What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဇန်နဝါရီ မှ ဇူလိုင်လအထိ ဗီယက်နမ်၏အထည်အလိပ် တင်ပို့မှု ၁၂.၁ ရာခိုင်နှုန်း ကျဆင်းခဲ့

ဇန်နဝါရီ မှ ဇူလိုင်လအထိ ဗီယက်နမ်၏အထည်အလိပ် တင်ပို့မှု ၁၂.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ fibre2fashion

ယခုနှစ် ပထမ ခုနှစ်လ အတွင်း ဗီယက်နမ်ရှိ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ၏ ပို့ကုန်လည်ပတ်မှုသည် ကန်ဒေါ်လာ ၁၆.၁၈ ဘီလီယံရှိကြောင်း ဇူလိုင်လတွင် စက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ပါတယ်။

 

စီးပွားရေးလုပ်ငန်းများအနေဖြင့် လွန်ခဲ့သောနှစ်လတာကာလအတွက် တန်ဖိုးမြင့် ကုန်ပစ္စည်းများ အထူးမှာကြားထားသော အော်ဒါမှာယူမှုလည်း မရရှိခဲ့ပါ။ တစ်ချိန်တည်းမှာပဲ ကမ္ဘာတစ်ဝှမ်း ထုတ်လုပ်မှု များပြားတဲ့အတွက် Masks နဲ့ တစ်ကိုယ်ရည်အကာအကွယ် ပစ္စည်း(PPE)များရဲ့ ကုန်ဈေးနှုန်းများလည်း သိသိသာသာ ကျဆင်းခဲ့သည်ဟု သိရပါတယ်။

အော်ဒါမှာယူ ဖျက်သိမ်းမှုနှုန်း ၃၀ မှ ၇၀ ရာခိုင်နှုန်းထိ ရှိကြောင်း ဗီယက်နမ်အထည်အလိပ် နှင့် အဝတ်အထည်များ အသင်း (VITAS) က ထုတ်ဖော်ပြောကြားချက်အရ သိရပါတယ်။

 

အော်ဒါမှာယူမှုများ ကျဆင်းမှုများကြောင့် အဆင်သင့် သိုလှောင်ထားရှိသည့် ကုန်ကြမ်များ ပမာဏ များပြားနေရခြင်းနှင့် လုပ်ခလစာတိုးမြှင့်ပေးရေးတို့ကြောင့် အခက်အခဲများ ပိုမိုကြီးမားနေစေခဲ့ပါတယ်။

ဒါပေမဲ့ အလားအလာကောင်းများကိုလည်း မြင်တွေ့ရပါတယ်။ ၂၀၂၀ ပထမနှစ်ဝက်အတွင်း ဗီယက်နမ်နိုင်ငံသည် ကမ္ဘာ့အဝတ်အထည်နှင့် အထည်အလိပ်တင်ပို့မှုမှာ ဘင်္ဂလားဒေ့ရှ်ထက် ပိုများခဲ့ပြီး တင်ပို့မှုအများဆုံးနိုင်ငံအနေဖြင့် ဒုတိယ နေရာကို ရောက်ရှိခဲ့ကြောင်း fibre2fashion ၏ ရေးသား ဖော်ပြချက်အရ သိရပါတယ်။

 

ဗီယက်နမ် အထွေထွေစာရင်းအင်းရုံးနှင့် ဘင်္ဂလားဒေ့ရ်ှ ပို့ကုန်မြှင့်တင်ရေးဗျူရိုမှ အချက်အလက်များအရ ယခုနှစ် ပထမခြောက်လအတွင်း ဗီယက်နမ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၁၃.၁၈ ဘီလီယံဖိုး အထည်အလိပ်နှင့် အဝတ်အထည် တင်ပို့နိုင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ တင်ပို့မှုဟာ အမေရိကန်ဒေါ်လာ ၁၁.၉၂ ဘီလီယံသာ ရရှိခဲ့တယ်လို့

Dony Garments သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

Ref: fibre2fashion

Read 752 times
Rate this item
(0 votes)