What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ချုပ်ထည်တင်ပို့မှု အီးယူ အဓိကကျ

အထည်ချုပ်ကဏ္ဍ ရှေ့အလားအလာ ကောင်းမွန်ရေးသည် မြန်မာနိုင်ငံနှင့် အီးယူတို့အကြား ဆက်ဆံရေးအခြေအနေ ကောင်းမွန်ခြင်းအပေါ် မူတည်နေသည်။

အီးယူနိုင်ငံများမှ CMP ချုပ်ထည်များ အော်ဒါမှာသည့် ပမာဏသည် ယခုနှစ်တွင် ၂ ဆ ဖြစ်လာသည်ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
ယခင်နှစ်က အော်ဒါမှာကြားသည်မှာ ကန်ဒေါ်လာ သန်း ၉၀ ၀န်းကျင်ရှိခဲ့သည်။ ယခုနှစ်တွင် ယခုအခါ ကန်ဒေါ်လာ သန်း ၁၈၀ ရှိသည်ဟု ၎င်းက ပြီးခဲ့သည့် ဇွန်လက ပြောပြခဲ့သည်။

အထည်ချုပ်စက်ရုံများတွင် အများဆုံးမှာ တောင်ကိုရီးယားမှ လာရာက်လုပ်ကိုင်လျက် ရှိသော စက်ရုံများ ဖြစ်သည်။
ပြည်ပတင်ပို့မှုတွင် အများဆုံး တင်ပို့လျက် ရှိသည်မှာ အီးယူနိုင်ငံများ ဖြစ်သည်။
ဖက်စပ်လုပ်ကိုင်သည့် အထည်ချုပ်စက်ရုံများတွင် အများစုသည့် တောင်ကိုရီးယား၊ တရုတ်၊ ဂျပန်နှင့် ထိုင်ဝမ်တို့မှ ဖြစ်သည်။
မြန်မာနိုင်ငံမှာ ထုတ်လုပ်သည့် ကုန်ချော ချုပ်ထည်များကို တင်သွင်းလျက်ရှိသည့် နိုင်ငံများမှာ ဂျပန်၊ တောင်ကိုရီးယားနှင့် အီးယူတို့ ဖြစ်သည်။

ယခုနှစ် ဘဏ္ဍာရေး နှစ်အစ ဧပြီလမှ ဇူလိုင်လကုန်အထိ CMP ချုပ်ထည်များး CMP အထည်ချုပ်ကဏ္ဍသည် ကန်ဒေါ်လာ ၁.၄ ဘီလျံကျော် တင်ပို့ခဲ့သည်။ ယခင်နှစ် ပထမလေးလအတွင်းတွင် ကန်ဒေါ်လာ ၇၀၄ သန်း တင်ပို့ခဲ့သည်။

Read 1102 times
Rate this item
(0 votes)