What's new

×

Warning

JUser: :_load: Unable to load user with ID: 845

ပြည်တွင်းရှိ အထည်ချုပ်စက်ရုံများ၌ ပြည်ပနိုင်ငံများ၏ အော်ဒါအသစ်များကို လက်ခံ ဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်၏ ပြောကြားချက်အရ သိရသည်။ 

 

ယခုအခါ မြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံ အသီးသီးမှ အထည်ချုပ်အော်ဒါအသစ်များ  အဆက်မပြတ် လက်ခံရရှိနေပြီး လက်ရှိတွင် ပိုလန်နိုင်ငံမှ အော်ဒါအသစ်များကို ပြည်တွင်းရှိ အထည်ချုပ်စက်ရုံပေါင်း ၁၀၀ နီးပါး၌ လက်ခံချုပ်ပေးနေရပြီး တခြားပြည်ပနိုင်ငံများမှ နာမည်ရတံဆိပ်များနှင့် တံဆိပ်အသစ်များကိုလည်း ချုပ်ပေးရန်  အော်ဒါအသစ်များ ရရှိထားသည်။

 

Advertisement

Click Here > Baho Pipe

 

“ လက်ရှိမှာ ပိုလန်နိုင်ငံကနေ အထည်ချုပ်အော်ဒါအသစ်တွေ အများကြီး ရထားပါတယ်။ အဲဒီအော်ဒါတွေကို ပြည်တွင်းက အထည်ချုပ်စက်ရုံပေါင်း (၁၀၀) နီးပါးလောက်မှာ ချုပ်ပေးနေရတယ်။  အရင်က အပ်ကြတဲ့  တံဆိပ်တော်တော်များများလည်း ဆက်ချုပ်ပေးနေရတယ်။ တံဆိပ်အသစ်တွေလည်း အော်ဒါရလို့  ချုပ်ပေးနေရပါတယ်။ ” ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။ 

 

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း ကဏ္ဍအနေဖြင့် ပြည်တွင်းအလုပ်အကိုင်ရရှိရေး ဖော်ဆောင်ရာတွင် အဓိကအခန်း ကဏ္ဍ၌ ပါဝင်နေပြီး အလုပ်သမားအများစုမှာ အမျိုးသမီးများ ဖြစ်သည်ဟု ဆိုသည်။ 

 

လက်ရှိ ပြည်တွင်း၌ အထည်ချုပ်စက်ရုံပေါင်း (၅၀၀) နီးပါး လုပ်ကိုင် လည်ပတ်နေပြီး ထိုအထည်ချုပ်စက်ရုံများတွင်  လုပ်ကိုင်လျက်ရှိသော စုစုပေါင်း အလုပ်သမားဦးရေမှာ ငါးသိန်းဝန်းကျင် ရှိကြောင်း သိရသည်။

Published in Industry News

တရုတ်-မြန်မာ နှစ်နိုင်ငံ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရည်ရွယ်၍ မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ ၂၀၂၃ ကို ဒီဇင်ဘာလ ၈၊ ၉၊ ၁၀ ရက်တို့တွင် Inya Lake Hotel, Yangon Convention Center (YCC) တွင် ပြုလုပ်သွားမည် ဖြစ်သည်။

 

အဆိုပါပြပွဲကို တရုတ်နိုင်ငံ၊ Zhejiang ပြည်နယ်မှ ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) နှင့် Chinese Textile & Garment Association In Myanmar (CTGA) တို့မှ ပူးပေါင်း ကျင်းပခြင်း ဖြစ်သည်။

 

မြန်မာနိုင်ငံရှိ ပြည်ပအထည်ချုပ် လုပ်ငန်းရှင်အသင်းများ ဖြစ်သော Korea Garment Association in Myanmar (KOGAM), Japan Garment Manufacturers Association in Myanmar (JGMA), Hong Kong Myanmar Manufacturers' Association Limited - HKMMA  တို့ကလည်း ပံ့ပိုး ကူညီပေးထားသည်။

 

Advertisement 

Click Here > Asia Power Quality Electric 

 

တရုတ်နိုင်ငံမှ အမှတ်တံဆိပ် (၂၅) ခု၊ အထည်အလိပ်နှင့် အဝတ်အထည်၊ ဖိနပ်နှင့် အိတ်ထုတ်လုပ်သူ (၁၀၀) ကျော်၏ ထုတ်ကုန်များကို ပြသသွားမည် ဖြစ်ပြီး Made in Myanmar ထုတ်ကုန်များ ဖြစ်သော အဝတ်အထည်၊ ပြည်တွင်းထုတ်ဖိနပ်နှင့် အိတ်များကိုလည်း ခင်းကျင်း ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

 

ပြည်တွင်း SME လုပ်ငန်းများအား အရောင်းမြှင့်တင်ခြင်းနှင့် မိတ်ဆက်ခြင်းများကိုလည်း ပြုလုပ်သွားမည် ဖြစ်သည့်အတွက် ယင်း မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲကြီးသို့ စိတ်ပါဝင်စားသူ မည်သူမဆို လာရောက် ကြည့်ရှု လေ့လာကြရန်လည်း အသင်းများက ဖိတ်ခေါ်ထားသည်။

 

ပြပွဲကျင်းပမည့် အစီအစဉ်

ရက်စွဲ -  ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၈၊ ၉၊ ၁၀) ရက် 

နေရာ - YCC, Yangon Convention Center (Inya Lake Compound) 

အချိန်  - မနက် (၉) နာရီမှစ၍ 

 

မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲသို့ လာရောက်ရန် စိတ်ဝင်စားသူများအနေဖြင့် အောက်ပါလင့်ခ်တွင် စာရင်းပေးသွင်းနိုင်သည်။

> https://china-myanmargarmentexpo2023.powerglobal.com.mm/form

 

ဆက်သွယ်ရန်

+95 9 45004 5003 

This email address is being protected from spambots. You need JavaScript enabled to view it.

Published in Events & Exhibitions

မြန်မာနိုင်ငံရှိ အငယ်စား၊ အသေးစားနှင့် အလတ်စား ကုန်ထုတ်လုပ်မှု လုပ်ငန်းများမှ ထုတ်လုပ်သည့် တန်ဖိုးမြှင့်ထုတ်ကုန်များ (Value Added Products) ကို နိုင်ငံတကာရှိ စီးပွားရေးလုပ်ငန်း ဈေးကွက်များသို့ ဈေးကွက် ထိုးဖောက်နိုင်ရန်အတွက် သက်ဆိုင်ရာ မြန်မာသံရုံး/ ကောင်စစ်ဝန်ချုပ်ရုံးများမှ ကူညီ ပံ့ပိုး ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။ 

 

မိမိတို့၏ အထည်အလိပ်လုပ်ငန်းများမှ ထုတ်လုပ်သည့် နိုင်ငံတကာ အရည်အသွေး ပြည့်မီသည့် တန်ဖိုးမြှင့် ထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း (MGMA) နှင့် မြန်မာနိုင်ငံ ချည်မျှင်နှင့် အထည်အလိပ် လုပ်ငန်းရှင်များအသင်း (MTMA) သို့ ဆက်သွယ်နိုင်သည်။

 

အထည်ချုပ် လုပ်ငန်းရှင်များအသင်း 

ဖုန်း - 01 2314 829, 01 2300 253, 09 49 287 184

အီးမေးလ် - This email address is being protected from spambots. You need JavaScript enabled to view it.

လိပ်စာ - အမှတ် (၂၉)၊ ၉ လွှာ၊ UMFCCI Office Tower, မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

 

 

Advertisement

Click Here >  Asia Pacific Inspection Agency

 

ချည်မျှင်နှင့် အထည်အလိပ် လုပ်ငန်းရှင်များအသင်း

ဖုန်း - 09 500 3714

 

အဆိုပါ အသင်းများမှတစ်ဆင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် ချိတ်ဆက်၍ဖြစ်စေ၊ ပြည်ထောင်စုသမ္မတ မြန်မာနိင်ငံတော်၊ ကောင်စစ်ဝန်ချုပ်ရုံး (ဒူဘိုင်းမြို့) ရှိ စီးပွားရေးသံမှူးနှင့် ချိတ်ဆက်၍ဖြစ်စေ ဈေးကွက်မြှင့်တင်ရေး လုပ်ငန်းများကို ပူးပေါင်း ဆောင် ရွက်သွားမည် ဖြစ်သည်။

 

မြန်မာနိုင်ငံမှ အဓိကပို့ကုန်များ ဖြစ်သည့် လယ်ယာထွက်ကုန်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ၊ တိရိစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္ထုနှင့် တွင်းထွက်ပစ္စည်းများ၊  ရေထွက်ပစ္စည်းများ၊ စက်မှုကုန်ချောပစ္စည်းများ အပါအဝင် အခြားပစ္စည်း အမျိုးမျိုးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စီစဉ် ပံ့ပိုးမှုဖြင့် နိုင်ငံတကာသို့ တင်ပို့လျက် ရှိသည်။

Published in Local Industry

အလုပ်အကိုင် အခွင့်အလမ်း အများဆုံးပေးနိုင်မည့် အထည်ချုပ်လုပ်ငန်းများ တိုးချဲ့ ရင်းနှီးမြှုပ်နှံရေးအတွက် ကိုရီးယားအထည်ချုပ်လုပ်ငန်း၊ ချည်ထည်ထုတ်လုပ်ရေး၊ ချည်ငင်နှင့် ဆေးဆိုးလုပ်ငန်းများ တိုးချဲ့ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဌ ဦးအေးဝင်းက ပြောကြားသည်။

 

မြန်မာနိုင်ငံတွင် တိုးချဲ့ ရင်းနှီးမြှုပ်နှံမည့် ကိုရီးယား အထည်ချုပ်လုပ်ငန်း Panko Corporation မှ လုပ်ငန်းရှင်များနှင့် ကုန်သည်စက်မှုအသင်းချုပ် အဖွဲ့ဝင်များ ကုန်သည်စက်မှုအသင်းချုပ်ရုံး၌ တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ ဆွေးနွေးပွဲတွင် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဌက… 

  • ပြည်တွင်း၌ လာရောက် ရင်းနှီး မြှုပ်နှံမည့် လုပ်ငန်းရှင်များကို လုပ်ရကိုင်ရ လွယ်ကူစေမည့် အခြေအနေများကို ညှိနှိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ 
  • လက်ရှိတွင် နိုင်ငံတော်ဘက်မှ ကုန်ထုတ်လုပ်ငန်းများကို အားပေးနေသည့်ကာလ ဖြစ်ကြောင်း
  • အလုပ်အကိုင် အခွင့်အလမ်း အများဆုံးပေးနိုင်မည့် အထည်ချုပ်လုပ်ငန်းများကို တိုးချဲ့ ရင်းနှီးမြှုပ်နှံမှုမှာ သိရသည့်အတွက် ဝမ်းသာပီတိ ဖြစ်ရကြောင်း
  • အထူးသဖြင့် အထည်ချုပ်လုပ်ခြင်းအပြင် ချည်ငင်၊ ဆေးဆိုးလုပ်ငန်းများလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်မည် ဆိုသည့်အတွက် မိမိတို့နိုင်ငံအနေနှင့် အကျိုးကျေးဇူးများ ရရှိမည် ဖြစ်ကြောင်း 
  • စီးပွားရေး လုပ်ကိုင်ရာတွင် အကျိုးအမြတ် ရရှိလိုခြင်း တစ်ခုထဲသာမက နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေးနှင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

Advertisement

Click Here > Asia Pacific Inspection Agency

 

ကိုရီးယားနိုင်ငံ Panko Corporation ဥက္ကဌ Mr.Youngjoo Choi က မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းအပြင် ချည်ထုတ်လုပ်ရေးလုပ်ငန်းကို လုပ်ကိုင်မည် ဖြစ်ကာ ထိုမှတစ်ဆင့် ချည်ငင်ခြင်း၊ ဆေးဆိုးခြင်း စသည့် စက်မှုလုပ်ငန်းဖြင့် ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ဆိုသည်။ 

 

ယခု လာရောက်သည့် ကိုရီးယားလုပ်ငန်းရှင်များသည် ချည်ထုတ်လုပ်ရေးတွင် အတတ်ပညာနှင့် အတွေ့အကြုံများစွာ ရှိပြီး ကုန်ထုတ်လုပ်ငန်းများ တိုးတက်ရန် အသင်းချုပ်နှင့်လည်း ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ထို့နောက် တက်ရောက်သူများက ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အထည်ချုပ်စက်ရုံများ တိုးချဲ့ တည်ဆောက်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံသူများ လာရောက် လုပ်ကိုင်ရာတွင် အဆင်ပြေ ချောမွေ့စေရန် ကူညီပေးနိုင်ရေးတို့ကိုလည်း ဆွေးနွေးကြသည်။

 

ကိုရီးယားနိုင်ငံ Panko Corporation သည် မြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံကို ၂၀၁၉ ခုနှစ်က ပဲခူးမြို့တွင် စတင် တည်ထောင်ကာ အထည်ချုပ်လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်၍ ပြည်တွင်းအလုပ်အကိုင်များ ဖန်တီးပေးလျက် ရှိသည်။

Published in Industry News

ရန်ကုန်တိုင်းဒေသကြီး၌ ရှစ်လအတွင်း CMP အထည်ချုပ်လုပ်ငန်း အပါအဝင် ရင်းနှီးမြှုပ်နှံမှု (၄၅) ခုကို ခွင့်ပြုခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ( DICA ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ နိုင်ငံသားနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှု အသစ် (၄၅) ခုတို့အား ဇန်နဝါရီလမှ သြဂုတ်လအထိ  ခွင့်ပြုထားခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများတွင်…

  • စက်မှုလုပ်ငန်းများ၊ 
  • ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများ၊ 
  • CMP စနစ်ဖြင့် အထည်ချုပ်လုပ်ငန်းများ၊ 
  • ဝန်ဆောင်မှုနှင့် ထုတ်လုပ်မှု လုပ်ငန်းများလည်း ပါဝင်သည်။ 

 

လုပ်ငန်းအများစုမှာ CMP အထည်ချုပ်လုပ်ငန်းများဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁၈,၀ဝ၀) ကျော်ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ယင်း CMP စနစ်ဖြင့် အထည်ချုပ်လုပ်ငန်းများတွင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှလည်း လာရောက် ရင်းနှီးမြှုပ်နှံမှု ရှိသည်ဟု ဆိုသည်။

Published in Industry News

ကုန်သွယ်ရေးစာရင်းများအရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဇွန်လ (၂၃) ရက်နေ့အထိ CMP ကဏ္ဍတွင် ချုပ်လုပ်ပြီး အဝတ်အထည် တင်ပို့မှုသည် ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ (၆၁) သန်းကျော် လျော့နည်းနေကြောင်း သိရသည်။

 

ယခုနှစ် ဇွန်လအထိ အဝတ်အထည်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ (၈၆၅.၁၉၅) သန်းသာ ရှိသေးသဖြင့် ကျန်ရှိသည့် ကာလတွင် တိုးမြှင့် တင်ပို့နိုင်ရေးအတွက် လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များမှ ပူးပေါင်း ဆောင်ရွက်ပြီး ကြိုးစားပေးစေလိုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရက ပြောသည်။

 

ဝန်ကြီးဌာနအနေဖြင့် ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် သက်ဆိုင်ရာဦးစီးဌာန၊ တစ်ဦးချင်းစီအလိုက် ကဏ္ဍအလိုက် တာဝန်ခွဲဝေပေးကာ တစိုက်မတ်မတ် ဆောင်ရွက်လျက် ရှိပြီး CMP ကဏ္ဍတွင် ပို့ကုန်တိုးမြှင့်ရေး ညှိနှိုင်းအစည်းအဝေးများလည်း ပြုလုပ်ကာ CMP ကဏ္ဍတိုးတက်ရေးအတွက် ဆောင်ရွက်နေသည်ဟု ဆိုသည်။

 

Cutting, Making, Processing ဆိုသည့် CMP လုပ်ငန်းသည် ပြည်တွင်းအလုပ်အကိုင်များစွာကို ဖန်တီးပေးနိုင်သည့်အတွက် CMP ကဏ္ဍတိုးတက်လာသည်နှင့်အမျှ နိုင်ငံတော်၏ GDP ကိုလည်း တိုးတက်နိုင်စေမည် ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့သည်။ 

 

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း၏ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က အသင်းအနေဖြင့် ၂၀၁၅ မှ ၂၀၂၅ ခုနှစ်အတွက် မဟာဗျူဟာ (၁၀) နှစ် စီမံကိန်းကို ချမှတ်ထားပြီး စက်ရုံအရေအတွက်၊ ပို့ကုန်တန်ဖိုး၊ အလုပ်ခန့်ထားရေး စသည့် Target များ ထားရှိ၍ ဆောင်ရွက်ခဲ့ရာ ကိုဗစ်မတိုင်ခင်ကာလအထိ သတ်မှတ် Target ကို ပြည့်မီခဲ့ကြောင်း ပြောသည်။

 

၂၀၂၂ ခုနှစ်သည် ပို့ကုန်အမြင့်ဆုံး တင်ပို့နိုင်သည့်နှစ် ဖြစ်ပြီး အထည်ချုပ်ကဏ္ဍ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၎င်းတို့ အသင်းအနေဖြင့် လိုအပ်သည့်သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း၊ တာဝန်ယူမှုရှိသည့် စီးပွားရေးလုပ်ငန်းများ ဖြစ်ရေးအတွက် ဥပဒေများကို ရှင်းလင်း သင်ကြားပေးခြင်း၊ လုပ်ငန်းခွင် ဆက်ဆံရေး တိုးမြင့်စေရေး စသည်တို့ကိုလည်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 

 

Advertisement

Click Here > Asia Pacific Inspection Agency

 

 

အထည်ချုပ်သင်တန်းကဏ္ဍတွင်လည်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန TVET ဌာနနှင့် ပူးပေါင်း၍ Diploma in Fashion Technology ကို ပို့ချနိုင်ရန် စတင် ဆွေးနွေးနေပြီ ဖြစ်ကြောင်း သိရှိရသည်။ ၂၀၁၇ ခုနှစ်တွင် ပြင်သစ်၌ ကျင်းပသည့် နိုင်ငံတကာ အဝတ်အထည်ပြပွဲ (Messe Frankfurt, Paris) တွင် အသင်းအနေဖြင့် မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍ (Made in Myanmar) ကို စတင် မိတ်ဆက်နိုင်ခဲ့သည်ဟု ဆိုသည်။ 

 

ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ချုပ်ထည် Order အများအပြားရရှိရန် လိုအပ်ပြီး အလုပ်သမားများနှင့်လည်း ယုံကြည်မှု တည်ဆောက်ကာ လုပ်ငန်းခွင်ဆက်ဆံရေး ပြေလည် ကောင်းမွန်ရန် လိုအပ်ကြောင်း ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားခဲ့သည်။

 

ပြည်တွင်းရှိ စက်မှုထုတ်ကုန်၊ အထည်အလိပ်၊ အဝတ်အထည်ပစ္စည်းများ ပို့ကုန်တိုးမြှင့်နိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းနှင့် မြန်မာအထည်ချုပ်လုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများ  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

 

အစည်းအဝေးတွင် မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းနှင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းတို့မှ တက်ရောက်လာသည့် ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေ အတွင်းရေးမှူးများ၊ လုပ်ငန်းရှင် ကိုယ်စားလှယ်များမှ…

  • ပို့ကုန်တင်ပို့နိုင်ရေးအတွက် ကုန်ကြမ်းများ၊ ကုန်ပစ္စည်းများ တင်သွင်းတင်ပို့ရာတွင် ကြုံတွေ့ရသည့် အခြေအနေများ၊ အခက်အခဲများ၊ 
  • FOP စနစ်ဖြင့် ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် လိုအပ်သည့် ကုန်ကြမ်းအခြေအနေနှင့် အခက်အခဲများ၊ 
  • အထည်ချုပ်ကဏ္ဍရှိ အလုပ်သမားများ ညဆိုင်းအချိန်ပိုဆင်းနိုင်ရေး ခွင့်ပြုပေးနိုင်ရေး၊ 
  • ပြည်တွင်းရက်ကန်းလုပ်ငန်းများ ထွန်းကားရေး၊ 
  • ဒေသရိုးရာအထည်အလိပ်များ အဆင့်မီစွာ ထုတ်လုပ်တင်ပို့နိုင်ရေး ကူညီ ဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ 

 

အဆိုပါ အစည်းအဝေးသို့ အသင်းချုပ်ဖက်မှ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များ၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းတို့မှ ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးများ၊ အသင်းဝင်ကုမ္ပဏီများ၊ လုပ်ငန်းရှင်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

Published in Industry News

၂၀၂၀ ခုနှစ်အဝတ်အစားနဲ့ အထည်အလိပ် ပွဲတော် Myanmar Int'l Textile & Garment Industry Exhibition ( MTG 2020 )ကို ဒီဇင်ဘာလ ၁၈ ရက်နေ့မှစတင်ပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့ထိ Yorkers Exhibition Services ( Myanmar ) Co.ltd မှ စီစဉ် ပြုလုပ်ပြီး ၉,၀၀၀ စတုရန်းမီတာ ကျယ်ဝန်းသည့် အင်းယားလိပ်ဟိုတယ်ဝင်း၊ အမှတ် (၃၇)၊ ကမ္ဘာအေးဘုရားလမ်းရှိ YCC ခန်းမတွင် ကျင်းပသွားမည် ဖြစ်သည်။

Published in Local Industry

အဆင့်မြင့် နည်းပညာသုံး အမေရိကန်‌ဒါ်လာ ၈ သန်းကျော် တန်ဖိုးရှိတဲ့ အထည်ချုပ်စက်ရုံအသစ်ကို Casablanca မှာ လုပ်ကိုင်ဖို့ မော်ရိုကိုအစိုးရနှင့်တရုတ်နိုင်ငံရဲ့ Omega Textile Marocတို့ရဲ့ သဘောတူညီမှုအရ မကြာမီမှာ လုပ်ငန်းလည်ပတ်တော့မှာ ဖြစ်ပါတယ်။

Published in Industry News

အာရှနိုင်ငံတွေ တော်တော် များများမှာရှိတဲ့ အထည်အလိပ်စက်ရုံအလုပ်သမားတွေအတွက် နီးကပ်စွာရှိနေတဲ့ သူတို့ရဲ့သမဂ္ဂကို ကိုဗစ်က လွှမ်းခြုံပြီး ဖျက်စီးဖို့ ကြံရွယ်နေပုံပါပဲဆိုတာကို ပြောကြားခဲ့ပါတယ်။တရုတ်၊ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယ၊ကမ္ဘောဒီးယားနှင့်မြန်မာနိုင်ငံရှိ ကုန်ထုတ်လုပ်မှု အချက်အချာတွေမှာ ဒေါ်လာဘီလီယံနှင့်ချီသော အမှာစာများဖျက်သိမ်းခြင်းက ကူးစက်ပျံ့နှံ့မှုရဲ့ အကျိုးသက်ရောက်မှုဆိုတာကို တွေ့ရပါတယ်။၎င်းက ရာထောင်ချီသော အာရှတိုက်ရဲ့ အချို့သော အဆင်းရဲဆုံးနိုင်ငံတွေမှာ အလုပ်လက်မဲ့ဖြစ်စေခဲ့ပါတယ်။Padma ရဲ့အလုပ်ခွင်က တစ်ခုတည်းသော Gokaldas စက်ရုံဖြစ်ပါတယ်။

 

"သူတို့က သမဂ္ဂကို အချိန်အတော်ကြာဖယ်ရှားပစ်ချင်ခဲ့ပါတယ်။အခုသူတို့က Covid-19 ကိုဆင်ခြေအဖြစ်သုံးနေကြတယ်"လို့ Padma ကAFPသို့ပြောကြားခဲ့ပါတယ်။အိန္ဒိယနိုင်ငံမှာ ရာပေါင်းများစွာသော အလုပ်သမားအုပ်စုတွေကို ကိုယ်စားပြုတဲ့ New Trade Union Initiative ရဲ့အထွေထွေအတွင်းရေးမှူး Gautam Mody ကကုမ္မဏီသည် Covid ရဲ့အကြောင်းပြချက်နဲ့ စည်းလုံးမှုပြိုကွဲသွားခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

 

Gokaldasကမှတ်ချက်ပေးရန် တောင်းဆိုချက်တွေကို ပြန်လည်ဖြေကြားခြင်းမရှိသော်လည်း H&M ကစက်ရုံပိတ်သိမ်းမှုကို အတည်ပြုခဲ့ပါတယ်။ပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန် ဒေသတွင်းနှင့်ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးအသင်းများသာမက ကုန်ပစ္စည်းပေးသွင်းသူများနှင့်လည်း နီးကပ်စွာ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နေကြောင်း H&M မှ AFP သို့ပြောကြားခဲ့ပါတယ်။လမ်းပေါ်ရှိတဲ့ အထည်ချုပ်ကုမ္ပဏီကြီးက Gokaldas စက်ရုံလေးခုမှအဝတ်တွေကိုလည်း ၀ယ်ယူတယ်လို့ ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ Initiative မှပြောကြားခဲ့ပါတယ်။

 

အာရှရဲ့ အထည်အလိပ်စက်ရုံတွေက လူသန်းပေါင်းများစွာအတွက် အလုပ်အကိုင်တွေအပြင် ဆင်းရဲသောနိုင်ငံတွေအတွက် အရေးပါတဲ့နိုင်ငံခြားငွေကြေးတွေကိုလည်း ထောက်ပံ့ပေးခဲ့ပါတယ်။သို့သော်ကူးစက်ရောဂါက ထိုကဏ္ဍကိုအကျိုးသက်ရောက်စေပါတယ်။ဘင်္ဂလားဒေ့ရှ်တစ်ခုတည်းမှာပင် အလုပ်သမား ၁၀၀,၀၀၀ ကျော်ကအလုပ်လက်မဲ့ဖြစ်နေကြပါတယ်။ဘင်္ဂလားဒေ့ရှ်အထည်ချုပ်ဥက္ကဋ္ဌ ရာဖစ်ကူလ်အစ္စလာမ်ဆွန်ဂျွန်နှင့်လူ့အခွင့်အရေးအဖွဲ့ Shilpo Sramik အဖွဲ့တို့ရဲ့ အဆိုအရ ထက်ဝက်ခန့်က အဖွဲ့အစည်းတွေနှင့်ဆက်စပ်နေတယ်လို့ဆိုပါတယ်။စက်ရုံတော်တော်များများက အလုပ်သမား အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းစဉ်ကိုအရင် ကတည်းက မကျေမနပ်ဖြစ်ခဲ့ကြပြီး အလုပ်သမားခေါင်းဆောင်တွေကို အနှောက်အယှက်ဖြစ်စေပါတယ်။

 

သို့သော်စီးပွားရေးအကြပ်အတည်းက“ ဒီနည်းဗျူဟာကို ကျယ်ပြန့်စွာ လမ်းဖွင့်ပေးခဲ့ပါတယ်။” လို့ အမေရိကန်ပြည်ထောင်စုသမဂ္ဂအဖွဲ့ချုပ် AFL-CIO နှင့်ဆက်နွယ်နေသောအလုပ်သမားစည်းရုံးလှုံ့ဆော်ရေးအဖွဲ့မှ ဂျေဒီဒေးဗစ်က ပြောကြားခဲ့ပါတယ်။အဓိက ကုန်အမှတ်တံဆိပ်တွေက အခုအချိန်မှာ သူတို့ရဲ့ ထောက်ပံ့ရေးတွေအတွက် အထိခိုက်လွယ်ဆုံးသူများအား ကာကွယ်ရန်သူတို့ရဲ့ ငွေကြေးကြံ့ခိုင်မှုကို အသုံးပြုရန်တိုက်တွန်းခံနေရပါတယ်။ကမ္ဘောဒီးယား၊ မြန်မာနှင့်အိန္ဒိယ အပါအ၀င်နိုင်ငံအများစုမှာ လက်တုံ့ပြန်နိုင်တဲ့ ဆန့်ကျင်ရေး ဥပဒေများရှိပါတယ်။

 

ကူးစက်ရောဂါမတိုင်မီက ဖွံ့ဖြိုးတိုးတက်မှုရဲ့ ပြယုဂ်အဖြစ်ရှုမြင်ခဲ့သောအ၀တ်အထည်ကဏ္ဍကို မေလမှာ Rui Ning စက်ရုံက လုပ်သား ၂၉၈ ဦး ကိုအလုပ်ထုတ်ခဲ့ပါတယ်။ ၎င်းက စပိန်ဖက်ရှင်အမှတ်တံဆိပ် Zara ကဲ့သို့အဝတ်အစားများကို ထုတ်လုပ်ပါတယ်။ပြန်လည်ထူထောင်ရန် အလွန်ခက်ခဲသော အလုပ်သမားသမဂ္ဂက အလုပ်သမားတွေက Zara ကိုပိုင်ဆိုင်သော Inditex ဖက်ရှင်အဖွဲ့ကိုတည်ထောင်သူ Amancio Ortega သို့ စာနာမှုမရှိသော စာတစ်စောင်ရေးသားခဲ့ပါတယ်။Forbes ရဲ့အဆိုအရ Mr Ortegaက ကမ္ဘာပေါ်မှာ ၆ ယောက်မြောက်အချမ်းသာဆုံးဖြစ်ပြီး ၆၂.၈ ဘီလီယံဒေါ်လာပိုင်ဆိုင်ပါတယ်။

 

Inditex ကအလုပ်သမားအငြင်းပွားမှုများကို သတိပြုမိပြီး အလုပ်သမားကိုယ်စားလှယ်တွေအပေါ်ခွဲခြားဆက်ဆံမှုကိုတားမြစ်ထားတဲ့ အပြုအမူကျင့်ထုံးကို ကိုးကားပြီး ပြောကြားခဲ့ပါတယ်။ ၎င်းကဒေါ်လာသန်းပေါင်းများစွာကုန်ကျမယ့် အ၀တ်အထည် ကုမ္ပဏီကြီးတွေက အလုပ်သမားများအား ခေါင်းပုံဖြတ်ခြင်းစွပ်စွဲချက်များဖြစ်ပေါ်စေနိုင်တဲ့ PRစနစ် ထိခိုက်ပျက်စီးမှုကို သတိပြုမိကြောင်း လူသိရှင်ကြားကြေငြာခဲ့ပါတယ်။အဆိုးဆုံးအခြေအနေတွေမှာ အလုပ်မှထုတ်ပယ်ခြင်းကို ဆန့်ကျင်သော အလုပ်သမားများက ထောင်ဒဏ်ကျခံနေရပါတယ်။

 

ဟောင်ကောင်အခြေစိုက်ကုမ္ပဏီက Michael Kors၊ Tory Burch နှင့် Kate Spade စတဲ့ ကုန်အမှတ်တံဆိပ်တွေအတွက် သားရေလက်ကိုင်အိတ်တွေ ပြုလုပ်နေပါတယ်။နောက်ထပ် ကမ္ဘောဒီးယားအလုပ်သမားခေါင်းဆောင် Pav Sina ကအလုပ်သမားသမဂ္ဂနှင့်အလုပ်သမား ၂,၀၀၀ ကျော်ကို စာချုပ်ချုပ်ဆိုခြင်းများ ရပ်ဆိုင်းသွားတယ်လို့ ပြောကြားခဲ့ပါတယ်။အရင်တုန်းကစက်ရုံတွေကဒီလိုမလုပ်ခဲ့ပါဘူး။ဒါပေမယ့် ဒီလိုလုပ်ဖို့ Covidက သူတို့ကိုအခွင့်အရေးပေးခဲ့ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

 

Ref:The Japantimes News

Published in Industry News

COVID - 19 ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံတိုင်းတွင် စီးပွားရေးပိတ်ဆို့မှု ပြသာနာများနှင့်ရင်ဆိုင်နေရပါတယ်။

Published in Export & Import
Page 1 of 2

Search Articles