What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Fully Online လျှောက်ထားရန် အတွက် လိုအပ်ချက်များ

ပို့ကုန် / သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် သက်တမ်း ရှိရပါမည်။ Myanmar Tradenet Member ၀င် ပြီး ဖြစ်ရပါမည်။ E-Token လျှောက်ထား ရပါမည်။ လိုင်စင်ကြေး ပေးသွင်းနိုင်ရန် အတွက် MCB Bank ၏ Account နှင့် Pin Code ရှိရပါမည်။

MPU စနစ်ဖြင့် လျှောက်ထား လိုပါကလည်း MPU အမှတ်အသား တံဆိပ်ပါ မည်သည့် ဘဏ်၏ ATM Card ကို မဆို အသုံးပြု လျှောက်ထား နိုင်ပါသည်။

Myanmar TradeNet member ဝင်ရန် လိုအပ်ချက်များ

(က) ထသက မှတ်ပုံတင် မိတ္တူ လိုပါမည်။

( ခ) နှစ်စဉ်ကြေး တစ်သောင်းသုံးထောင်ကျပ် ပေးရပါမည်။

(ဂ) သက်တမ်း မကုန်မီ တစ်ပတ် အတွင်း သက်တမ်းတိုးကြေး တစ်သောင်းတစ်ထောင်ကျပ် ပေးဆောင် ရပါမည်။

(ဃ) သက်တမ်း ကျော်ပြီးမှ သက်တမ်း တိုးလျှင် တစ်သောင်းသုံးထောင်ကျပ် ပေးရပါမည်။

e-Token လျှောက်ထားရန်

(က) Tradenet member ပြေစာမိတ္တူ

(ခ ) ထသက မှတ်ပုံတင်မိတ္တူ

(ဂ ) ကုမ္ပဏီ Letter Head ဖြင့် လျှောက်လွှာ (TradeNet တွင် ပုံစံ တင်ထားသည်)

(ဃ) လျှောက်ထားသူ၏ မှတ်ပုံတင် မိတ္တူ

(င) နှစ်စဉ်ကြေး ငါးထောင်ကျပ်နှင့် e-Tokenဖိုး တစ်သောင်းကျပ် စုစုပေါင်းတစ်သောင်း ငါးထောင်ကျပ် ပေးရပါမည်။

(စ ) သက်တမ်းတိုးကြေး ငါးထောင်ကျပ် ဖြစ်ပါသည်။

လျှောက်ထားနိုင်မည့် Item များ

Internet ရရှိသည့် မည်သည့် နေရာမှ မဆို လိုင်စင် လျှောက်ထား နိုင်ခြင်း ဖြစ်ပါသည်။ Fully Online စနစ်ဖြင့် လျှောက်ထားနိုင်သည့် ကုန်ပစ္စည်း အမယ်များအား ကုန်သွယ်ရေး ဦးစီး ဌာန မှ သတ်မှတ် ထုတ်ပြန် ပေးထားပါသည်။ (ထပ်မံ တိုးချဲ့လျှောက်ထားနိုင်မည့် အမယ်များအား အချိန်နှင့် တစ်ပြေးညီ ကြေငြာ ပေးမည် ဖြစ်ပါသည်။)

ဝန်ဆောင်မှု ပေးသော ၀န်ကြီး ဌာန လိပ်စာ အပြည့်အစုံ

(၁) စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာန ၊ (ရုံးချုပ်) ၊ ရုံးအမှတ်(၃) နေပြည်တော်။

ဖုန်း ၀၆၇- ၄၀၈၃၂၅ (ပို့ကုန်) ၊ ၀၆၇-၄၀၈၀၁၄ (သွင်းကုန်) ။

(၂) အမှတ် (၂၂၈/၂၄၀) ၊ ကမ်းနားလမ်း ၊ ရန်ကုန် ။

ဖုန်း ၀၁-၂၄၅၀၈၄(ပို့ကုန်) ၊ ၀၁-၂၅၄၅၃၆ (သွင်းကုန်)

(၃) ၃၅လမ်း၊ ၆၃-၆၄ကြား၊မန္တလေးမြို့။

ဖုန်း ၀၂-၃၉၂၇၅ (ပို့ကုန်၊သွင်းကုန်) ။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာန၏ Website များ

www.commerce.gov.mm

www.myanmartradenet.com.mm

www.commercejournal.com.mm

 

အထက်ပါ အွန်လိုင်း အပြည့်အ၀ အသုံးပြု ပို့ကုန် သွင်းကုန် လိုင်စင် စနစ်နှင့် ဆက်စပ်ပြီး လုပ်ငန်း အခက်အခဲ ရှိပါက အောက်ပါ ဖုန်းနံပါတ်များသို့ဆက်သွယ် ဆောင်ရွက်နိုင်ပါသည်။

၁။ အထက်ပါ စနစ် တစ်ခုလုံးနှင့် ပတ်သက်ပြီး သိရှိလိုပါက

နည်းပညာ ဌာနခွဲ၊ ကုန်သွယ်ဦးစီး

နေပြည်တော် ၀၆၇-၄၀၈၄၈၅ ၊ ရန်ကုန် ၀၁-၂၄၁၀၂၅ ။

၂။ ပို့ကုန် သွင်းကုန် လိုင်စင်နှင့် ပတ်သက်ပြီး သိရှိလိုပါက

ပို့ကုန် သွင်းကုန် ဌာနခွဲ

နေပြည်တော် ၀၆၇-၄၀၈၁၇၀ ၊ ရန်ကုန် ၀၁ -၃၇၂၇၁၈ ။

၃။ e-Payment စနစ်နှင့် ပတ်သက်ပြီး သိရှိလိုပါက

ငွေစာရင်း ဌာနခွဲ ကုန်သွယ် ဦးစီး

နေပြည်တော် ၀၆၇- ၄၀၈၄၉၇ ၊ ၀၆၇- ၄၀၈၄၉၁ ၊ ရန်ကုန် ၀၁ - ၂၅၂၀၁၈။

မြန်မာနိုင်ငံသားများဘဏ် နေပြည်တော် ၀၆၇- ၄၂၁၉၈၅ ၊ ၀၆၇- ၄၂၁၉၈၆ ၊ ရန်ကုန် ၀၁ - ၃၇၇၄၆၁ ။

၎။ e-Token နှင့်ပတ်သက်ပြီး သိရှိလိုပါက

ရန်ကုန် ၀၁-၃၈၄၈၉၁ ၊ ၀၁-၂၄၁၀၂၅ ။

Read 4220 times
Rate this item
(0 votes)