What's new



ဗီယက်နမ်နှင့် မြန်မာ အဝတ်အထည်များ ဂျပန်သို့ တင်ပို့မှု ၂၀၂၃ ခုနှစ် ပထမ ၄ လတွင် မြင့်တက်

ဗီယက်နမ်နှင့် မြန်မာ အဝတ်အထည်များ ဂျပန်သို့ တင်ပို့မှု ၂၀၂၃ ခုနှစ် ပထမ ၄ လတွင် မြင့်တက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

၂၀၂၃ ခုနှစ် ပထမလေးလတာအတွင်း တရုတ်၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ဂျပန်နိုင်ငံ၏ အဝတ်အထည်တင်သွင်းမှု ထိပ်တန်းငါးနိုင်ငံဖြစ်ခဲ့သည်ဟု Fibre2Fashion က အချက်အလက် ထုတ်ပြန်ပါသည်။

အဝတ်အထည်သွင်းကုန် စုစုပေါင်းတန်ဖိုး  အမေရိကန်ဒေါ်လာ ၇ ဒသမ ၈၈၃ ဘီလီယံ၏ ၈၃ ဒသမ ၈၇ ရာခိုင်နှုန်းကို ၎င်း ၅ နိုင်ငံထံမှ တင်သွင်းခဲ့သည်။

တရုတ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ တင်သွင်းမှု လျော့ကျခဲ့သည်။ ဗီယက်နမ်နှင့် မြန်မာတို့မှ တင်သွင်းမှု  မြင့်တက်ခဲ့သည်။

.

တရုတ်နိုင်ငံ

တရုတ်နိုင်ငံမှ အဝတ်အထည်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄.၀၅၆ ဘီလီယံ ရှိသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ စုစုပေါင်းအဝတ်အထည်သွင်းကုန်တန်ဖိုး၏ ၅၁.၄၅ ရာခိုင်နှုန်း ဖြစ်ပါသည်။

၂၀၂၂ ခုနှစ် အလားတူကာလတွင် ကန်ဒေါ်လာ ၄.၁၇၈ ဘီလီယံ ရှိခဲ့ပါသည်။

တရုတ်နိုင်ငံသည် အများဆုံး ပေးသွင်းသူအဖြစ် ဆက်လက်ရပ်တည်နေပါသည်။ 

.

ဘင်္ဂလားဒေ့ရှ်နိုင်ငံ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အ၀တ်အထည် တင်သွင်းမှုသည်လည်း ၂ ဒသမ ၂၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ၂၀၂၂ ခုနှစ် ပထမ၄ လတွင် ကန်ဒေါ်လာ ၄၇၁.၀၉၀ သန်း ရှိခဲ့ပြီး ၂၀၂၃ ပထမ၄ လတွင် ကန်ဒေါ်လာ ၄၆၀.၃၆၈ သန်း ရှိပါသည်။ 

ဘင်္ဂလားဒေ့ရှ်သည် ဝေစု ၅ ဒသမ ၈၄ ရာခိုင်နှုန်း ရရှိခဲ့ပြီး တတိယအများဆုံး ပေးသွင်းသူအဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။

.

ဗီယက်နမ်နိုင်ငံ

ဗီယက်နမ်နိုင်ငံသည် ဒုတိယအများဆုံး ပေးသွင်းသူဖြစ်သည်။ ဝေစု ၁၅.၇၇% ရရှိထားသည်။ ဗီယက်နမ်မှ အ၀တ်အထည် တင်သွင်းမှုသည် ၁၅ ဒသမ ၄၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

၂၀၂၂ ခုနှစ် ပထမ၄ လတွင် ကန်ဒေါ်လာ ၁,၀၇၇.၁၇၀ သန်း ရှိခဲ့ပြီး ၂၀၂၃ ပထမ၄ လတွင် ကန်ဒေါ်လာ ၁,၂၄၃.၆၂၉ သန်း ရှိပါသည်

.

မြန်မာနိုင်ငံ

မြန်မာနိုင်ငံမှ အ၀တ်အထည် တင်သွင်းမှုသည်  ၂၀၂၁ ခုနှစ် ပထမ၄ လတွင် ကန်ဒေါ်လာ ၂၆၅.၅၂၄ သန်းရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ပထမ၄ လတွင် ကန်ဒေါ်လာ ၃၂၆.၈၂၉ သန်း ရှိခဲ့သဖြင့် ၂၃.၀၉% မြင့်တက်ခဲ့သည်။ 

၂၀၂၃ ပထမ၄ လတွင် ကန်ဒေါ်လာ ၄၄၈.၇၉၄ သန်း ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်ထက် ၃၇.၃၂% ကြီးထွားခဲ့ပါသည်။ ဝေစုမှာ ၅.၆၉% ဖြစ်ပါသည်။

မြန်မာသည် စတုတ္ထအများဆုံး ပေးသွင်းသူဖြစ်ပါသည်။

.

ကမ္ဘောဒီးယားနိုင်ငံ

ကမ္ဘောဒီးယာနိုင်ငံသည် ယခုနှစ် ပထမလေးလအတွင်း ဂျပန်သို့ အဝတ်အထည်များ ကန်ဒေါ်လာ ၄၀၃.၉၉၈ သန်းဖိုး တင်ပို့ခဲ့သည်။ ဝေစုမှာ ၅.၁၂% ဖြစ်ပါသည်။ ကမ္ဘောဒီးယားသည် ပဉ္စမအများဆုံး ပေးသွင်းသူဖြစ်ပါသည်။ ၂၀၂၂ ပထမ ၄ လတွင် ကန်ဒေါ်လာ ၃၉၈.၀၂၁ သန်းဖိုး တင်ပို့ခဲ့ပါသည်။ ယခုနှစ်တွင် ၁.၅% မြင့်တက်ပါသည်။

Source  Fibre2Fashion 


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 467 times
Rate this item
(0 votes)