What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မြန်မာအပါအဝင် အရှေ့တောင်အာရှရဲ့ အထည်ချုပ်ကဏ္ဍကို ခပ်ပြင်းပြင်းရိုက်ခတ်နေတဲ့ COVID 19

မြန်မာအပါအဝင် အရှေ့တောင်အာရှရဲ့ အထည်ချုပ်ကဏ္ဍကို ခပ်ပြင်းပြင်းရိုက်ခတ်နေတဲ့ COVID 19 Google

မြန်မာအပါအဝင် အရှေ့တောင်အာရှရဲ့ အထည်ချုပ်ကဏ္ဍကို ခပ်ပြင်းပြင်းရိုက်ခတ်နေတဲ့ COVID 19

COVID 19 ခေါ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အရှေ့တောင်အာရှရဲ့ အထည်ချုပ်စက်ရုံတွေတော်တော် များများပိတ်ပိတ်သိမ်းခဲ့ရသလို အထည်ချုပ်အလုပ်သမားဝန်ထမ်းတွေအတွက်လည်း

ကိုရိုနာကာလမှာ နေထိုင်စားသောက်မှုအတွက် အခက်အခဲဖြစ်ခဲ့ရပါတယ်။ ဒီလိုဖြစ်ရတာက ကိုရိုနာကူးစက်မှုဆိုတာထက် အထည်ချုပ်အတွက် အဓိကကုန်ကြမ်းကိုထောက်ပံ့ပေးနေတဲ့

တရုတ်နိုင်ငံမှာကိုရိုနာစတင်တာက ပိုပြီးအ ရေးပါခဲ့ပါတယ်။ အရှေ့တောင်အာရှရဲ့ အထည်ချုပ်ကဏ္ဍနဲ့ပတ်သက်လို့ အထိနာဆုံးဖြစ်ခဲ့တာကတော့ ဗီယက်နမ်၊ ကမ်ဘော ဒီယားနဲ့ မြန်မာတို့ပဲဖြစ်ပါတယ်။

ဗီယမ်နမ်အနေနဲ့ ၂၀၁၈ခုနှစ်ရဲ့ အစီရင်ခံစာအရဆိုရင် လူပေါင်း ၁.၆ သန်း လောက်က အထည်ချုပ်လုပ်ငန်းမှာဝင်ရောက်လုပ်ကိုင်နေပြီး အဆိုပါပမာဏက ဗီယက်နမ်လုပ်သားဦးရေ

စုစုပေါင်းရဲ့ ၅ ရာခိုင်နှုန်းလောက်ကိုရှိနေခဲ့တာဖြစ်ပါတယ်။ ဗီယက်နမ်ကတော့ ကမ္ဘာ့အကြီးမားဆုံးသော အထည်ချုပ်တင်ပို့ရောင်းချတဲ့ နိုင်ငံတွေထဲကတစ်ခုဖြစ်ပြီး ယခုနှစ်ဇန်နဝါရီနဲ့ ဖေဖေါ်ဝါရီလတို့မှာ

အထည်ချုပ် တင်ပို့မှု ၁.၇ ရာခိုင်နှုန်းလောက်လျော့ကျခဲ့ရပါတယ်။ တန်ဖိုးအားဖြင့်တော့ ကန်ဒေါ်လာ ၄.၅ ဘီလီယံရှိမှာဖြစ် ပါတယ်။

 

textile.jpg1.jpg


ကမ်ဘောဒီယားမှာဆိုရင်လည်း အထည်ချုပ်မှာလုပ်ကိုင်နေသူပေါင်း ၁.၅ သန်းနဲ့အထက်ရှိပြီး ကမ်ဘောဒီးယား ရဲ့ GDP 16% လောက်အထိကို အထည်ချုပ်ကရှာဖွေပေးနေတယ်လို့ သတင်းတွေကဖော်ပြခဲ့ကြပါတယ်။

ဒီပမာဏက ပို့ကုန်ကဏ္ဍဝင်ငွေရဲ့ ၈၀ ရာခိုင်နှုန်းအထက်လို့ ရည်ညွှန်းတာလည်းဖြစ်ပါတယ်။ ကမ်ဘောဒီးယား အနေနဲ့ကတော့ အထည်ချုပ်ကုန်ကြမ်းရဲ့ ၆၀ ရာခိုင်နှုန်းလောက်အထိကို တရုတ်အပေါ်မှီခိုနေရတာပဲဖြစ်ပါတယ်။

ကမ်ဘောဒီးယားမှာတော့ အထည်ချုပ်စက်ရုံပေါင်း ၂၀၀လောက်အထိရှိပါတယ်။ တရုတ်နဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာကတော့ ကုန်ကြမ်းရဲ့ ၉၀ ရာခိုင်နှုန်းလောက်အထိကို တရုတ်အပေါ်မှီခို နေခဲ့ရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းကလည်း တကယ်လို့ကိုရိုနာဗိုင်းရပ်စ်က ကာလကြာရှည်ခဲ့မယ်ဆိုရင် အထည်ချုပ်စက်ရုံပေါင်း ၅၀၀ ရဲ့ တစ်ဝက်လောက်အထိ ပိတ်သိမ်းသွားနိုင်တယ် လို့သတိပေးထားပါတယ်။

လက်ရှိမှာတာ့ အထည်ချုပ်စက်ရုံပေါင်း ၂၀ ထက်မနည်း ပိတ်သိမ်းခဲ့ပြီး လုပ်သား ၁၀,၀၀၀ လောက် အလုပ်လက်မဲ့ဖြစ်သွားခဲ့ပါတယ်။ 

လက်ရှိဖော်ပြထားတဲ့ သတင်းတွေအရ တရုတ်အနေနဲ့ကိုရိုနာဗိုင်းရပ်စ်က လွတ်မြောက်စပြုနေပြီး ကုန်ကြမ်း အတွက်ပြန်လည်ထုတ်လုပ်ဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ ဒါပေမယ့် အခြားတစ်ဖက်မှာတော့

နာမည်ကြီး အမှတ်တံဆိပ်တွေဖြစ်တဲ့ Primark ၊ Mark & Spencer and Hennes & Mauritz (H&M) တို့လို ကုမ္ပဏီတွေ အနေနဲ့ ဝယ်လိုအားလျော့ကျမှုကြောင့် မှာယူမှုတွေကို ရက်ရွှေ့တာပဲဖြစ်ဖြစ်၊

ဖျက်သိမ်းတာပဲဖြစ်ဖြစ် လုပ်ဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။ ဒါကြောင့် အရှေ့တောင်အာရှရဲ့ အထည်ချုပ်စက်ရုံတွေအနေနဲ့ ကုန်ကြမ်း ရရှိခဲ့ရင်တောင်မှ ဝယ်ယူမယ့်သူတွေရဲ့ အခြားသောအခက်အခဲတွေကိုပါ ရင်ဆိုင်ရဖို့ရှိနေတာပဲဖြစ်ပါတယ်။

textile picture

Zawgyi

ျမန္မာအပါအ၀င္ အေရွ႕ေတာင္အာရွရဲ႕ အထည္ခ်ဳပ္က႑ကို ခပ္ျပင္းျပင္း႐ိုက္ခတ္ေနတဲ့ COVID 19


COVID 19 ေခၚ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အေရွ႕ေတာင္အာရွရဲ႕ အထည္ခ်ဳပ္စက္ရံုေတြေတာ္ေတာ္ မ်ားမ်ားပိတ္ပိတ္သိမ္းခဲ့ရသလို အထည္ခ်ဳပ္အလုပ္သမား၀န္ထမ္းေတြအတြက္လည္း

ကို႐ိုနာကာလမွာ ေနထိုင္စားေသာက္မႈအတြက္ အခက္အခဲျဖစ္ခဲ့ရပါတယ္။ ဒီလိုျဖစ္ရတာက ကို႐ိုနာကူးစက္မႈဆိုတာထက္ အထည္ခ်ဳပ္အတြက္ အဓိကကုန္ၾကမ္းကိုေထာက္ပံ့ေပးေနတဲ့

တ႐ုတ္ႏိုင္ငံမွာကို႐ိုနာစတင္တာက ပိုၿပီးအ ေရးပါခဲ့ပါတယ္။ အေရွ႕ေတာင္အာရွရဲ႕ အထည္ခ်ဳပ္က႑နဲ႔ပတ္သက္လို႔ အထိနာဆံုးျဖစ္ခဲ့တာကေတာ့ ဗီယက္နမ္၊ ကမ္ေဘာ ဒီယားနဲ႔

ျမန္မာတို႔ပဲျဖစ္ပါတယ္။ ဗီယမ္နမ္အေနနဲ႔ ၂၀၁၈ခုႏွစ္ရဲ႕ အစီရင္ခံစာအရဆိုရင္ လူေပါင္း ၁.၆ သန္း ေလာက္က အထည္ခ်ဳပ္လုပ္ငန္းမွာ၀င္ေရာက္လုပ္ကိုင္ေနၿပီး

အဆိုပါပမာဏက ဗီယက္နမ္လုပ္သားဦးေရ စုစုေပါင္းရဲ႕ ၅ ရာခိုင္ႏႈန္းေလာက္ကိုရွိေနခဲ့တာျဖစ္ပါတယ္။ ဗီယက္နမ္ကေတာ့ ကမ႓ာ႔အႀကီးမားဆံုးေသာ

အထည္ခ်ဳပ္တင္ပို႔ေရာင္းခ်တဲ့ ႏိုင္ငံေတြထဲကတစ္ခုျဖစ္ၿပီး ယခုႏွစ္ဇန္နဝါရီနဲ႔ ေဖေဖၚဝါရီလတို႔မွာ အထည္ခ်ဳပ္ တင္ပို႔မႈ ၁.၇ ရာခိုင္ႏႈန္းေလာက္ေလ်ာ့က်ခဲ့ရပါတယ္။

တန္ဖိုးအားျဖင့္ေတာ့ ကန္ေဒၚလာ ၄.၅ ဘီလီယံရွိမွာျဖစ္ ပါတယ္။ကမ္ေဘာဒီယားမွာဆိုရင္လည္း အထည္ခ်ဳပ္မွာလုပ္ကိုင္ေနသူေပါင္း ၁.၅ သန္းနဲ႔အထက္ရွိၿပီး

ကမ္ေဘာဒီးယား ရဲ႕ GDP 16% ေလာက္အထိကို အထည္ခ်ဳပ္ကရွာေဖြေပးေနတယ္လို႔ သတင္းေတြကေဖာ္ျပခဲ့ၾကပါတယ္။

 

textile.jpg1.jpg

ဒီပမာဏက ပို႔ကုန္က႑၀င္ေငြရဲ႕ ၈၀ ရာခိုင္ႏႈန္းအထက္လို႔ ရည္ၫႊန္းတာလည္းျဖစ္ပါတယ္။ ကမ္ေဘာဒီးယား အေနနဲ႔ကေတာ့ အထည္ခ်ဳပ္ကုန္ၾကမ္းရဲ႕

၆၀ ရာခိုင္ႏႈန္းေလာက္အထိကို တ႐ုတ္အေပၚမွီခိုေနရတာပဲျဖစ္ပါ တယ္။ ကမ္ေဘာဒီးယားမွာေတာ့ အထည္ခ်ဳပ္စက္ရံုေပါင္း ၂၀၀ေလာက္အထိရွိပါတယ္။

 


တ႐ုတ္နဲ႔အိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ့ ျမန္မာကေတာ့ ကုန္ၾကမ္းရဲ႕ ၉၀ ရာခိုင္ႏႈန္းေလာက္အထိကို တ႐ုတ္အေပၚမွီခို ေနခဲ့ရတာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံအထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္းကလည္း တကယ္လို႔ကို႐ိုနာဗိုင္းရပ္စ္က ကာလၾကာရွည္ခဲ့မယ္ဆိုရင္ အထည္ခ်ဳပ္စက္ရံုေပါင္း ၅၀၀ ရဲ႕ တစ္၀က္ေလာက္အထိ

ပိတ္သိမ္းသြားႏိုင္တယ္ လို႔သတိေပးထားပါတယ္။ လက္ရွိမွာတာ့ အထည္ခ်ဳပ္စက္ရံုေပါင္း ၂၀ ထက္မနည္း ပိတ္သိမ္းခဲ့ၿပီး လုပ္သား ၁၀,၀၀၀ ေလာက္ အလုပ္လက္မဲ့ျဖစ္သြားခဲ့ပါတယ္။


လက္ရွိေဖာ္ျပထားတဲ့ သတင္းေတြအရ တ႐ုတ္အေနနဲ႔ကို႐ိုနာဗိုင္းရပ္စ္က လြတ္ေျမာက္စျပဳေနၿပီး ကုန္ၾကမ္း အတြက္ျပန္လည္ထုတ္လုပ္ဖို႔ျပင္ဆင္ေနတယ္လို႔သိရပါတယ္။

ဒါေပမယ့္ အျခားတစ္ဖက္မွာေတာ့ နာမည္ႀကီး အမွတ္တံဆိပ္ေတြျဖစ္တဲ့ Primark ၊ Mark & Spencer and Hennes & Mauritz (H&M) တို႔လို ကုမၸဏီေတြ အေနနဲ႔

၀ယ္လိုအားေလ်ာ့က်မႈေၾကာင့္ မွာယူမႈေတြကို ရက္ေရႊ႕တာပဲျဖစ္ျဖစ္၊ ဖ်က္သိမ္းတာပဲျဖစ္ျဖစ္ လုပ္ဖို႔ ျပင္ဆင္ေနၾကတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္

အေရွ႕ေတာင္အာရွရဲ႕ အထည္ခ်ဳပ္စက္ရံုေတြအေနနဲ႔ ကုန္ၾကမ္း ရရွိခဲ့ရင္ေတာင္မွ ၀ယ္ယူမယ့္သူေတြရဲ႕ အျခားေသာအခက္အခဲေတြကိုပါ ရင္ဆိုင္ရဖို႔ရွိေနတာပဲျဖစ္ပါတယ္။

Source- theaseanpost.com

Myanmar Textile & Garment Directory

Read 1125 times
Rate this item
(0 votes)