What's new

×

Warning

JUser: :_load: Unable to load user with ID: 845


2017 TOP 10 EXPORT

● ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တန်ဖိုး စုစုပေါင်းသည် ကန်ဒေါ်လာ ၁၁.၇ ဘီလျံ ရှိသည်။


● မြန်မာနိုင်ငံ လူဦးရေကို ၅၅.၁ သန်းဟု ယူဆတွက်ချက်ပါက လူဦးရေ တစ်ရပ်လုံးအနေဖြင့် စုစုပေါင်းတန်ဖိုးဖြစ်သည့် ကန်ဒေါ်လာ ၁၁.၇ ဘီလျံဖိုး ပြည်ပသို့ ● ၂၀၁၇ ခုနှစ်တွင် တင်ပို့ခဲ့ခြင်းသည် နိုင်ငံသားတစ်ဦးလျှင် အကြမ်းအားဖြင့် ကန်ဒေါ်လာ ၂၁၀ ဖိုးစီ ရှိသည်။
● ၂၀၁၃ ခုနှစ်နှင့် ယှဉ်ကြည့်ပါက ၂၈.၉ % များသော်လည်း ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်နှင့် ယှဉ်လျှင် ၄.၃% လျော့ကျသည်။
● International Monetary Fund’s World Economic Outlook Database ၏ စာရင်းအင်းများအရ မြန်မာနိုင်ငံ၏ စုစုပေါင်း GDP(Gross Domestic Product) သည် နိုဝင်ဘာလ ၂၀၁၇ ခုနှစ်အထိ ကန်ဒေါ်လာ ၃၃၀.၉ ဘီလျံ ရှိသည်။ သို့ဖြစ်ရာ စီးပွားရေး တစ်ရပ်လုံးမှ ထွက်ရှိသည့်ပမာဏ၏ ၃.၅% ကို ပြည်ပသို့ တင်ပို့ခဲ့သည်။
● ပထ၀ီအရကြည့်လျှင် မြန်မာ့ပြည်ပပို့ကုန်များတွင် ၉၂% သည် အာရှနိုင်ငံများသို့ ဖြစ်ပြီး ၅.၆% သည် ဥရောပသို့ ဖြစ်သည်။ ၁.၆% သည် မြောက်အမေရိကသို့ ဖြစ်သည်။
● အလုပ်လက်မဲ့နှုန်းသည် ၂၀၁၇ ဧပြီလတွင် ၄.၂% ရှိသည်။

၂၀၁၇ ခုနှစ်တွင် မြန်မာ့ပြည်ပပို့ကုန်များကို အုပ်စုခွဲပြီး ကန်ဒေါ်လာတန်ဖိုးအရ ထိပ်တန်း (၁၀) စာရင်းကို ဖော်ပြအပ်ပါသည်။ စုစုပေါင်းတင်ပို့သည့် ပမာဏအရ အုပ်စုတစ်ခုစီ ဝေစု ရာခိုင်နှုန်းကို လက်သည်းကွင်းဖြင့် ဖော်ပြထားသည်။

ထိပ်ဆုံးတွင် ထုံးစံအတိုင်း တွင်းထွက်လောင်စာ ရေနံနှင့် ဓာတ်ငွေ့အုပ်စု ရှိနေသည်။ ဒုတိယနေရာတွင် အထည်ချုပ်လုပ်ငန်းကဏ္ဍမှ တင်ပို့သည့် အ၀တ်အစားနှင့် ဆက်စပ်ပစ္စည်း အုပ်စု ရှိနေသည်။
တတိယနေရာတွင် အိန္ဒိယမှ အ၀ယ်ရပ်သဖြင့် မျက်ဖြူဆိုက်သည့် ပဲအခြောက် အုပ်စု ရှိနေသည်။
စတုတ္ထနေရာတွင် အိန္ဒိယမှ အများဆုံးတင်သွင်းသည့် သကြားဖြူ ပြန်လည်တင်ပို့ re-export လုပ်သည့် သကြားကုန်စည် အုပ်စု ရှိနေသည်။
ပဉ္စမနေရာတွင် စံချိန်သစ်တင်ပြီး တန် သန်း ၃၀ တင်ပို့သော ဆန်အပါအ၀င် ကောက်ပဲသီးနှံအုပ်စုကို တွေ့ရသည်။

၁။ တွင်းထွက်လောင်စာ ရေနံနှင့် ဓာတ်ငွေ့အုပ်စု
ကန်ဒေါ်လာ ၃.၃ ဘီလျံ (၂၈.၂%)

၂။ အ၀တ်အစားနှင့် ဆက်စပ်ပစ္စည်း အုပ်စု
ကန်ဒေါ်လာ ၁.၅ ဘီလျံ (၁၂.၇%)

၃။ ပဲအခြောက် အုပ်စု
ကန်ဒေါ်လာ ၁.၄ ဘီလျံ (၁၂.၂%)

၎။ သကြားအုပ်စု
ကန်ဒေါ်လာ ၁.၁ ဘီလျံ (၉.၅%)

၅။ ကောက်ပဲသီးနှံ အုပ်စု
ကန်ဒေါ်လာ ၆၆၄.၈ သန်း (၅.၇%

၆။ ငါး အုပ်စု
ကန်ဒေါ်လာ ၅၃၇.၉ သန်း (၄.၆%)

၇။ ကျောက်မျက်ရတနာအုပ်စု
ကန်ဒေါ်လာ ၄၂၅ သန်း (၃.၆%)

၈။ ကွန်ပျူတာ အပါအ၀င် စက်ကိရိယာအုပ်စု
ကန်ဒေါ်လာ ၄၀၈ သန်း (၃.၅%)

၉။ ဆီထွက်သီးနှံ အုပ်စု
ကန်ဒေါ်လာ ၃၀၇.၂ သန်း (၂.၆%)

၁၀။ ကြေးနီ အုပ်စု
ကန်ဒေါ်လာ ၂၆၂.၆ သန်း (၂.၂%)

● Top 10 စာရင်းဝင် ပို့ကုန်များ၏ စုစုပေါင်း တန်ဖိုးပမာဏသည် ပြည်ပပို့ကုန် တင်ပို့မှုတန်ဖိုး စုစုပေါင်း၏ ၈၅% နီးပါးရှိသည်။

● 2017 TOP 10 EXPORT တွင် ကွန်ပျူတာ အပါအ၀င် စက်ကိရိယာအုပ်စု သည် ကြီးထွားမှု အမြန်ဆန်ဆုံးဖြစ်သည်။ ၂၀၁၆ ခုနှစ်ထက် ၁,၈၅၈% မြင့်တက်သည်။

● အထည်ချုပ်ကဏ္ဍ ပို့ကုန်သည် ၂၀၁၆ ခုနှစ်ကထက် ၆၂.၃% ကြီးထွားခဲ့သည်။

● ကျဆင်းသည်မှာ ထိပ်ဆုံးတွင် ရှိနေဆဲဖြစ်သော တွင်းထွက်လောင်စာ ရေနံနှင့် ဓာတ်ငွေ့အုပ်စု ဖြစ်သည်။ ကမ်းလွန်ဓာတ်ငွေ့သိုက်များသည် တစ်နှစ်တာ ထုတ်လုပ်နိုင်မှု အဆုံးစွန်အထိ ရောက်ရှိခဲ့ပြီးပြီဖြစ်သဖြင့် လာမည့် နှစ်များတွင် တစ်နှစ်ထက်တစ်နှစ် လျော့ကျသွားမည် ဖြစ်သည်။

● ကောက်ပဲသီးနှံအုပ်စုတွင် ဆန်နှင့် ပြောင်းတို့ နိုင်ငံတကာဈေးကွက်ထဲ ရောင်းချသည့် တန်ဖိုးပမာဏ ကျဆင်းခဲ့သဖြင့် ကောက်ပဲသီးနှံအုပ်စုအနေဖြင့် ၂၀၁၆ ခုနှစ်တုန်းကထက် ၃၃.၃% လျော့ကျသည်။

● ကုန်သွယ်ရေး လိုငွေ ပြခြင်းသည် ၂၀၁၆ ခုနှစ်က ကန်ဒေါ်လာ ၄.၇ ဘီလျံ ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ကန်ဒေါ်လာ ၄ ဘီလျံ ရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၁၄.၆% လျော့နည်းသွားသည်။

● ပြည်ပမှ ၀ယ်ယူတင်သွင်းသည့် သွင်းကုန်များတွင် ကား၊ ထရပ်၊ မော်တော်ဆိုင်ကယ်တို့ ပါဝင်သည့် ယာဉ်အုပ်စုသည် ထိပ်ဆုံးတွင် ရှိနေပြီး ကန်ဒေါ်လာ ၂.၄ ဘီလျံဖိုး ရှိသည်။

 

 

Read 2729 times
Rate this item
(0 votes)