What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ချုပ်ထည်ပြည်ပတင်ပို့မှု ကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံ ယခုနှစ် ရရှိမည်ဟု အထည်ချုပ်ဥက္ကဋ္ဌခန့်မှန်း

အထည်ချုပ် လုပ်ငန်းများ၏ ပြည်ပသို့ချုပ်ထည်တင်ပို့မှုမှ ၂၀၁၈ တွင်ကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံရရှိမည်ဟု ခန့်မှန်းကြောင်း

မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက ပြော ကြားသည်။

၂၀၁၇ တွင် ပြည်ပသို့ ချုပ် ထည်တင်ပို့မှုမှ ကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံ ရရှိပြီး ယခုနှစ်၌ တစ်လလျှင် စက်ရုံသစ်သုံးရုံခန့် အသစ်တိုးလာကာ ပြည်ပမှ အပ် ထည် အမှာရရှိမှုတိုးတက်နေသည် ဟု ၎င်းကဆိုသည်။

ထို့ကြောင့် ၂၀၁၈ တွင်ပြည်ပ ချုပ်ထည်တင်ပို့မှုဝင်ငွေ ၂၀ ရာခိုင် နှုန်း တိုးမြင့်ရရှိရန် ခန့်မှန်းထားကြောင်း ဦးမြင့်စိုးက ရှင်းပြသည်။

ဒေသတွင်း နိုင်ငံတစ်နိုင်ငံ ဖြစ်သော ကမ္ဘောဒီးယားရှိ အ ထည်ချုပ်လုပ်ငန်းများတွင် အ လုပ်ရှင်၊ အလုပ်သမား ပြဿနာ ကြီးထွားနေခြင်းကလည်း မြန်မာ အထည်ချုပ်ကဏ္ဍအတွက် အပ် ထည်အမှာတိုးမြင့်မှုနှင့် စက်ရုံသစ် များ တိုးမြှင့်ရင်းနှီးမြှုပ်နှံသည့် အ ခွင့်အရေး ရရှိစေသည်ဟု ဦးမြင့် စိုးက ပြောသည်။

‘‘ကမ္ဘောဒီးယားရဲ့ ပြဿနာ က မြန်မာနိုင်ငံအတွက် လက်ရှိ အချိန်မှာတော့ အကျိုးရှိပါတယ်။ ဒါပေမဲ့ သူတို့ပြဿနာကို သတိ ထားပြီး ရှောင်ဖို့လိုတယ်’’ ဟု ဦး မြင့်စိုးက ပြောသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် အ လုပ်သမား ဆန္ဒပြမှုများကို နိုင်ငံ ရေးအရ အသုံးချနေခြင်းကြောင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ နှင့် အပ်ထည်မှာပေးသူများက မြန်မာအပါအဝင် အခြားနိုင်ငံများသို့ ပြောင်းရွှေ့လုပ်ဆောင်လာသည် ဟု လှိုင်သာယာစက်မှုဇုန်မှ အထည်ချုပ် စက်ရုံပိုင်ရှင်တစ်ဦးက ပြောသည်။

အထည်ချုပ် လုပ်ငန်းများ တွင် အလုပ်ရှင်၊အလုပ်သမားပြဿနာများလျော့နည်းပြီး ထုတ် လုပ်မှု ပမာဏတိုးမြင့်လာမည်ဆို ပါက ဗီယက်နမ်မှ အထည်ချုပ် စက်ရုံများလည်း မြန်မာနိုင်ငံသို့ ရောက်ရှိလာနိုင်သည်ဟု ၎င်းက ဆိုသည်။ လက်ရှိတွင်ဗီယက်နမ် နိုင်ငံသည် အီလက်ထရွန်နစ်လုပ် ငန်းများ အပါအဝင်စက်မှုအခြေ ပြုစီးပွားရေးကို တက်လှမ်းနေပြီး အလုပ်သမားတစ်ဦး၏ ဝင်ငွေ တိုးမြင့်လာနိုင်သောကြောင့် လုပ် သားအခြေပြု အထည်ချုပ် လုပ် ငန်းများ ရပ်တည်ရန် ခက်ခဲနေ သည်ဟု ၎င်းကပြောသည်။

ဗီယက်နမ်နိုင်ငံမှ အထည် ချုပ်အလုပ်သမားတစ်ဦး၏ တစ် လပျမ်းမျှ အခြေခံလစာသည် ကန်ဒေါ်လာ ၂၅၀ ဝန်းကျင်ရှိပြီး မြန်မာ နိုင်ငံမှ အလုပ်သမားတစ်ဦး၏ လ စာထက် ကန်ဒေါ်လာ ၁၄၀ ခန့်ပို များသည်။ သို့သော် ထုတ်လုပ်မှု ကဏ္ဍတွင် မြန်မာနိုင်ငံထက် နှစ် ဆပိုမိုလုပ်ကိုင်နိုင်သည်ဟု အထည်ချုပ် လုပ်ငန်းရှင် အချို့က ပြောသည်။

လက်ရှိတွင် အထည်ချုပ် လုပ်ငန်းများ၌ လုပ်ကိုင်နေသည့် အလုပ်သမား ငါးသိန်းခန့်ရှိနေ သည်ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

မြန်မာနိုင်ငံ၏ ပြည်ပချုပ် ထည်တင်ပို့မှု ကဏ္ဍသည် အမေ ရိကန်နှင့်ဥရောပသမဂ္ဂ နိုင်ငံများ က စီးပွားရေး ပိတ်ဆို့မှုများ ဖယ် ရှားပြီး ဥရောပသမဂ္ဂနိုင်ငံများမှ ကုန်သွယ်မှု အထူးအခွင့်အရေး ရရှိခဲ့ကြောင်း၊ ယခုအစိုးရလက် ထက်တွင် နှစ်စဉ်တိုးတက်ကာ၂၀၂၀ တွင် အလုပ်သမားတစ်သန်းမှ တစ်သန်းခွဲအထိ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မည် ဟု ၎င်းကပြောသည်။ အထည်ချုပ် လုပ်ငန်းများတွင်ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ ၁၀ ဘီလီယံအထိ တိုးတက်လာနိုင်သည်ဟု ပြည်ထောင်စုဝန် ကြီးက ခန့်မှန်းထားသည်။

 

Source 7Day Daily

Read 1119 times
Rate this item
(0 votes)