What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အင္ဒုိနီးရွား ႐ွဴးအိပ္စ္ပုိ႔

(Zawgyi+Unicode)
CMP လုိ႔ ေျပာလုိက္ရင္ ဖိနပ္ကုိ ေမ့ေနၾကတယ္။

CMP လုိ႔ အတုိေကာက္ေျပာၾကတဲ့ Cut-Make-Pack ေခါင္းစဥ္ေအာက္မွာ အထည္ခ်ဳပ္အျပင္ ဖိနပ္ခ်ဳပ္တာလည္း အက်ဳံး၀င္ပါတယ္။
ျပည္ပအမွာစာေတြအရ ႐ွဴးဖိနပ္၊ ေျခညႇပ္ဖိနပ္ စတာေတြ ထုတ္လုပ္တဲ့ ေျခစီး (footwear) က႑ဟာ ဖြံ႕ၿဖိဳးဆဲႏုိင္ငံေတြအတြက္ အလုပ္အကုိင္မ်ား ရရွိျခင္း၊ နည္းပညာမ်ား ရရိွျခင္း၊ အတတ္ပညာမ်ား တုိးျခင္းတုိ႔အျပင္ ႏုိင္ငံျခားေငြကုိပါ ရရွိေစတဲ့က႑ျဖစ္သလုိ ျပည္တြင္းေျခစီးေဈးကြက္မွာ ျပည္တြင္းျဖစ္ Made in Myanmar ေတြ ႀကီးစုိးထားႏုိင္ဖုိ႔လည္း အေရးႀကီးပါတယ္။ ေျခစီးအမ်ဳိးမ်ဳိး ထုတ္လုပ္တင္ပုိ႔ရတဲ့ တန္ဖိုးပမာဏထက္ ျပည္ပမွ တင္သြင္းတ့ဲ တန္ဖုိးပမာဏက ပုိႀကီးမားေနဖုိ႔ လြယ္ကူေနပါတယ္။ ဘာလုိ႔လဲဆုိေတာ့ ျပည္တြင္းမွာ ထုတ္လုပ္တဲ့ ေျခစီးေတြအတြက္ ျပည္ပမွ မွာၾကားသူေတြက လုိအပ္တဲ့ပစၥည္းေတြ ေပးၿပီး ခ်ဳပ္ခုိင္းၾကေလ့ရွိတာမုိ႔ ခ်ဳပ္ခပဲ ရပါတယ္။ ဖိနပ္တစ္ရံစာတန္ဖုိးရဲ႕ ရာခုိင္ႏႈန္းအနည္းငယ္ကုိသာ ရရွိတာ ျဖစ္ပါတယ္။ ျပည္ပမွ ေျခစီးေတြ တင္သြင္းတဲ့အခါ တစ္ရံစာတန္ဖုိးအျပင္ အျမတ္ကုိပါ ေပါင္းထည့္ထားတဲ့ ပမာဏျဖင့္ တန္ဖုိးတြက္ခ်က္ရတာမုိ႔ ႏႈိင္းယွဥ္ၾကည့္ရင္ ေျခစီးတစ္ရံ ၀င္လာတာဟာ ေျခစီးတစ္ဆယ္ရံ ထြက္သြားတာထက္ တန္ဖုိး အမ်ားႀကီး ပုိပါတယ္။

အာဆီယံႏုိင္ငံတစ္ခုျဖစ္တဲ့ အင္ဒုိနီးရွားဟာ ႐ွဴးေတြ ျပည္ပတင္ပုိ႔တာမွာ ကန္ေဒၚလာ ၄.၅ ဘီလ်ံဖုိး ၀န္းက်င္မွာ ရွိပါတယ္။ Indonesian Footwear Association (Aprisindo) ဥကၠ႒ အက္ဒီ ၀စ္ဂ်ာနာကုိက အင္ဒုိနီးရွားမွာ ေျခစီးထုတ္လုပ္တဲ့ စက္႐ုံေတြဟာ စြမ္းအားျပည့္ လုပ္ကုိင္ၾကဖုိ႔အတြက္ အမွာစာ အလုံအေလာက္ မရရွိတာမုိ႔
၅၀ မွ ၆၀ ရာခုိင္ႏႈန္းျဖင့္သာ လုပ္ကုိင္ေနၾကတယ္လုိ႔ ဆုိပါတယ္။ ဒါေၾကာင့္ ျပည္ပမွ အမွာစာေတြ ပုိမုိရရွိဖုိ႔ ႀကိဳးပမ္းသြားမယ္လုိ႔ ဆုိပါတယ္။ အင္ဒုိနီးရွားရဲ႕ အစဥ္အလာရွိတဲ့ ျပည္ပေဈးကြက္ေတြကေတာ့ ဥေရာပနဲ႔ အေမရိကန္တုိ႔ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္းမွာ အင္ဒုိနီးရွားႏုိင္ငံရဲ႕ ေျခစီး ျပည္ပပုိ႔ကုန္က႑မွာ အႏုတ္လကၡဏာေဆာင္တဲ့ အေၾကာင္းတရားေတြ ႀကံဳေတြ႕ခဲ့ရပါတယ္။ ပထမတစ္ခ်က္ကေတာ့ ျမန္မာႏုိင္ငံ အပါအ၀င္ ႏုိင္ငံတုိင္း ရင္ဆုိင္ေနၾကရတဲ့ ကမ႓ာ့စီးပြားေရး ေႏွးေကြးေနတာ ႏွစ္ရွည္ၾကာေနျခင္း ျဖစ္ပါတယ္။ ဒီေတာ့ အ၀ယ္ေတြ ထုိင္းကုန္တယ္။ ထိပ္တန္းေဈးကြက္ေတြျဖစ္တဲ့ ဥေရာပနဲ႔ အေမရိကန္တုိ႔မွာ ႐ွဴးဖိနပ္ ၀ယ္လုိအား က်ဆင္းသြားတယ္။
ဒုတိယအခ်က္က အင္ဒုိနီးရွားႏုိင္ငံအဖုိ႔ ျပင္းထန္တဲ့ ၿပိဳင္ဘက္မ်ားအျဖစ္ ဗီယက္နမ္ႏုိင္ငံနဲ႔ ျမန္မာႏုိင္ငံတုိ႔ကုိ ရင္ဆုိင္လာရတာ ျဖစ္ပါတယ္။ ယွဥ္ၿပိဳင္ၾကတာမွာ အားသာခ်က္ ျဖစ္တဲ့ လုပ္သားခမွာ အနည္းဆုံးလုပ္ခကုိ အင္ဒုိနီးရွားႏုိင္ငံမွာ ၿပီးခဲ့တဲ့ ငါးႏွစ္တာအတြင္း သိသိသာသာ တုိးခဲ့တာေၾကာင့္ အားသာခ်က္ ဆုံး႐ႈံးသြားခဲ့ပါတယ္။
ေျခစီးလုပ္ငန္းက႑ သန္မာဖုိ႔အတြက္ အေရးပါတဲ့ ႏုိင္ငံေရးနဲ႔ စီးပြားေရးတည္ၿငိမ္မႈကုိေတာ့ အင္ဒုိနီးရွားႏုိင္ငံ ရရွိထားပါတယ္။
၂၁၀၆ ခုႏွစ္မွာ အင္ဒုိနီးရွားႏုိင္ငံရဲ႕ အငယ္စားစီးပြားေရးအလႊာမ်ား ေတာင့္ေတာင့္တင္းတင္း ရွိခဲ့ပါတယ္။ ဂ်ီဒီပီႀကီးထြားေအာင္ အရွိန္တင္ေပးႏုိင္ခဲ့ၾကတယ္။ ေငြေဖာင္းပြမႈလည္း နည္းပါးပါတယ္။ ႏုိင္ငံသုံးေငြ ႐ူပီလည္း တည္ၿငိမ္ခဲ့ပါတယ္။ အေမရိကမွာ ေဒါနယ္ထရန္႔ သမၼတျဖစ္လာတာေၾကာင့္ အင္ဒုိနီးရွား ႐ူပီအေပၚ ဖိအားက်ေရာက္ေပမဲ့ ထိခုိက္မႈ နည္းပါးခဲ့ပါတယ္။ လူမ်ဳိးေရး၊ ဘာသာေရး တင္းမာမႈေတြ ရွိေနေပမဲ့ ႏုိင္ငံေရး တည္ၿငိမ္မႈကုိ ထိန္းထားႏုိင္ခဲ့ပါတယ္။ ဒီအခ်က္ေတြဟာ ျပည္ပမွ ရင္းႏွီးျမႇဳပ္ႏွံမယ့္သူေတြ အဓိကထား စဥ္းစားတဲ့အခ်က္ေတြ ျဖစ္ပါတယ္။
အင္ဒုိနီးရွားႏုိင္ငံဟာ ႐ွဴးျပည္ပတင္ပုိ႔ခဲ့တာ ၂၀၁၅ ခုႏွစ္မွာ ကန္ေဒၚလာ ၄.၅ ဘီလ်ံ ရွိခဲ့ၿပီး ၂၀၁၆ ခုႏွစ္မွာေတာ့ ကန္ေဒၚလာ ၄.၇၅ ဘီလ်ံဖုိ႔း တင္ပုိ႔ႏုိင္ခဲ့လုိ႔ ပုိမ်ားတယ္။ ဒါေပမဲ့ ရည္မွန္းထားတဲ့ ကန္ေဒၚလာ ၅ ဘီလ်ံကုိ ျပည့္မီျခင္း မရွိခဲ့ပါဘူး။
လာမယ့္ သုံးေလးႏွစ္မွာ ကန္ေဒၚလာ ၈ ဘီလ်ံအထိ ေရာက္ရွိဖုိ႔ ရည္မွန္းထားေပမဲ့ အဓိကက်တဲ့ အခ်က္ သုံးခ်က္ အဆင္ေျပမွ လ်ာထားခ်က္ကုိ ျပည့္မီႏုိင္မွာ ျဖစ္တယ္လုိ႔ Aprisindo ဥကၠ႒ အက္ဒီ ၀စ္ဂ်ာနာကုိက ေျပာၾကားခဲ့ပါတယ္။
အဲဒီ အဓိကအခ်က္ သုံးခ်က္ကေတာ့
●ကမ႓ာ့စီးပြားေရး ျပန္လည္ေကာင္းမြန္လာျခင္း
●အင္ဒုိနီးရွား ေျခစီးလုပ္ငန္းက႑အေပၚ အစုိးရမွ မူ၀ါဒအရ စြက္ဖက္ျခင္း၊ လုပ္ကုိင္ဖုိ႔ ခက္ခဲသြားေစမယ့္ စည္းမ်ဥ္းစည္းကမ္း ဥပေဒမ်ား ျပ႒ာန္းမႈ မျပဳျခင္း
●လုပ္သား အမ်ားအျပား ပါ၀င္တဲ့ ဆႏၵျပပြဲေတြ ဆက္တုိက္လုိုလို မျဖစ္ပြားျခင္း
တုိ႔ ျဖစ္ပါတယ္။

အင္ဒုိနီးရွားႏုိင္ငံရဲ႕ ေျခစီးျပည္ပတင္ပုိ႔မႈ စုစုေပါင္းရဲ႕ ၃၁% ဟာ အေမရိက၊ ၂၇%ဟာ ဥေရာပသုိ႔ တင္ပုိ႔တာျဖစ္ၿပီး က်န္တာေတြကေတာ့ အာရွ၊ အေရွ႕အလယ္ပုိင္းေဒသနဲ႔ အာဖရိကတုိ႔ကုိ တင္ပုိ႔လ်က္ ရွိပါတယ္။

ေျခစီးျပည္ပတင္ပုိ႔မႈ တန္ဖုိးအရ အမ်ားဆုံး ထိပ္တန္းႏုိင္ငံေတြမွာ အင္ဒုိနီးရွားက ဆဌမ ေနရာမွာ ေရာက္ရွိေနပါတယ္။ ကမ႓ာ့အႀကီးမားဆုံး ေျခစီးလုပ္ငန္းတစ္ခုျဖစ္တဲ့ Nike Inc အပါအ၀င္ တ႐ုတ္ႏုိင္ငံနဲ႔ ေတာင္ကုိရီးယားႏုိင္ငံတုိ႔မွ ကုမၸဏီမ်ားဟာ အင္ဒုိနီးရွားမွာ လာေရာက္ထုတ္လုပ္လ်က္ ရွိတာေၾကာင့္ ျပည္ပတင္ပုိ႔ႏုိင္တဲ့ ပမာဏ ျမင့္မားေနတာ ျဖစ္ပါတယ္။

ေျခစီးထုတ္လုပ္ဖု႔ိအတြက္ လုိအပ္တဲ့ပစၥည္းေတြျဖစ္တဲ့ သားေရနဲ႔ ရာဘာတုိ႔ကုိ ျပည္ပမွ တင္သြင္းရပါတယ္။ တကယ္ေတာ့ အင္ဒုိနီးရွားႏုိင္ငံဟာ ရာဘာထုတ္လုပ္တင္ပုိ႔မႈမွာ အဓိကက်တဲ့ ႏုိင္ငံတစ္ႏုိင္ငံ ျဖစ္ေပမဲ့ ရာဘာကုန္ၾကမ္းကုိ ကုန္ေခ်ာျဖစ္ေအာင္ ျပည္တြင္းမွာ လုပ္ကုိင္ေပးႏုိင္ေသးျခင္း မရွိတာေၾကာင့္ ျပည္ပမွ တင္သြင္းၿပီး သုံးစြဲေနဆဲ ျဖစ္ပါတယ္။

UNICODE

အင်ဒိုနီးရှား ရှူးအိပ်စ်ပို့
=========================
(Zawgyi+Unicode)
CMP လို့ ပြောလိုက်ရင် ဖိနပ်ကို မေ့နေကြတယ်။
CMP လို့ အတိုကောက်ပြောကြတဲ့ Cut-Make-Pack ခေါင်းစဉ်အောက်မှာ အထည်ချုပ်အပြင် ဖိနပ်ချုပ်တာလည်း အကျုံးဝင်ပါတယ်။
ပြည်ပအမှာစာတွေအရ ရှူးဖိနပ်၊ ခြေညှပ်ဖိနပ် စတာတွေ ထုတ်လုပ်တဲ့ ခြေစီး (footwear) ကဏ္ဍဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အလုပ်အကိုင်များ ရရှိခြင်း၊ နည်းပညာများ ရရှိခြင်း၊ အတတ်ပညာများ တိုးခြင်းတို့အပြင် နိုင်ငံခြားငွေကိုပါ ရရှိစေတဲ့ကဏ္ဍဖြစ်သလို ပြည်တွင်းခြေစီးဈေးကွက်မှာ ပြည်တွင်းဖြစ် Made in Myanmar တွေ ကြီးစိုးထားနိုင်ဖို့လည်း အရေးကြီးပါတယ်။ ခြေစီးအမျိုးမျိုး ထုတ်လုပ်တင်ပို့ရတဲ့ တန်ဖိုးပမာဏထက် ပြည်ပမှ တင်သွင်းတဲ့ တန်ဖိုးပမာဏက ပိုကြီးမားနေဖို့ လွယ်ကူနေပါတယ်။ ဘာလို့လဲဆိုတော့ ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ခြေစီးတွေအတွက် ပြည်ပမှ မှာကြားသူတွေက လိုအပ်တဲ့ပစ္စည်းတွေ ပေးပြီး ချုပ်ခိုင်းကြလေ့ရှိတာမို့ ချုပ်ခပဲ ရပါတယ်။ ဖိနပ်တစ်ရံစာတန်ဖိုးရဲ့ ရာခိုင်နှုန်းအနည်းငယ်ကိုသာ ရရှိတာ ဖြစ်ပါတယ်။ ပြည်ပမှ ခြေစီးတွေ တင်သွင်းတဲ့အခါ တစ်ရံစာတန်ဖိုးအပြင် အမြတ်ကိုပါ ပေါင်းထည့်ထားတဲ့ ပမာဏဖြင့် တန်ဖိုးတွက်ချက်ရတာမို့ နှိုင်းယှဉ်ကြည့်ရင် ခြေစီးတစ်ရံ ဝင်လာတာဟာ ခြေစီးတစ်ဆယ်ရံ ထွက်သွားတာထက် တန်ဖိုး အများကြီး ပိုပါတယ်။

အာဆီယံနိုင်ငံတစ်ခုဖြစ်တဲ့ အင်ဒိုနီးရှားဟာ ရှူးတွေ ပြည်ပတင်ပို့တာမှာ ကန်ဒေါ်လာ ၄.၅ ဘီလျံဖိုး ဝန်းကျင်မှာ ရှိပါတယ်။ Indonesian Footwear Association (Aprisindo) ဥက္ကဋ္ဌ အက်ဒီ ဝစ်ဂျာနာကိုက အင်ဒိုနီးရှားမှာ ခြေစီးထုတ်လုပ်တဲ့ စက်ရုံတွေဟာ စွမ်းအားပြည့် လုပ်ကိုင်ကြဖို့အတွက် အမှာစာ အလုံအလောက် မရရှိတာမို့
၅၀ မှ ၆၀ ရာခိုင်နှုန်းဖြင့်သာ လုပ်ကိုင်နကြေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပြည်ပမှ အမှာစာတွေ ပိုမိုရရှိဖို့ ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားရဲ့ အစဉ်အလာရှိတဲ့ ပြည်ပဈေးကွက်တွေကတော့ ဥရောပနဲ့ အမေရိကန်တို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ ခြေစီး ပြည်ပပို့ကုန်ကဏ္ဍမှာ အနုတ်လက္ခဏာဆောင်တဲ့ အကြောင်းတရားတွေ ကြုံတွေ့ခဲ့ရပါတယ်။ ပထမတစ်ချက်ကတော့ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတိုင်း ရင်ဆိုင်နကြေရတဲ့ ကမ္ဘာ့စီးပွားရေး နှေးကွေးနေတာ နှစ်ရှည်ကြာနခြေင်း ဖြစ်ပါတယ်။ ဒီတော့ အဝယ်တွေ ထိုင်းကုန်တယ်။ ထိပ်တန်းဈေးကွက်တွဖြေစ်တဲ့ ဥရောပနဲ့ အမေရိကန်တို့မှာ ရှူးဖိနပ် ဝယ်လိုအား ကျဆင်းသွားတယ်။
ဒုတိယအချက်က အင်ဒိုနီးရှားနိုင်ငံအဖို့ ပြင်းထန်တဲ့ ပြိုင်ဘက်များအဖြစ် ဗီယက်နမ်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ကို ရင်ဆိုင်လာရတာ ဖြစ်ပါတယ်။ ယှဉ်ပြိုင်ကြတာမှာ အားသာချက် ဖြစ်တဲ့ လုပ်သားခမှာ အနည်းဆုံးလုပ်ခကို အင်ဒိုနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ငါးနှစ်တာအတွင်း သိသိသာသာ တိုးခဲ့တာကြောင့် အားသာချက် ဆုံးရှုံးသွားခဲ့ပါတယ်။
ခြေစီးလုပ်ငန်းကဏ္ဍ သန်မာဖို့အတွက် အရေးပါတဲ့ နိုင်ငံရေးနဲ့ စီးပွားရေးတည်ငြိမ်မှုကိုတော့ အင်ဒိုနီးရှားနိုင်ငံ ရရှိထားပါတယ်။
၂၁၀၆ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံရဲ့ အငယ်စားစီးပွားရေးအလွှာများ တောင့်တောင့်တင်းတင်း ရှိခဲ့ပါတယ်။ ဂျီဒီပီကြီးထွားအောင် အရှိန်တင်ပေးနိုင်ခဲ့ကြတယ်။ ငွေဖောင်းပွမှုလည်း နည်းပါးပါတယ်။ နိုင်ငံသုံးငွေ ရူပီလည်း တည်ငြိမ်ခဲ့ပါတယ်။ အမေရိကမှာ ဒေါနယ်ထရန့် သမ္မတဖြစ်လာတာကြောင့် အင်ဒိုနီးရှား ရူပီအပေါ် ဖိအားကျရောက်ပေမဲ့ ထိခိုက်မှု နည်းပါးခဲ့ပါတယ်။ လူမျိုးရေး၊ ဘာသာရေး တင်းမာမှုတွေ ရှိနေပေမဲ့ နိုင်ငံရေး တည်ငြိမ်မှုကို ထိန်းထားနိုင်ခဲ့ပါတယ်။ ဒီအချက်တွေဟာ ပြည်ပမှ ရင်းနှီးမြှုပ်နှံမယ့်သူတွေ အဓိကထား စဉ်းစားတဲ့အချက်တွေ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ရှူးပြည်ပတင်ပို့ခဲ့တာ ၂၀၁၅ ခုနှစ်မှာ ကန်ဒေါ်လာ ၄.၅ ဘီလျံ ရှိခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ ကန်ဒေါ်လာ ၄.၇၅ ဘီလျံဖို့း တင်ပို့နိုင်ခဲ့လို့ ပိုများတယ်။ ဒါပေမဲ့ ရည်မှန်းထားတဲ့ ကန်ဒေါ်လာ ၅ ဘီလျံကို ပြည့်မီခြင်း မရှိခဲ့ပါဘူး။
လာမယ့် သုံးလေးနှစ်မှာ ကန်ဒေါ်လာ ၈ ဘီလျံအထိ ရောက်ရှိဖို့ ရည်မှန်းထားပေမဲ့ အဓိကကျတဲ့ အချက် သုံးချက် အဆင်ပြေမှ လျာထားချက်ကို ပြည့်မီနိုင်မှာ ဖြစ်တယ်လို့ Aprisindo ဥက္ကဋ္ဌ အက်ဒီ ဝစ်ဂျာနာကိုက ပြောကြားခဲ့ပါတယ်။
အဲဒီ အဓိကအချက် သုံးချက်ကတော့
●ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်းမွန်လာခြင်း
●အင်ဒိုနီးရှား ခြေစီးလုပ်ငန်းကဏ္ဍအပေါ် အစိုးရမှ မူဝါဒအရ စွက်ဖက်ခြင်း၊ လုပ်ကိုင်ဖို့ ခက်ခဲသွားစေမယ့် စည်းမျဉ်းစည်းကမ်း ဥပဒေများ ပြဋ္ဌာန်းမှု မပြုခြင်း
●လုပ်သား အများအပြား ပါဝင်တဲ့ ဆန္ဒပြပွဲတွေ ဆက်တိုက်လိုလို မဖြစ်ပွားခြင်း
တို့ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ ခြေစီးပြည်ပတင်ပို့မှု စုစုပေါင်းရဲ့ ၃၁% ဟာ အမေရိက၊ ၂၇%ဟာ ဥရောပသို့ တင်ပို့တာဖြစ်ပြီး ကျန်တာတွေကတော့ အာရှ၊ အရှေ့အလယ်ပိုင်းဒေသနဲ့ အာဖရိကတို့ကို တင်ပို့လျက် ရှိပါတယ်။

ခြေစီးပြည်ပတင်ပို့မှု တန်ဖိုးအရ အများဆုံး ထိပ်တန်းနိုင်ငံတွေမှာ အင်ဒိုနီးရှားက ဆဌမ နေရာမှာ ရောက်ရှိနေပါတယ်။ ကမ္ဘာ့အကြီးမားဆုံး ခြေစီးလုပ်ငန်းတစ်ခုဖြစ်တဲ့ Nike Inc အပါအဝင် တရုတ်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံတို့မှ ကုမ္ပဏီများဟာ အင်ဒိုနီးရှားမှာ လာရောက်ထုတ်လုပ်လျက် ရှိတာကြောင့် ပြည်ပတင်ပို့နိုင်တဲ့ ပမာဏ မြင့်မားနေတာ ဖြစ်ပါတယ်။

ခြေစီးထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွဖြေစ်တဲ့ သားရေနဲ့ ရာဘာတို့ကို ပြည်ပမှ တင်သွင်းရပါတယ်။ တကယ်တော့ အင်ဒိုနီးရှားနိုင်ငံဟာ ရာဘာထုတ်လုပ်တင်ပို့မှုမှာ အဓိကကျတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပေမဲ့ ရာဘာကုန်ကြမ်းကို ကုန်ချောဖြစ်အောင် ပြည်တွင်းမှာ လုပ်ကိုင်ပေးနိုင်သေးခြင်း မရှိတာကြောင့် ပြည်ပမှ တင်သွင်းပြီး သုံးစွဲနေဆဲ ဖြစ်ပါတယ်။

Read 935 times
Rate this item
(0 votes)