What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အစိုးရအဖွဲ့သို့တင်ပြမည့် ကုန်ကြမ်းပြတ်လပ်မှုပြသာနာ တင်ပြချက်များကို မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အသေးစိတ် ထုတ်ပြန်

အစိုးရအဖွဲ့သို့တင်ပြမည့် ကုန်ကြမ်းပြတ်လပ်မှုပြသာနာ တင်ပြချက်များကို မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အသေးစိတ် ထုတ်ပြန် Facebook

“ကုန်ကြမ်းပြတ်လပ်မှုများ နှင့်ပတ်သက်၍ ဆွေးနွေးပွဲ” ကို UMFCCI မှကြီးမှူးပြီး ၂၆ ရက် ဖေဖော်ဝါရီလ ၂၀၂၀ တွင် ကျင်းပခဲ့ပါတယ်။

 

အဆိုပါဆွေးနွေးပွဲတွင် ကုန်ကြမ်းပြတ်လပ်မှုကြောင့် ကြုံတွေ့နေရသော ပြသာနာများကို တက်ရောက်လာကြသော ဌာနအသီးသီးမှ

 

တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပါတယ်။ 

 

ထို ပြသာနာများရှင်းလင်းတင်ပြချက်များကို အစိုးရအဖွဲ့သို့ တင်ပြသွားမှာဖြစ်ပြီး တင်ပြချက် များကိုမြန်မာနိုင်ငံ

 

အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အသေးစိတ်ထုတ်ပြန်ခဲ့ပါတယ်။

 

အဆိုပါထုတ်ပြန်ချက်တွင် Korea Garment Association ဥက္ကဌ မှ မြန်မာနိုင်ငံတော်အစိုးရ အနေဖြင့် အနည်းဆုံးအခကြေးငွေသတ်မှတ်ခြင်းကို

 

ရွေ့ဆိုင်းပေးလိုကြောင်း ၊ စက်ရုံ များကို ငွေကြေး အကူအညီ ပေးခြင်းများ ပြုလုပ်ပေးစေလိုကြောင်း ၊ စက်ရုံ ပိုင်ရှင် အများစုမှ အစိုးရအဖွဲ့ ကို

 

Coronavirus(COVID 19) ကြောင့် စက်ရုံအလုပ်ရုံ များ ကုန်ကြမ်း ပြတ်လပ် ခြင်းကို ကြုံတွေ့နေရကြောင်း အမိန့်ကြေငြာစာ ထုတ်ပေးခြင်းများ၊

 

လုပ်သားလျော့ချလျှင် နစ်နာကြေး ၃ လ သာ ပေးလိုပြီး ရက်မှန်ကြေး၊ အပိုဆောင်း များမပေးလိုကြောင်း ၊ ကုန်ကြမ်းများ ရောက်လာလျှင် လည်း

 

ဆိပ်ကမ်း ၌ အမြန်ဆုံး ထုတ်နိုင်အောင် ဆောင်ရွက်ပေးလိုကြောင်း ၊ ILO, INGO များနှင့်ပူးပေါင်း ၍ ဖြေရှင်းပေး စေလိုကြောင်း ၊

 

လူမှုဖူလှုံရေး ဌာန မှလည်း လုပ်သားများအတွက် တစ်ခုခု ဆောင်ရွက် ပေးခြင်းများ စသည့် အစိုးရအဖွဲ့သို့ပြုလုပ်ပေးစေလိုသောအချက်မျာ

 

ပါဝင်ကြောင်း သိရပါတယ်။

 

ထို့နောက် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင် များအသင်း ဥက္ကဌ ဦးမြင့်စိုး မှလည်း အလုပ်သမား များ အတွက် လူမှုဖူလုံရေး ဌာန မှ တစ်ခုခု

 

ဖြေရှင်း ပေးရန် အစိုးရ အဖွဲ့ ကို တိုက်တွန်းခဲ့ပါသည်။


လွှတ်တော် အဖွဲ့ မှလည်း ကြုံတွေ့နေရသောပြသာနာ များ ကို အစိုးရ အဖွဲ့သို့ တင်ပြပေးမည် ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ နှင့် အလုပ်သမားလည်း

 

အချင်းချင်း ရိုင်းပင်း ကူညီ စာနာ ပေးကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။ UMFCCI ဥက္ကဌ ဦးဇော်မင်းဝင်း မှ ကြုံတွေ့နေရသော ပြသာနာများကို

 

အတူတူ ရင်ဆိုင် ပါက ကျော်လွှား နိုင်မည် ဖြစ်ကြောင်း ဆွေးနွေးပွဲတွင် ပြောကြားခဲ့ပါတယ်။

 

ပင်မင်းဆိုင် ၁၇၇ ဆိုင်ကိုရှာရန်နှိပ်ပါ။

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>




 
















 

Myanmar Textile and Garment Directory 

Read 994 times
Rate this item
(0 votes)
Tagged under