What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Mask များထုတ်လုပ်ရန်အတွက် ပိတ်သိမ်းထားသော အထည်ချုပ်စက်ရုံများကို ပြန်လည်ပတ်ခွင့်ပေး လိုက်သော ဟေတီအစိုးရ

Mask များထုတ်လုပ်ရန်အတွက် ပိတ်သိမ်းထားသော အထည်ချုပ်စက်ရုံများကို ပြန်လည်ပတ်ခွင့်ပေး လိုက်သော ဟေတီအစိုးရ google

COVID - 19 ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံတိုင်းတွင် စီးပွားရေးပိတ်ဆို့မှု ပြသာနာများနှင့်ရင်ဆိုင်နေရပါတယ်။

အလားတူ ဟေတီနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းများပြန်လည်ရှင်သန်လာရေးအတွက်အစွမ်းကိုကြိုးစားဆောင်ရွက်နေရပါတယ်။

 

COVID-19 ကူးစက်ရောဂါပြန့်ပွားမှုကြောင့်မတ်လ ၂၀ ရက်နေ့တွင် ဟေတီနိုင်ငံရှိ အထည်ချုပ်စက်ရုံများအားလုံးကို

 

အစိုးရအမိန့်ဖြင့် ပိတ်သိမ်းလိုက်ရပြီး အလုပ်သမား ၂၀၀၀ ကျော်ခန့် အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။

 

မကြာသေးမီက ဟေတီ အစိုးရသည် တိုင်းပြည်အတွက်လိုအပ်လျက်ရှိသော Mask များနှင့်

 

ဆေးဘက်ဆိုင်ရာ ကာကွယ်ရေး ပစ္စည်းများ ထုတ်လုပ်ရန်အတွက် အထည်ချုပ်စက်ရံခုနှစ်ရုံကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့ပါတယ်။

 

အဆိုပါစက်ရုံ ခုနှစ်ခု အနက် လေးခုသည် အမေရိကန်ဈေးကွက်သို့ ချည်ထည်များတင်ပို့သည့် စက်ရုံများဖြစ်ပြီး

 

ယခုအခါ ၎င်းစက်ရုံလေးရုံသည် Mask များကိုသာသီးသန့်ထုတ်လုပ်မည်ဖြစ်ကြောင်းသိရပါတယ်။

 

Mask များကိုထုတ်လုပ်ရာတွင် cotton ကိုသာအဓိကအသုံးပြု ထုတ်လုပ်မှာဖြစ်ပြီး တစ်ခါသုံးမဟုတ်ပဲ


ပြန်လည်အသုံးပြုလို့ရအောင် ထုတ်လုပ်သွားမှာပဲဖြစ်ပါတယ်။

 

ထိုဆေးဘက်ဆိုင်ရာ ပစ္စည်းများထုတ်လုပ်မှု လုပ်ငန်းစဉ်အတွက် လိုအပ်သည့် အထောက်အပံ့များကို အစိုးရနှင့်

 

အခြားပုဂ္ဂလိက စက်မှုလုပ်ငန်းရှင်များက ကူညီသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်


Haiti စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့်ဟေတီရှိအမေရိကန်ကုန်သွယ်ရေးကုန်သည်ကြီးများအသင်း ၊

 

စက်ရုံပိုင်ရှင်တို့ မကြာသေးမီကတွေ့ဆုံမှု‌ဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲအပြီးတွင်

 

ဟေတီအစိုးရသည်စက်ရုံများကိုမကြာမီပြန်လည်ပတ်ခွင့်ပြုမည်ဖြစ်ကြောင်းသဘောတူခဲ့သည်။

 

<<<Zawgyi>>>

 

















Read 1067 times
Rate this item
(0 votes)