What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပျက်စီးဆုတ်ယုတ်မှုများနှင့် ရင်ဆိုင်လာရသော ကမ္ဘောဒီးယားအထည်အလိပ်ကဏ္ဍ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပျက်စီးဆုတ်ယုတ်မှုများနှင့် ရင်ဆိုင်လာရသော ကမ္ဘောဒီးယားအထည်အလိပ်ကဏ္ဍ Google

လက်ရှိ ကမ္ဘာ တစ်ဝန်း ကြုံတွေ့လျက်ရှိသော ကိုရိုနာဗိုင်းရပ်စ်ရောဂါပြန့်ပွားမှု ဂယက်ကြောင့် ကမ္ဘာ့စီးပွားရေးဈေးကွက်များ

 

မတည်မငြိမ် ဖြစ်ကာ ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရပါတယ်။

 

 

အလားတူပင် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ကမ္ဘောဒီးယား အထည်အလိပ်ကဏ္ဍတွင် လည်း မတည်ငြိမ်မှုများဖြစ်ပေါ်လျက်ရှိပြီး

 

အထည်အလိပ်လုပ်သား သောင်းနဲ့ချီ အလုပ်လက်မဲ့ဖြစ်နေကြပါတယ်။

 

ကမ္ဘောဒီးယားနိုင်ငံသည် အထည်အလိပ်နှင့် ပတ်သက်သော ကုန်ကြမ်းများကို တရုတ်နိုင်ငံမှ အဓိက မှီခိုအားထားနေရတာပဲဖြစ်ပါတယ်။

 

သို့သော်တရုတ်နိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်ကြမ်းများ မတင်ပို့နိုင်တော့ တဲ့အခါမှာတော့ ကမ္ဘောဒီးယားအထည်အလိပ်ကဏ္ဍ

 

အနေနဲ့ ထုတ်လုပ်မှုအပိုင်းတွင် အခက်အခဲများနှင့် ရင်ဆိုင်လာရပါတော့တယ်။ ထိုကဲ့သို့ ကုန်ကြမ်းပြတ်လပ်မှုကြောင့် အထည်အလိပ်စက်ရုံ


၅၅ ခုသည် ဖေဖော်ဝါရီလ အစောပိုင်းတွင် လုပ်ငန်းများရပ်နားရန် လျှောက်ထားခဲ့ကြောင်း ကမ္ဘောဒီးယား အထည်အလိပ်ထုတ်လုပ်သူများအသင်း

 

ပြောကြားချက်အရသိရပါတယ်။

 

သို့သော် မကြာသေးမီက ကုန်ကြမ်းပြတ်လပ်မှု ပြဿနာများ အနည်းငယ် ပြန်လည်အဆင်ပြေလာပြီး ရပ်တန့်ထားသော စက်ရုံ ၅၅ ခုအနက်မှ

 

၂၀ ခုမှာ ပြန်လည်လည်ပတ်နိုင်ခဲ့ပါတယ်။

 

ထိုသို့ကုန်ကြမ်းပြတ်လပ်မှုပြဿနာ များ ပြေလည်လာပြီးနောက် တွင် ကမ္ဘောဒီးယား အထည်အလိပ်ကဏ္ဍသည် ကိုရိုနာ ဗိုင်းရပ်စ်

 

ပြန့်ပွားမှုကြောင့် ဝယ်ယူသူများထံမှ အမှာစာများနည်းပါးလာခြင်း၊အနောက်နိုင်ငံများမှ ဝယ်လိုအားကျဆင်းခြင်းစသည့် ပြဿနာများနှင့်

 

ထပ်မံရင်ဆိုင်လာရပြန်ပါတယ်။

 

ကမ္ဘောဒီးယားနိုင်ငံ၏ အဓိကအထည်အလိပ်တင်ပို့မှုဈေးကွက်သည် အမေရိကန်နှင့် ဥရောပနိုင်ငံတို့ပဲဖြစ်ပါတယ်။

 

လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်နှင့် ဥရောပနိုင်ငံများတွင် ဈေးဝယ်စင်တာများ ၊ ကုန်တိုက်များကိုပိတ်ထားလျက်ရှိတာကြောင့်

 

ဈေးကွက်ပိတ်ဆို့မှုများနှင့် ကြုံတွေ့နေရသော ကမ္ဘောဒီးယားနိုင်ငံ၏ အထည်အလိပ်ကဏ္ဍ သည် ယခုနှစ်အတွင်း ပျက်စီးဆုံးရှုံးမှုများစွာ နှင့်

 

ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက ခန့်မှန်းထားကြပါတယ်။

 

ရိုးရာဝတ်စုံဆိုင် ၁၇၄ ဆိုင်ကိုရှာရန်နှိပ်ပါ။

 

COVID

 

<<< Zawgyi ျဖင့္ဖတ္ရန္ >>>

 

လက္ရွိ ကမၻာ တစ္ဝန္း ၾကံဳေတြ႔လ်က္ရွိေသာ ကိုရိုနာဗိုင္းရပ္စ္ေရာဂါျပန္႔ပြားမႈ ဂယက္ေၾကာင့္ ကမၻာ့စီးပြားေရးေစ်းကြက္မ်ား မတည္မျငိမ္

 

ျဖစ္ကာ ပ်က္စီးဆံုးရႈံးမႈမ်ားနွင့္ ရင္ဆိုင္ေနရပါတယ္။ အလားတူပင္ ကိုရိုနာ ဗိုင္းရပ္္စ္ေၾကာင့္ ကေမၻာဒီးယား အထည္အလိပ္က႑တြင္ လည္း

 

မတည္ျငိမ္မႈမ်ားျဖစ္ေပၚလ်က္ရွိျပီး အထည္အလိပ္လုပ္သား ေသာင္းနဲ႔ခ်ီ အလုပ္လက္မဲ့ျဖစ္ေနၾကပါတယ္။

ကေမၻာဒီးယားနိုင္ငံသည္ အထည္အလိပ္နွင့္ ပတ္သက္ေသာ ကုန္ၾကမ္းမ်ားကို တရုတ္နိုင္ငံမွ အဓိက မွီခိုအားထားေနရတာပဲျဖစ္ပါတယ္။

 

သို႔ေသာ္တရုတ္နိုင္ငံမွ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ကုန္ၾကမ္းမ်ား မတင္ပို႔နိုင္ေတာ့ တဲ့အခါမွာေတာ့ ကေမၻာဒီးယားအထည္အလိပ္က႑ အေနနဲ႔

 

ထုတ္လုပ္မႈအပိုင္းတြင္ အခက္အခဲမ်ားနွင့္ ရင္ဆိုင္လာရပါေတာ့တယ္။ ထိုကဲ့သို႔ ကုန္ၾကမ္းျပတ္လပ္မႈေၾကာင့္ အထည္အလိပ္စက္ရံု၅၅ ခုသည္

 

ေဖေဖာ္ဝါရီလ အေစာပိုင္းတြင္ လုပ္ငန္းမ်ားရပ္နားရန္ ေလွ်ာက္ထားခဲ့ေၾကာင္း ကေမၻာဒီးယား အထည္အလိပ္ထုတ္လုပ္သူမ်ားအသင္း

 

ေျပာၾကားခ်က္အရသိရပါတယ္။

သို႔ေသာ္ မၾကာေသးမီက ကုန္ၾကမ္းျပတ္လပ္မႈ ျပႆနာမ်ား အနည္းငယ္ ျပန္လည္အဆင္ေျပလာျပီးရပ္တန္႔ထားေသာ စက္ရံု ၅၅ ခုအနက္မွ

 

၂၀ ခုမွာ ျပန္လည္လည္ပတ္နိုင္ခဲ့ပါတယ္။ ထိုသို႔ကုန္ၾကမ္းျပတ္လပ္မႈျပႆနာ မ်ား ေျပလည္လာျပီးေနာက္ တြင္ ကေမၻာဒီးယား အထည္အလိပ္က႑သည္

 

ကိုရိုနာ ဗိုင္းရပ္စ္ျပန္႔ပြားမႈေၾကာင့္ ဝယ္ယူသူမ်ားထံမွ အမွာစာမ်ားနည္းပါးလာျခင္း၊အေနာက္နိုင္ငံမ်ားမွ ဝယ္လိုအားက်ဆင္းျခင္းစသည့္ ျပႆနာမ်ားနွင့္

 

ထပ္မံရင္ဆိုင္လာရျပန္ပါတယ္။

ကေမၻာဒီးယားနိုင္ငံ၏ အဓိကအထည္အလိပ္တင္ပို႔မႈေစ်းကြက္သည္ အေမရိကန္နွင့္ ဥေရာပနိုင္ငံတို႔ပဲျဖစ္ပါတယ္။

 

လက္ရွိတြင္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ အေမရိကန္နွင့္ ဥေရာပနိုင္ငံမ်ားတြင္ ေစ်းဝယ္စင္တာမ်ား ၊ ကုန္တိုက္မ်ားကိုပိတ္ထားလ်က္ရွိတာေၾကာင့္ ေစ်းကြက္ပိတ္ဆို႔မႈမ်ားနွင့္

 

ၾကံဳေတြ႕ေနရေသာ ကေမၻာဒီးယားနိုင္ငံ၏ အထည္အလိပ္က႑ သည္ ယခုနွစ္အတြင္း ပ်က္စီးဆံုးရႈံးမႈမ်ားစြာ နွင့္ ရင္ဆိုင္ရလိမ့္မည္ျဖစ္ေၾကာင္း စီးပြားေရးပညာရွင္မ်ားက ခန္႔မွန္းထားၾကပါတယ္။

Ref : Fiber2Fashion

 

textile picture

 

ရုိးရာဝတ္စုံဆုိင္ ၁၇၄ ဆုိင္ကိုရွာရန္ႏွိပ္ပါ။

 

Myanmar Textile and Garment Directory

Read 838 times
Rate this item
(0 votes)
Tagged under