What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အီသီယိုးပီးယားနိုင်ငံ၏ ဝါဂွမ်းထုတ်လုပ်မှု တိုးတက်ရေးကို ဝိုင်းဝန်းဆောင်ရွက်

အီသီယိုးပီးယားနိုင်ငံ၏ ဝါဂွမ်းထုတ်လုပ်မှု တိုးတက်ရေးကို ဝိုင်းဝန်းဆောင်ရွက် Google

အိန္ဒိယနိုင်ငံသို့လေ့လာရေးခရီးစဉ်တွင် အီသီယိုးပယား အစိုးရနှင့် အထည်အလိပ်လုပ်ငန်းမှ ကိုယ်စားလှယ်များသည် ဝါဂွမ်းချည်မျှင်များထုတ်လုပ်ခြင်းနှင့် တိုးတက်မှုအကြောင်းသိစေရန် PolytechnicNagpur (GPN) သို့ သွားရောက်လည်ပတ်ခဲ့သည်။

အီသီယိုးပီးယား ကိုယ်စားလှယ်အဖွဲ့တွင် အီသီယိုးပီးရီးယားလုပ်ငန်းသွင်းအားစု ဖွံ့ဖြိုးရေးလုပ်ငန်း ၊ အီသီယိုးပီးယား အထည်အလိပ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု ဌာန မှ ထုတ်လုပ်သူများ၊ ပို့ကုန် လုပ်ငန်းရှင်များအသင်းမှ ထိပ်တန်းအရာရှိ ရှစ်ဦး ၊

စိုက်ပျိုးရေးနှင့် သဘာဝ ဝန်ကြီး ဌာနနှင့် စက်မှုဝန်ကြီးဌာနတို့ပါဝင်သည်။

GPN အထည်အလိပ်ကုန်ထုတ်လုပ်မှု ဌာန၏ အကြီးအကဲ Deepak Kulkarni က Vidarbha ဒေသရှိ ဈေးကွက်ကြီးထွားမှု နှင့် ဖွံ့ဖြိုးတိုးတက်မှု အတွက် စက်မှုလုပ်ငန်းမှ အကြီးအကဲများကိုပါ ဤတွေ့ဆုံ ပွဲသို့တက်ရောက်ရန်ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အစည်းဝေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ဝါဂွမ်းဈေးကွက် ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုနယ်ပယ်တွင် ကျွမ်းကျင်သူများကို နေရာပေးလုပ်ကိုင်စေရန်ဖြစ်သည်။

Maharashtra အရှေ့ပိုင်းခရိုင် ၁၁ ခုပါဝင်သည့် Vidarbha ပြည်နယ်အတွင်းရှိ ဝါဂွမ်းအများဆုံး ထုတ်လုပ်မှုဒေသဖြစ်သည်။ Vidarbha အထည်အလိပ်လုပ်ငန်းများအတွက် အဓိကအရင်းအမြစ်ကျတဲ့ ဇုန်တစ်ခုလည်းဖြစ်သည်။

ဆွေးနွေးပွဲတွင် ဒေသခံအထည်အလိပ် အတိုင်ပင်ခံ Shrikant Gadge ပြောကြားရာတွင် Vidarbha အိန္ဒိယနိုင်ငံ အား ဝါဂွမ်း ၃၀ ရာခိုင်နှုန်းပံ့ပိုးပေးသည်ဟု ပြောကြားခဲ့သည်။

လွန်ခဲ့သော ၄-၅ နှစ်တာကာလအတွင်း နိုင်ငံတေနိ၏ ချည်မျှင်လုပ်ငန်း ကဏ္ဍသည်နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ သူများကို ဆွဲဆောင်နေခဲ့သည်။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ဝါဂွမ်း ထွက်ရှိမှု နှင့် ဖွံ့ဖြိုးတိုးတက်မှု သိသာထင်ရှားစွာ တိုးတက်ခဲ့တာကို မြင်တွေ့ခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 


 









Reference;fibre2fashion.com

Myanmar Textile and Garment Directory

Read 945 times
Rate this item
(0 votes)
Tagged under