What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကမ္ဘောဒီးယားနိုင်ငံ ၏ ပို့ကုန်တန်ဖိုး ဆက်လက်တိုးတက်လျက်ရှိ

ကမ္ဘောဒီးယားနိုင်ငံ ၏ ပို့ကုန်တန်ဖိုး  ဆက်လက်တိုးတက်လျက်ရှိ Google

ကမ္ဘောဒီးယားနိုင်ငံ၏ပို့ကုန်သည် ယခုပထမ ၁၀ လအတွင်း ဒေါ်လာ ၁၀.၈၁ ဘီလီယံ တန်ဖိုးရှိကာ ၆.၄၅ ရာခိုင်နှုန်းတိုးလာသည် ဟု ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကပြောကြားခဲ့သည် ။

ဇန်နဝါရီလမှ အောက်တိုဘာလအထိ အထည်အလိပ်တင်ပို့မှုသည် ၆.၄ ဘီလီယံနှင့် အထည်အလိပ်တန်ဖိုး ဒေါ်လာသန်း ၄၀ ရှိပြီး ဖိနပ်တန်ဖိုးသည် ဒေါ်လာ ၉၀၅ သန်းတန်ဖိုးရှိကြောင်း ဝန်ကြီးဌာန၏ နောက်ဆုံး အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Pan Sorasak ကပို့ကုန်တန်ဖိုးသည် နှစ်စဉ် ၁၀ % နှုန်းဖြင့် တိုးတက်နေကြောင်း မကြာသေးမီကပြောကြားခဲ့သည် ။

မိမိတို့နိုင်ငံ သည် အာဆီယံမူဘောင်သို့ ပေါင်းစည်းခြင်းနှင့် အရှေ့တောင်အာရှအုပ်စု ၊ အထူးသဖြင့် ဂျပန် ၊ တရုတ် ၊ တောင်ကိုရီးယား ၊

 

သြစတြေးလျ ၊ နယူးဇီလန် ၊ အိန္ဒိယ နိုင်ငံ စတဲ့နိုင်ငံတွေ နှင့် ကုန်သွယ်ရေးဆိုင်ရာ တိုးမြှင့် ခြင်းအပေါ်

 

အာရုံစိုက်နေကြောင်း ကမ္ဘောဒီးယားနိုင်ငံရဲ့ မီဒီယာများက ဖော်ပြထားသည်။

ဆက်လက်ပြီး ကမ္ဘောဒီးယားနိုင်ငံ ၏ ထုတ်ကုန်များကိုအဓိကဝယ်ယူသည့်နိုင်ငံတွေဟာ ဥရောပသမဂ္ဂ ၊ အမေရိကန် ၊

 

ကနေဒါနှင့် တရုတ်နိုင်ငံများဖြစ်သည် ဟု ဆက်လက်ဖော်ပြထားခဲ့သည်။

 

အစိုးရနိုင်ငံ၏ ကုန်သွယ်ရေးမှုဆိုင်ရာပေါင်းစည်းမှု ၊ ဈေးကွက် ကွဲပြားမှုမဟာဗျူဟာတို့နှင့်အညီ ကူးသန်းရောင်းဝယ်ရေ

 

း ဝန်ကြီးဌာနသည် ဒီဇင်ဘာလ အတွင်း တရုတ်နိုင်ငံတွင် ၎င်း၏ ဆဌမကုန်သွယ်ရေးစင်တာကို ဖွင့်လှစ် နိုင်မည် သိရသည်။

 

ထို့ပြင်ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားအိတ်များတင်ပို့မှုသည် ၂၀၁၆ ခုနှစ်တွင် ဒေါ်လာ ၅၈ သန်းမှယခုနှစ်တွင် ဒေါ်လာ

 

သန်း ၇၆၀ အထိတိုးပွားလာသည်ဟု ကမ္ဘောဒီယားရှိ အထည်ထုတ်လုပ်သူများအသင်း ( GMAC ) ထုတ်ပြန်ခဲ့သည်။

 

ယခုကမ္ဘောဒီးယားတွင် ခရီးသွားအိတ်စက်ရုံ ၂၇ ခုရှိပြီး ယခင်နှစ်ထက် ၁၇ တိုးလာကြောင်း သိရသည်။

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 


 









Reference; yarnsandfibers.com

Myanmar Textile and Garment Directory

Read 1060 times
Rate this item
(0 votes)
Tagged under