmar Textile and Garment Directory

Read 989 times
Rate this item
(0 votes)